All News China Watch Election Local News Peace

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကို တပ်ချုပ် အသိပေး

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကို တပ်ချုပ် အသိပေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၂

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ယနေ့ အသိပေးပြောဆိုသည်။

နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တပ်ချုပ်တို့ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း အသိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်း ကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာနေသူများနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်းနှင့် ပြုလုပ်ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းများနှင့် ပတ်သက်၍ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းကမ်း၊ ဥပဒေများ အတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကို တပ်ချုပ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts