ဖာပွန်၊ မဲ၀ိုင်ကျေးရွာမှ နေအိမ် မီးရှို့ခံရမှု တပ်မတော်လက်ချက်ဟု KNU သတင်းထုတ်ပြန်

ဖာပွန်၊ မဲ၀ိုင်ကျေးရွာမှ နေအိမ် မီးရှို့ခံရမှု တပ်မတော်လက်ချက်ဟု KNU သတင်းထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မဲ၀ိုင်ကျေးရွာတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်း၊ မဲ၀ိုင်ကျေးရွာမှ နေအိမ်ကို မီးရှို့ဖျက်ဆီးမှုသည် မြန်မာ့တပ်မတော်၏ လက်ချက်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံးKNU သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ – မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာအုပ်စု မဲဝိုင်ကျေးရွာမှ ဦးသန့်ဇင် ဆိုသူ၏ နေအိမ်ကို မြန်မာစစ်တပ် စကခ – ၈ ၊ ခမရ – ၃၃၉ မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၁၉ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် မီးရှုံ့ဖျက်ဆီးခဲ့ကြောင်းကို ကေအဲန်ယူ – မူတြော်ခရိုင်၏ တာဝန်ရှိသူများမှ အတည်ပြုပြောကြားခဲ့ကြောင်း KNU သတင်းပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် KNU သတင်းပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုံ့ပြန်ချက်ရရှိရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ