Home အသုံးပြုသူ လိုက်နာရန် စည်းကမ်းချက်နှင့် အခြေအနေ

အသုံးပြုသူ လိုက်နာရန် စည်းကမ်းချက်နှင့် အခြေအနေ

မူပိုင်ခွင့်

မူပိုင်ခွင့်သည် ရန်ကုန် ခေတ်သစ်မီဒီယာမှ ဖန်တီးရေးသား ၊ ထုတ်ဝေ၊ ဖြန့်ဖြူးသော ကုန်ပစ္စည်းများ၊ ထုတ်ဝေမှုများကို ရန်ကုန်ခေတ်သစ်မီဒီယာမှ တရားဝင်ခွင့်ပြုချက်ဖြင့် တဆင့်ပြန်လည် ဖော်ပြခွင့်ပေးထားသော အရာကိုဆိုလိုသည်။

အဆိုပါမူပိုင်ခွင့်တွင် ရန်ကုန်ခေတ်သစ်မီဒီယာ၏ ပိုင်ဆိုင်မှုကို အခြားသော စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ရန်အတွက် စီစဉ်ထားသော လုပ်ငန်းများ၊ ကြေငြာလုပ်ငန်းများမှ ကူးယူပြီး တရားမဝင် သုံးစွဲခြင်း မရှိစေရန်အတွက် တရားဝင် ကာကွယ်ပေးခြင်းကိုဆိုလိုသည်။

အကယ်၍ ရန်ကုန် ခေတ်သစ်မီဒီယာ၏ ဖန်တီးမှုများကို  ကူးယူဖော်ပြလိုပါက သက်ဆိုင်ရာ လုပ်ငန်း၏ Business Letter ဖြင့် ရေးသားပြီး [email protected] ကိုပို့ပေးရမည်ဖြစ်သည်။ ယင်းနောက် ရန်ကုန်ခေတ်သစ်မီဒီယာမှ သက်ဆိုင်ရာ လုပ်ငန်းစုနှင့် ညှိနှိုင်းပြီး အဆိုပါ လုပ်ငန်းစုသည် ရန်ကုန်ခေတ်သစ်မီဒီယာထံမှ ခွင့်ပြုချက် ရမှသာ ရန်ကုန်ခေတ်သစ်မီဒီယာ၏ ဖန်တီးရေးသားမှုများ Program များနှင့်အခြားသော အရာများကို ( ဓါတ်ပုံ၊ သတင်း၊ ရုပ်သံ၊ ဆောင်းပါ အစရှိသော ) အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

အကယ်၍ ရန်ကုန်ခေတ်သစ်မီဒီယာ၏ ခွင့်ပြုချက်မရှိပဲ အသုံးပြုခဲ့သည်ကို သိရှိခဲ့ပါက ( သို့မဟုတ် )  မူပိုင်ခွင့်ကိုချိုးဖောက်ခဲ့သည်ရှိပါက ငွေကြေးဆိုင်ရာနစ်နာကြေးအပြင် အခြားသော ဥပဒေဆိုင်ရာ ရာဇဝတ်အကြောင်းအရင်များနှင့်ပါ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

သိမ်းဆည်းမှုနှင့်ကွတ်ကီးဆိုင်ရာအချက်အလက်များ

ရန်ကုန်ခေတ်သစ်မီဒီယာ၏ ဝဘ်ဆိုဒ်ဖြစ်သော www.khitthitnews.com နှင့် www.ktn.agency ကိုဝင်ရောက်အသုံးပြုသူများထံမှ ဝဘ်ဆိုဒ်၏ လုံခြုံရေးအတွက်သော်လည်းကောင်း၊ ရန်ကုန်ခေတ်သစ်မီဒီယာ၏ Survey အတွက်သော်လည်းကောင်း၊ ရန်ကုန်ခေတ်သစ်မီဒီယာ၏ ကြေငြာ အတွက်သော်လည်းကောင်း

( ၁ ) စက်အမည်

( ၂ ) အသုံးပြုသူ၏ အမည် ( မှတ်ပုံတင်ခဲ့ပါက )

( ၃ ) အသုံးပြုသူ၏ စကားဝှက် ( မှတ်ပုံတင်ခဲ့ပါက )

( ၄ ) အသုံးပြုသူ၏ မွေးနေ့၊ လိပ်စာ၊ မေးလ်လိပ်စာ၊ ဖုန်းနံပါတ် ( မှတ်ပုံတင်ခဲ့ပါက )

( ၅ ) အသုံးပြုသည့်ဝဘ်ဘရောက်ဇာ

( ၆ ) OS Version

( ၇ ) ဝင်ရောက် ကြည့်ရှုနေသည့်နေရာ

( ၈ ) အသုံးပြုသူ၏ နေရာ

( ၉ ) အသုံးပြုသူ၏ အင်တာနက် ပရိုတိုကော နံပါတ်

( ၁၀ ) အသုံးပြုသူဝင်ရောက်ကြည့်ရှုနေသည့် နိုင်ငံ

( ၁၁ိ ) အသုံးပြုသူ ဝင်ရောက်ခဲ့သည့် အချိန်များကို မှတ်သားထားပါသည်။

ရန်ကုန် ခေတ်သစ်မီဒီယာက အထက်ပါအချက်အလက်များကို အတတ်နိုင်ဆုံး ထိမ်းသိမ်းထားမည်ဖြစ်ပြီး ဝဘ်ဆိုဒ်ကို ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ တိုက်ခိုက်ခဲ့ပြီး အချက်အလက်များ သိမ်းယူသွားသည်မှ လွဲပြီး ကျန်မည်သည့်အကြောင်းပြချက်နှင့်မျှ ပြင်ပသို့ ရောင်းချခြင်း မပြုကြောင်း အာမခံပါသည်။

လုံခြုံရေး

ရန်ကုန်ခေတ်သစ်မီဒီယာ ဝဘ်ဆိုဒ်ဖြစ်သော www.khitthitnews.com နှင့် www.ktn.agency ဝဘ်ဆိုဒ်များတွင် လုံခြုံစေရန်အတွက် Login ဝင်ထား၍ သော်လည်းကောင်း၊ မှတ်ပုံတင်ထား၍ သော်လည်းကောင်း အချိန်မရွေး အကြောင်းပြချက်မရှိပဲ ပယ်ဖျက်ခြင်း၊ ထုတ်ပယ်ခြင်း၊ မှတ်ပုံတင်ထားသည်ကို ဖျက်သိမ်းခြင်း၊ အသုံးပြုသူ၏ အင်တာနက် ပရိုတိုကော လိပ်စာကိုလည်ကောင်း နာမည်ကိုလည်းကောင်း အသုံးပြုခွင့်ပိတ်ပင်ခြင်းများကို ပြုလုပ်နိုင်ပါသည်။

မီဒီယာ ကျင့်ဝတ်

ရန်ကုန်ခေတ်သစ်မီဒီယာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသောကျင့်ဝတ် သိက္ခာ ဥပဒေများကို လိုက်နာသွားမည်ဖြစ်သည်။