All News Local News Peace

မိုးကုတ်တွင် TNLA တပ်ဖွဲ့ဝင်နှင့် လူမှုရေး ပတ်သက်ဆက်နွယ်သည့် မူလတန်းကျောင်းအုပ် ဆရာမကို ဖမ်းဆီး အမှုဖွင့်

မိုးကုတ်တွင် TNLA တပ်ဖွဲ့ဝင်နှင့် လူမှုရေး ပတ်သက်ဆက်နွယ်သည့် မူလတန်းကျောင်းအုပ် ဆရာမကို ဖမ်းဆီး အမှုဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမ တစ်ဦးသည် TNLA တပ်ဖွဲ့တစ်ဦးနှင့် လူမှုရေး ပတ်သက်ဆက်နွယ်မှုပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ကျောင်းအုပ်ဆရာမသည် တယ်လီဖုန်း၊ Viber ၊ Facebook ၊ Video Call တို့ဖြင့် နေ့စဉ်ဆက်သွယ်ကာ တောတွင်း နေရာတချို့တွင် တွေ့ဆုံခဲ့ကြောင်း၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများ၊ စခန်းချရပ်နားမှု အခြေအနေများကို ကျောင်းအုပ်ဆရာမက သတင်းပို့ခဲ့ကာ ယင်းသို့ အပြန်အလှန် ဆက်သွယ်မှုကို ဖုန်းမှတ်တမ်းများ၊ Facebook၊ Viber၊ Messager တို့တွင် စိစစ်ဖော်ထုတ် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမ တစ်ဦးသည် ၂၀၂၀ ပြည့်နှစ်အတွင်း TNLA တောတွင်းလက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးနှင့် လူမှုရေး ပတ်သက်ဆက်နွယ်မှုများရှိခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Viber ဖြင့်လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာ Facebook Account ဖြင့်လည်းကောင်း၊ Messenger ဖြင့်လည်းကောင်း ဖုန်းခေါ်ဆိုခြင်း၊ အပြန်အလှန်စာပို့ခြင်း၊ Video Call ခေါ်ဆိုခြင်းတို့ဖြင့် နေ့စဉ် ဆက်သွယ်ခဲ့ကြောင်း၊ တောတွင်း နေရာအချို့တွင် လူချင်းတွေ့ဆုံဆက်သွယ်ခြင်း၊ တောတွင်းလက်နက်ကိုင်အဖွဲ့အတွက် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများပေးပို့ခြင်း၊ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများနှင့် စခန်းချ ရပ်နားမှုအခြေအနေများကို ဆက်သွယ်သတင်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ အပြန်အလှန် ဆက်သွယ်သည့် ဖုန်းအမှတ်၊ လူမှုကွန်ရက် Facebook Account များ၊ Viber ၊ Messenger တို့တွင် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုမှတ်တမ်းများကို၎င်းကိုင်ဆောင်သည့် တယ်လီဖုန်းအတွင်းမှ စိစစ်ဖော်ထုတ်ရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှှိပါသည်” ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts