ရန်ကုန်ခေတ်သစ်၏ရည်ရွယ်ချက်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေ

မြန်မာနိုင်ငံတွင် အစိုးရက သတင်းမီဒီယာလုပ်ငန်းကို ပြည်သူ့ဘဏ္ဍာငွေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ဝါဒဖြန့်နေခြင်း၊ ငွေကြေးနှင့်အာဏာအင်အားကြီးမားစွာ ပိုင်ဆိုင်ထားသော မြန်မာစစ်တပ်ကလည်း မီဒီယာများထူထောင်၍ ဝါဒဖြန့်နေခြင်း၊ ဘဏ္ဍာရေးအင်အားတောင့်တင်းသော စီးပွားရေးသမားများက မီဒီယာများထူထောင်၍ သြဇာချဲ့ ဝါဒဖြန့်လာခြင်းတို့ကြောင့် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာ အလွန် အားနည်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက စာပေစိစစ်ရေးဖျက်သိမ်း၍ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးခဲ့သော်လည်း အစိုးရသတင်းစာများက ကြော်ငြာ ဈေးကွက်လက်ဝါးကြီးအုပ်ထားခြင်း၊ သြဇာချဲ့ထွင်သော ခရိုနီသတင်းစာများကို မယှဉ်နိုင်ခြင်း၊ စစ်တပ်ပိုင် သတင်းစာများလည်း ကြီးထွားနေခြင်းတို့ကြောင် ပုဂ္ဂလိက လွတ်လပ်သော သတင်းစာများ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရပ်တန့်နေသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်း Digital Media မှာလည်း အစပျိုးချိန်သာရှိနေပြီး အများစုမှာ စတင်တည်ထောင်ရန် ကြိုးပမ်းနေရင်းဖြင့် ရပ်တည်ရန် ခက်ခဲ့နေချိန်လည်းဖြစ်ပါသည်။ အလားတူ ပုဂ္ဂလိက ရုပ်သံမီဒီယာများ၊ ရေဒီယိုများမှာလည်း မရှိသလောက်နည်းပါးနေပြီး အများစုသော ရုပ်သံလိုင်းများမှာလည်း ပုဂ္ဂလိက ဟုဆိုသော်လည်း ရှင်သန်ရပ်တည်ရေးအတွက် လုပ်ကိုင်ရင်း လွတ်လပ်သော အယ်ဒီတိုရီရယ် ပေါ်လစီများ ပျောက်ဆုံး လျော့နည်းလာနေပါသည်။ ရေဒီယိုအသံလွှင့်မီဒီယာတွင်လည်း FM အများစုမှာ ပြန်ကြားရေးနှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ဗဏီများ၊ ခရိုနီ စီးပွားရေးသမားကြီးများက ပိုင်ဆိုင်ကြသူများ ဖြစ်ပါသည်။

ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ အပါအဝင် သတင်းမီဒီယာများ ရှင်သန်ရုန်းကန်လာရချိန်တွင် စီးပွားရေး အကျိုးအမြတ်အတွက် အစိုးရ၊ တပ်မတော်၊ ခရိုနီ စီးပွားရေးကုမ္ဗဏီများ၊ အစွန်းရောက်များနှင့် ပဋိပက္ခ မဖြစ်လိုခြင်း၊ ဖမ်းဆီးအရေးယူခံရခြင်းများကို ရှောင်လွဲရန် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ သတင်းများကို ဖော်ပြအားမှုအားနည်းလာပါသည်။ ယင်းသို့ အားနည်းလာခြင်းက မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများထံသို့ သတင်းအချက်အလက် အမှန် ရောက်ရှိရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာပါသည်။

ရန်ကုန်ခေတ်သစ်မီဒီယာသည် အဓိကအားဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုး ကွယ်ခွင့် နှင့် မတူညီသော လူတန်းစားများအကြား အတူ ယှဉ်တွဲနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး ဟူသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ ဘေးဖယ် အထောက်အကူပြုနိုင်သော အွန်လိုင်းသတင်းမီဒီယာအဖြစ် ရည်ရွယ်၍ ရန်ကုန်ခေတ်သစ် သတင်းမီဒီယာကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ၀၀၁၀၇ ဖြင့် တရားဝင် သတင်းအေဂျင်စီလိုင်စင်ရရှိခဲ့ပါသည်။

မူဝါဒ

ရန်ကုန်ခတ်သစ်သတင်းမီဒီယာ၏ အဓိက မူဝါဒသည် မတူကွဲပြားခြားနားသော လူ့အဖွဲ့အစည်း များအကြားတွင် ညီညွတ်မှုရှိရှိဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လူ့အခွင့်အရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းလဲရေးကို သတင်းမီဒီယာ အခန်းကဏ္ဍမှ အဓိက အထောက်အကူပြုရန်ဖြစ်ပါသည်။

ဖွဲ့စည်းပုံ

ရန်ကုန်ခတ်သစ်သတင်းမီဒီယာအနေဖြင့် ရန်ကုန်တွင် အဓိက အခြေစိုက်ပြီး အွန်လိုင်သတင်း မီဒီယာအဖြစ် တရားဝင် ရပ်တည်နေပါသည်။

ပြည်သူလူထုထံသို့ သတင်းမှန်များ တင်ပြနိုင်ရေးအတွက်လည်း အင်အားနည်းပါးသော အခြေအနေတွင်ပင် Website လွှင့်တင်ခြင်း၊ လူမှုကွန်ရက်မှ သတင်းများ အခမဲ့ ဖြန့်ဝေခြင်း ဖြင့် ပြည်သူလူထုထံသို့ သတင်းမှန်များ တင်ပြလျုက်ရှိပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းလျက်ရှိသော မြန်မာနိုင်ငံတွင် လွတ်လပ်သော ပုဂ္ဂလိသတင်း မီဒီယာများစွာ လိုအပ်နေပါသည်။ သတင်းမီဒီယာလောကတစ်ခုအနေဖြင့် ရှင်သန် ရုန်းကန် နေရချိန် ပြည်သူလူထုထံသို့ ထိလွယ်ရှလွယ်သော သတင်းများ တင်ပြရန် နှောင့်နှေး မှုများရှိနေပြီး ခေတ်သတင်းမီဒီယာအနေဖြင့် ယင်းကွက်လပ်ကို ဖြည့်ဆည်းပေးရန် ကြိုးပမ်း လျက်ရှိပါသည်။

တည်ထောင်သူ အကြောင်းအနည်းငယ်

ရန်ကုန်ခေတ်သစ်မီဒီယာဟာ ၂၀၁၈ ဇန်နဝါရီလမှာ ဦးသာလွန်ဇောင်းထက် ( ခေါ် ) ဦးလှိုင်းသစ်ဇင်ဝေက စတင်တည်ထောင်ခဲ့တဲ့  မီဒီယာတစ်ခုဖြစ်ပါတယ်။  ဦးသာလွန်ဇောင်းထက်ဟာ The Voice Weekly, Living Color Media, Venus News Journal, Irrawaddy သတင်းဌာန၊ DVB TV News အစရှိတဲ့နေရာတွေမှာ အယ်ဒီတာရာထူး၊ အယ်ဒီတာချုပ် ရာထူး၊ Debate တင်ဆက်သူ ရာထူးများနဲ့ သတင်းတင်ဆက်ခဲ့ပါတယ်။

အဲ့ဒါအပြင် ဦးသာလွန်ဇောင်းထက်ဟာ တစ်လ ၅၀၀၀ ကျပ် အလှူရှင်များကွန်ရက်ကို တည်ထောင်ခဲ့ပြီး ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခဲ့သလို Noble Friends ပရဟိတ အဖွဲ့မှာလည်း လုပ်ကိုင်လျှက်ရှိပါတယ်။

၂၀၁၂ ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် သတင်းလွတ်လပ်ခွင့်ကော်မတီတွင်လည်း ပါဝင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့မှာလည်း ဒုတိယ အတွင်းရေးမှူး ရာထူးနဲ့ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။

၂၀၁၈ ခုနှစ် ၇လပိုင်းတွင် ဦးသာလွန်ဇောင်းထက်မှ လိုအပ်ချက်အရ ပူးတွဲတည်ထောင်သူ တစ်ဦးဖြစ်သလို Web Design & Developer တစ်ဦးဖြစ်သည့် ဦးကံဇော်ကလည်း ခေါ်ယူခဲ့ပြီး ရန်ကုန်ခေတ်သစ်မီဒီယာတွင် ဦးကံဇော်က ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် www.khitthitnews.com ဟုခေါ်သော ဝဘ်ဆိုဒ်တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

ယင်းနောက် ၂၀၁၈ ခုနှစ် ၁၁ လပိုင်းတွင် ရန်ကုန်ခေတ်သစ် မီဒီယာ၏ ရုံးကို ဝန်ထမ်းဦးရေ ၆ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး စမ်းချောင်းမြို့နယ် မင်းလမ်းတွင် စတင်တည်ထောင်ခဲ့ပါသည်။