မြန်မာ့အရေးအထူးစိုးရိမ်ပြီး မြန်မာအစိုးရနှင့်လူထုကို ကုလသမဂ္ဂက ထောက်ခံဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ပြန်ကြေညာ

မြန်မာ့အရေးအထူးစိုးရိမ်ပြီး မြန်မာအစိုးရနှင့်လူထုကို ကုလသမဂ္ဂက ထောက်ခံဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ပြန်ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး António Guterresက အထူးစိုးရိမ်ကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး မြန်မာလူထုနှင့် မြန်မာအစိုးရကို ကုလသမဂ္ဂအနေဖြင့် ထောက်ခံကြောင်း အတည်ပြုပြောဆုလိုက်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပါဝင်သူများအားလုံးအနေဖြင့် လှုံ့ဆော်မှုများ၊ ရန်စမှုများ မလုပ်ဆောင်ကြဘဲ ခေါင်းဆောင်မှုကို ပြသကြရန် ဒီမိုကရေစီစံနှုန်းများကို လိုက်နာရန်နှင့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲရလဒ်များကို လေးစားကြရန် တိုက်တွန်းထားသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကိုလည်း တရားဥပဒေ ယန္တရားဖြင့်သာ ဖြေရှင်းကြရန်လည်း တိုက်တွန်းထားသည်။
ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ လူသားချင်းစာနာထောက်မှုဆိုင်ရာ ဆောင်ရွက်ချက်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြသည့် မြန်မာလူထုနှင့် အစိုးရကို ကုလသမဂ္ဂအနေဖြင့် ရပ်တည်ထောက်ခံပါကြောင်း ၎င်း၏ ကြေညာချက်တွင် ရေးသားထားသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ