All News China Watch Local News

ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ ယနေ့ နေပြည်တော်ရောက်မည်၊ သမ္မတ၊ တပ်ချုပ်တို့နှင့်ပါ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ ယနေ့ နေပြည်တော်ရောက်မည်၊ သမ္မတ၊ တပ်ချုပ်တို့နှင့်ပါ တွေ့ဆုံမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီသည် နေပြည်တော် သို့ ယနေ့ ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့ အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ၂ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပြင် သမ္မတဦးဝင်းမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အခြား အရေးပါသော ဝန်ကြီးများနှင့်တွေ့ဆုံမည်ဟု တရုတ်သတင်းရင်းမြစ်များကို ကိုးကား၍ Bangkok Post သတင်းစာက ဖော်ပြသည်။

ကိုဗစ်ကပ်ဘေးကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ကိုဗစ်ကာကွယ်ဆေးရရှိရေး ကြိုးပမ်းမှုများ ရှိနေချိန် တရုတ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ သံတမန် ဆက်ဆံရေးဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် စီးပွားရေး၊ နိုင်ငံရေး အရ လွှမ်းမိုးမှု ရရှိရေး ပိုမိုကြိုးပမ်းဖွယ်ရှိကြောင်း နိုင်ငံတကာသတင်းစာတချို့တွင် သုံးသပ်ရေးသားထားသည်။

ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ခုနှစ်​ နေပြည်တော်တွင် တွေ့ဆုံစဉ်။ Photo Credit – ဆင်ဟွာ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts