All News Local News Peace

မော်လမြိုင်ကျွန်းတွင် လှေစီးဒုက္ခ သည် မွတ်စလင် ၃၂ဦး ဖမ်းမိ၊ ကျန်းမာရေးစစ်ဆေးပြီး Quarantine ထားရှိထား

မော်လမြိုင်ကျွန်းတွင် လှေစီးဒုက္ခသည် မွတ်စလင် ၃၂ဦး ဖမ်းမိ၊ ကျန်းမာရေးစစ်ဆေးပြီး Quarantine ထားရှိထား

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇန်နဝါရီလ ၁၉ရက်နေ့က လှေစီးဒုက္ခသည် မွတ်စလင် ၃၂ဦး ဖမ်းဆီးရမိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းကပြောဆိုသည်။

“ ၃၂ဦးပေါ့။ ၃ဦးက ခေါ်လာတဲ့သူ ၃ဦးပေါ့။ ၃ဦးက ထွက်ပြေးသွားတယ်လို့ သတင်းကြားတယ်။ သူတို့ကိုပို့ပြီးတော့ သူတို့ကို စက်ပျက်တယ်ဆိုပြီးတော့ သောင်တင်တယ်ဆိုပြီးတော့ ဒီအတိုင်းထားခဲ့ပြီးတော့ ထွက်ပြေးသွားပြီးတော့မှ သူတို့က ချာလည်လည်ပြီးတော့ အဲဒီမှာ မနက်ကျတော့ ကျေးရွာအုပ်ချုပ်ရေးမှူးက တွေ့ပြီးသတင်းပို့လိုက်တော့ မြို့နယ်အဖွဲ့တွေ အကုန်လုံး ဖမ်းတာပေါ့။ သတင်းရလို့တော့ လိုက်တော့ လိုက်နေတာ ဒါပေမယ့် ဘယ်ရောက်သွားမှန်းမသိတာပေါ့။ သူတို့ကိုထား Quarantine ပုံစံမျိုးပေါ့။ သီးခြားထားပြီးတော့ ကျန်းမာရေး စစ်ဆေးဖို့ ဘာညာ အဲတာတွေ လုပ်ပြီးတော့မှ သက်ဆိုင်ရာ ပြီးတော့မှ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်မှာပေါ့။ အဲတာကတော့ ကျွန်တော်တို့ မနေ့ကတည်းက မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လှမ်းမေးတော့ ကျွန်တော် သတင်းရလို့မို့လို့ လှမ်းမေးကြည့်တော့ အဲမှာပဲရှိနေတယ် ” ဟု ၎င်းကပြောဆိုသည်။

မွတ်စလင် များတွင် အမျိုးသမီး အများစု ပါဝင်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ကျွဲခြံဝအုပ်စု သစ်ပုတ်ကျေးရွာအနီးရှိ ရာဇူဒိုင်မြစ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ကျွဲခြံဝအုပ်စု သစ်ပုတ်ကျေးရွာ ရာဇူဒိုင်မြစ်မှာပေါ့။ ကျား၊ မ တော့ ကျွန်တော် ကွဲကွဲပြားပြားခွဲမသိဘူး။ မိန်းကလေး ၂၆ ဦး၊ ၆ ဦးက ယောကျာ်းလေး ။ မိန်းကလေးတော့များတယ်။ ကျား၊ မ ကွဲကွဲပြားပြားသိပ်မသိလို့ လွဲသွားမှာဆိုးလို့ အဲတာကတော့ သူတို့ ဆက်လက် ဥပဒေအရဆောင်ရွက်မှာပေါ့။ လတ်တလောတော့ မသိရသေးဘူး။ ကျန်းမာရေးစစ်ဆေးပြီးတော့မှ သက်ဆိုင်ရာလုပ်စရာရှိတာ ဆက်လုပ်မှာပေါ့။ ကျွန်တော်က ပုသိမ်မှာရောက်နေတာ့ ဖုန်းလည်း မဆက်ရသေးတော့ ပထမမိတဲ့ ကနဦး သတင်းပဲမေးထားတာပေါ့” ဟု ဦးဝေယံထွန်းကပြောဆိုသည်။

လတ်တလော ရခိုင်ဒေသမှ ထွက်ခွာသော မွတ်စလင်များကို အစိုးရကဖမ်းဆီးပြီး ၎င်းတို့၏ နေရပ်ရင်း ရခိုင်ဘက်သို့ ပြန်လည် ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဥပဒေကြောင်းအရ အရေးယူမှု တစ်စုံတစ်ရာ မရှိတော့ကြောင်း ဒေသအာဏာပိုင်တချို့ထံမှ စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts