All News Crime interview

“မြန်မာမိန်းကလေးတွေကို Rape လုပ်တဲ့ဟာတွေကတော့ အများကြီးရှိတယ်။ ဒီအချုပ်ခန်းထဲက မြန်မာမိန်းကလေးကို ထိုင်းရဲက အပြင်ကို ခေါ်ထုတ် မုဒိမ်းကျင့် တဲ့ပုံစံကတော့ တော်တော်ရှားပါးတယ်”

“ထိုင်းလူမျိုးတွေရော မြန်မာလူမျိုးတွေရော မြန်မာမိန်းကလေးတွေကို Rape လုပ်တဲ့ဟာတွေကတော့ အများကြီးရှိတယ်။ အခုလိုမျိုး ဒီအချုပ်ခန်းထဲက မြန်မာမိန်းကလေးကို ထိုင်းရဲက အပြင်ကို ခေါ်ထုတ် မုဒိမ်းကျင့် တဲ့ပုံစံကတော့ တော်တော်ရှားပါးတယ်။ ဒါကတော့ လုံးဝမဖြစ်သင့်ဘူး”

By ရန်ကုန်ခေတ်သစ်

ထိုင်းနိုင်ငံတွင် အချုပ်ကျနေသော မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲအရာရှိတစ်ဦးက ဇန်နဝါရီလ ၁၃ ရက်နေ့က အချုပ်ခန်းထဲမှ လက်ထိတ်ဖြင့် ခေါ်ထုတ်ကာ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့သည်။ ယခုအခါ အဆိုပါ မုဒိမ်းကျင့်သူ ရဲအရာရှိကို ရာထူးတာဝန်မှ ရပ်နားပြီး အမှုရင်ဆိုင်နေရကာ ဘတ်ငွေလေးသိန်းဖြင့် အာမခံရရှိထားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အဆိုပါ အမှုကို ကူညီပေးနေသူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAC) မှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ထိုင်းမှာ အချုပ်ကျရင်း ထိုင်းရဲရဲ့ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးရဲ့ နောက်ဆုံးအခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ဇန်နဝါရီလ ၁၈ ရက်နေ့ ကျွန်တော်တို့ ဒီမြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေနဲ့ သူတို့ ဒီထိုင်း လဝက နဲ့ ဆွေးနွေးတယ်။ ဒီအမျိုးသမီးကို ဒီကောင်မလေးကို ဘယ်မှာထားရမလဲပေါ့။ ဒီအချုပ်ခန်းထဲမှာထားတာကို ကျွန်တော်တို့အနေနဲ့ မထားသင့်ဘူးပေါ့နော်။ အားလုံးပြောကြတဲ့အတွက် ပြီးတော့ နောက်ထပ် ဒီတရားရုံးမှာ သူ့ရဲ့ ပထမဦးဆုံး ထွက်ဆိုချက် ဒီနေ့စထွက်တယ်ပေါ့။

ကော့စမွီ တရားရုံးမှာ နောက်ဆုံး ဒီနေ့ သိရသလောက်ကတော့ အဲလောက်ပါပဲ။ ထွက်ဆိုချက်တွေရဲ့ အသေးစိတ်ကိုတော့ သံရုံးက သတင်းထုတ်ပြန်ခြင်းမရှိတော့ ကျွန်တော်တို့လည်း မသိရဘူး။

မေး။ ။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကို မြန်မာပြည် ပြန်လွှဲမလား။

ဖြေ။ ။ လောလောဆယ်ကတော့ မြန်မာနိုင်ငံ လွှဲလို့မရသေးဘူးလေ။ အခုက အမှုဖြစ်သွားပြီ ဒီရဲကို တရားစွဲထားပြီဆိုတော့ တရားရုံးတွေ သူတက်ဖို့လိုတယ်။ အဲဒီအတွက်သူ မြန်မာနိုင်ငံကို ပြန်ရောက်သွားမယ်ဆိုရင် တရားရုံးတက်ဖို့ ခက်သွားလိမ့်မယ်။ အခုရှိတယ်။

လမ်းကြောင်းတွေကောင်းလို့ မြန်မာနိုင်ငံကနေမှ တရားရုံးကိုလာလာတက်မယ်ဆိုရင်ရော ဒီလိုအပိုင်းလေးတွေရှိတယ်။ သို့ပေမယ့် ဒီအမှုဟာ ဖိဖိစီးစီးနဲ့ လုပ်ရမှာဖြစ်တဲ့အတွက် သူ့ကိုထိုင်းနိုင်ငံမှာ ထားထားပြီးတော့မှ တရားရုံးပြီးပြတ်အောင်တက်ရင်တော့ ပိုပြီးတော့ ကောင်းလိမ့်မယ်။

မေး။ ။ အမျိုးသမီးရဲ့ လုံခြုံရေး စိတ်ချရပါ့မလား။

ဖြေ။ ။ သူ့လောလောဆယ် လုံခြုံရေးအခြေအနေကတော့ ဒီအချုပ်ခန်းထဲမှာပဲ လောလောဆယ်ထားထားတာပေါ့။ အခုက နေရာပြောင်းဖို့အတွက် ကျွန်တော်တို့တွေကတော့ နေရာပြောင်းဖို့က ပိုပြီးတော့ အရေးကြီးတယ်။

မေး။ ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး AAC အဖွဲ့အနေနဲ့ ဘယ်လိုဆက်လက်ကူညီပေးသွားမလဲ။ ဒီဖြစ်စဉ်အပေါ်ကို ဘယ်လိုမှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ ဒီလိုမျိုး ဖြစ်စဉ်တွေကတော့ ကျွန်တော်တို့ ထိုင်းမှာမကြာခဏဖြစ်နေတယ်။ အခုလိုမျိုး ထိုင်းလူမျိုးတွေရော မြန်မာလူမျိုးတွေရော မြန်မာမိန်းကလေးတွေကို Rape လုပ်တဲ့ဟာတွေကတော့ အများကြီးရှိတယ်။ ခဏခဏ ဖြစ်ပေါ်လေ့ရှိတယ်။

အခုလိုမျိုး ဒီအချုပ်ခန်းကထဲက မြန်မာမိန်းကလေးကို အခုလိုမျိုး အပြင်ကို ခေါ်ထုတ်ပြီးတော့ Rape လုပ်တဲ့ပုံစံကတော့ တော်တော်ရှားပါးတယ်။ ဒါကတော့ လုံးဝမဖြစ်သင့်ဘူး။ ဒါကြီးက တော်တော်လေးကို လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေဖြစ်တယ်။

ဓာတ်ပုံ- မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်သည့် ထိုင်းရဲအရာရှိ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts