All News Crime Local News

လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ်အတွက် ဒေါ်လာ ၇၂၀၀၀ ကျော် လာဘ်စားသူ လေကြောင်းပို့ဆောင်ရေးဌာနမှ မန်နေဂျာ ဦးစိုးပိုင်ကို အမှုဖွင့်

လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ်အတွက် ဒေါ်လာ ၇၂၀၀၀ ကျော် လာဘ်စားသူ လေကြောင်းပို့ဆောင်ရေးဌာနမှ မန်နေဂျာ ဦးစိုးပိုင်ကို အမှုဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မန်နေဂျာ ဦးစိုးပိုင်ကို လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ်အတွက် အေဂျင်စီ ၁၂ ခုထံမှ ဒေါ်လာ ၇၂၀၀၀ ကျော် လာဘ်စားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန် ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ရာထူးနှင့် လေကြောင်းပျံသန်းမှုလမ်းညွှန် ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ် အတွင်း လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent (operator)များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေဖြင့် permit နံပါတ်တစ်ခုလျှင် USD 100, USD 60, USD 40 စသဖြင့် ပေးရန် ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် USD 72066 ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်း၊ ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင် အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ၁၁-၁-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- Nikkei Asia

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts