All News Election interview

“အပြင် ထွက်လို့မရဘူး။ ရဲလုံခြုံရေးရှိတယ်။ ခြံစည်းရိုးကို ပတ်ပြီး Round လှည့်နေကြတယ်။ အမြဲတမ်း ၆ ယောက် ၇ ယောက်လောက် စုဖွဲ့ပြီး လှည့်နေကြတယ်။ ရဲကင်းတွေကတော့ ထောင့်တွေမှာ ချထားတယ်”

“အပြင် ထွက်လို့မရဘူး။ ရဲလုံခြုံရေးရှိတယ်။ ခြံစည်းရိုးကို ပတ်ပြီး Round လှည့်နေကြတယ်။ အမြဲတမ်း ၆ ယောက် ၇ ယောက်လောက် စုဖွဲ့ပြီး လှည့်နေကြတယ်။ ရဲကင်းတွေကတော့ ထောင့်တွေမှာ ချထားတယ်”

နေပြည်တော်စည်ပင်ရိပ်သာအတွင်း လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိနေသော ဖရူဆိုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦဒီးဒီနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်မည့် ပြည်သူ့လွှတ်တော်သစ် အစည်းအဝေး တက်ရောက်ရန် နေပြည်တော်စည်ပင်ရိပ်သာဝင်းအတွင်း ရောက်ရှိနေသော ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒီးဒီကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နေပြည်တော်စည်ပင်ရိပ်သာမှာ အခုက အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒီနေ့ကတော့ စည်ပင်ရိပ်သာမှာ ကိုဗစ် ဆေးစစ်နေတုန်းပဲ။ ဒီမှာတော့ ကိုဗစ်ဆေးစစ်တယ်။ အမျိုးသားလွှတ်တော်နဲ့ ။ ပြည်သူ့လွှတ်တော်က ကာကွယ်ဆေးထိုးတယ်။ ဒုတိယအကြိမ် ဆေးစစ်တယ်။ Swab ယူတယ်။

မေး။ ။ ပြင်ပမှာလည်း အာဏာသိမ်းမယ်ဆိုတဲ့ ထင်ကြေးပေးတဲ့ မှတ်ချက်ပေါင်းစုံကလည်း ထွက်နေတော့ စည်ပင်ရိပ်သာထဲမှာရော…။

ဖြေ။ ။ အပြင်က ထွက်လို့မရဘူး။ အဓိက ကိုဗစ် Quarantine က ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ အပြင်ထွက်လို့မရဘူးလို့ သတ်မှတ်ထားတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ လွှတ်တော်တော့ စမယ်ပြောတယ်။ အခုထက်ထိတော့ ရွှေ့တာ မရွှေ့တာတော့ မသိသေးဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့ပဲ သိရသေးတယ်။ စီးရမယ့် ကားတွေ နံပါတ်တွေတော့ ပြန်ချိတ်ပေးမယ်ပြောတယ်။

မေး။ ။ အပြင်မထွက်ရဘူးဆိုတော့ စည်ပင်ရိပ်သာထဲမှာ နေရတာက ဘယ်လိုမျိုးလဲ။

ဖြေ။ ။ ဧည့်တွေ့လို့မရဘူး။ ကိုယ့်အဆောင်မှာပဲ ကိုယ်နေရမယ်။ ဧည့်လက်ခံလို့မရဘူး။ အပြင်လည်းထွက်လို့မရဘူး။ ရဲလုံခြုံရေးရှိတယ်။ ခြံစည်းရိုးကို ပတ်ပြီး Round လှည့်နေကြတယ်။ အမြဲတမ်း ၆ ယောက် ၇ ယောက်လောက် စုဖွဲ့ပြီး လှည့်နေကြတယ်။ ရဲကင်းတွေကတော့ ထောင့်တွေမှာ ချထားတယ်။ စည်ပင်ဝင်းထဲမှာ လမ်းလျှောက်လို့ရတယ်။ စားသောက်ဆိုင်နှစ်ခုမှာ မှာစားလို့ရတယ်။

မေး။ ။ အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂ ရက်နေ့ကို ပြောင်းရွှေ့ကျင်းပတယ်လို့ ကြေညာတယ်။ ပြည်သူ့လွှတ်တော်ကရော ရွှေ့ပြီလား။

ဖြေ။ ။ ဟုတ်လား ကျနော်မသိသေးဘူး။ အကြောင်းကြားတာမရှိသေးဘူး။ ကျနော်တော့ မသိရသေးဘူး။

မေး။ ။ နေပြည်တော်အခြေအနေကို စည်ပင်ရိပ်သာထဲမှာ ရှိနေတော့ ဘယ်လို ခံစားသုံးသပ်မိလဲ။

ဖြေ။ ။ အခြေအနေကတော့ UEC အပေါ်မှာပဲ မူတည်တယ်။ ရှင်းလင်းလိုက်ရင် ပြီးနေတာပဲ။ သူတို့လည်း အချိန်အများကြီးရတာပဲ။ တပ်မတော်ကနေပြီးတော့ ဒေတာလိုက်ပြီး စစ်ဆေးဖို့ အချိန်မရှိသေးရင်လည်း အချိန်တစ်ခု သတ်မှတ်ပြီး ဖြေရှင်းမယ်ဆိုတာ ပြောလိုက်ရင်လည်း ရတာပဲ။ နိုင်ငံရေးအရ ကစားနေကြတာပါပဲ။ အထူးအထွေတော့မမြင်ပါဘူး။ နေရာနဲ့ အာဏာအတွက် မထူးတဲ့ကိစ္စတွေလို့ မြင်တယ်။

မေး။ ။ တိုင်းရင်းသားတွေအပေါ်မှာ အခု တင်းမာမှုတွေက ဘယ်လိုသက်ရောက်မှုရှိလဲ။

ဖြေ။ ။ အခုနက ကျနော်ပြောသလိုပေါ့။ ကျနော်တို့်ကိစ္စလည်း မဟုတ်ဘူး။ အခုက တိုင်း ရင်းသားတွေအတွက်လည်း ပို ကောင်းလာစရာလည်းမရှိဘူး။ ဒီပုံစံအတိုင်းဆိုရင် ပါတီကြီးနှစ်ခု လွန် ဆွဲမှုမှာ စစ်တပ်ထဲက ကြားထဲက ဆရာကြီး ဝင်လုပ်တာပေါ့။ ကျနော်တို့ တိုင်းရင်းသား အတွက်က ဒီကိစ္စတွေက ဘာမှ မထူးဘူး။ ဘယ်ကိစ္စ ကျနော်တို့ လုပ်ရမယ်ဆိုတာ ပိုပြီးတော့ ပေါ်လွင်စေတယ်လို့ မြင်တယ်ပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts