interview Peace Web TV

ရခိုင်စစ်ပွဲရပ်ဆိုင်းရေး ဆန္ဒပြကျောင်းသားများ၏ အခြေအနေ ဆိုးဝါးနေ

ရခိုင်စစ်ပွဲရပ်ဆိုင်းရေး ဆန္ဒပြကျောင်းသားများ၏ အခြေအနေ ဆိုးဝါးနေ

‘ထောင်ကျနေတဲ့ ကျွန်တော်တို့ ကျောင်းသားတွေအတွက်ကတော့ တော်တော်ကို စိုးရိမ်စရာဖြစ်နေတာပေါ့။ ပြီးကျတော့ အပြင်မှာ သူတို့အခေါ်အရတော့ ဝရမ်းပြေးပေါ့။ ဝရမ်းပြေးဆိုတဲ့ ကျွန်တော်တို့ ကျောင်းသားတွေကလည်း သူတို့ဆိုရင်တော့ တော်တော်ကို ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲပဲဗျ”

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ရခိုင်စစ်ပွဲဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကျောင်းသားများ ဆန္ဒပြခဲ့ကြပြီး အစိုးရအာဏာပိုင်များက ကျောင်းသားများကို ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆို ထောင်ချမှုများ ပြုလုပ်လျက်ရှိနေသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံနေရသော ကျောင်းသားများသည် လပေါင်းများစွာ ကိုဗစ်အကြောင်းပြချက်ဖြင့် မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်မရဘဲဖြစ်နေပြီး အာဏာပိုင်များက လိုက်လံဖမ်းဆီး၍ တိမ်းရှောင်နေရ သော ကျောင်းသားများ၏ အခြေအနေမှာလည်း ဆိုးဝါးလျက်ရှိသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတစ်ဝန်းမှ ကျောင်း သားခေါင်းဆောင်များကို ဆက်သွယ်မေးမြန်းထားပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts