All News interview Peace

တရုတ်ရွှေက္ကိုလ်လောင်းကစားမြို့သစ်အကြောင်းပြု၍ BGF နှင့် တပ်မတော်အကြား ဆက်ဆံရေး ဆိုးဝါးမှု သေနတ်သံတွေ ပြန်ပေါက်တော့မလား

တရုတ်ရွှေက္ကိုလ်လောင်းကစားမြို့သစ်အကြောင်းပြု၍ BGF နှင့် တပ်မတော်အကြား ဆက်ဆံရေး ဆိုးဝါးမှု သေနတ်သံတွေ ပြန်ပေါက်တော့မလား

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ် မြဝတီမြို့တွင် တရုတ်ဘက်က အကောင်အထည်ဖော်နေသည့် ရွှေက္ကိုလ် လောင်း ကစားမြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ BGFအကြီးအကဲ ဗိုလ်မှူး ကြီး စောချစ်သူ အပါအဝင် အရာရှိများကို နုတ်ထွက်ရန် တပ်မတော်က ဖိအားပေးလျက်ရှိနေချိန် BGF တပ်ဖွဲ့မှ ဗိုလ်မှုးကြီးစော ချစ်သူ အပါအဝင် တပ်မှုး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာရှိ၊ အရာခံ ၇၇ ဦး နုတ်ထွက်စာ တင်လိုက်ကြောင်း BGF အရာရှိများက ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။

BGF နှင့် တပ်မတော်အကြား ဆိုးဝါးလာမှုကြောင့် သေနတ်သံများ ပြန်လည် ပေါက်မည်ကို အများ စုက စိုးရိမ်နေကြရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ကရင်တိုင်းရင်းသား နိုင်ငံ ရေးသမားတချို့နှင့် တိုင်းရင်းသားအရေးလေ့လာသူတချို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်နော်သဇင်တုပ်

ဗဟိုတွဲဘက်အတွင်းရေးမှူး၊ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

ထိန်းထန်းသိမ်းသိမ်းတော့ လုပ်တော့ လုပ်နေကြတာတွေ့တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချစ်သူ အနေနဲ့လည်း သူက သူ့ကို အချိန်နည်းနည်းလေး ပေးပါလို့ သူက တောင်းဆိုထားတာပေါ့။ ဆိုတော့ သူ့အနေနဲ့လည်း အရမ်းတော့လည်း လုပ်မယ်မထင်ဘူး။

ဘာကြောင့်လဲဆိုတော့ သူလည်း ဒီကရင်ပြည်နယ်မှာ တော်တော်များများ ဘာသာရေး လူမှုရေး ကရင်ပြည်နယ် ဖွံ့ဖြိုးရေးကိစ္စတွေ တော်တော်များများမှာလည်း သူကတော့ တတ်နိုင်သမျှ သူပါဝင်နေတာတော့ ကျွန်မတွေ့ရတယ်ပေါ့။

သူနိုင်ကမျှ သူကူသလို ခုနကလို ကျွန်မတို့ ဒီကရင်လူငယ်တွေပဲ ပြောမှာပေါ့။ သူ့ရဲ့ တပ်ထဲမှာဆိုလည်း သူအများကြီး ကြည့်ရှု့စောင့်ရှောက်တာပေါ့။ ဒါတွေလည်း သူလုပ်နေတဲ့အခါကြတော့ သူတော့ ဆင်ဆင်ခြင်ခြင်တော့ လုပ်မယ်ပေါ့ ကျွန်မထင်တယ်။

ဒါပေမယ့် အထူးသဖြင့် မြဝတီဘက်က လူတွေက စိုးရိမ်စိတ်တော့ ဒီပေါ်မှာ နည်းနည်းမြင့်တာပေါ့။ ကျွန်မတို့ ဒီလိုမျိုးပြန်ဖြစ်ကြမလားဆိုပြီးတော့ ကျွန်မအမြင်အနေနဲ့ကတော့ ဝိုင်းဒိုင်းတော့ ထဖြစ်စရာအကြောင်းတော့ မရှိဘူးပေါ့။ တတ်နိုင်သမျှတော့ ကျွန်မထင်တယ်။ သူတို့ ညှိညှိနှိုင်းနှိုင်းနဲ့တော့ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ကြမှာပေါ့။ အဲလိုမျိုးတော့ ကျွန်မတော့မြင်တယ်။ တခြားပေါ့။

ကျွန်မတို့ စားပွဲပေါ်မှာ ညှိနှိုင်းတဲ့ နည်းလမ်း တောင်းဆိုမှုတော့ သူတို့အရင်သုံးပါလိမ့်မယ်။

မန်းအောင်ပြည်စိုး

ဥက္ကဋ္ဌ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

စောချစ်သူတို့ ကိစ္စကတော့ ကျွန်တော်မြင်တာက နည်းနည်းပြန်ပြီးတော့ အေးဆေးဖြစ်သွားလိမ့်မယ်လို့ ထင်တယ်လေ သို့သော် ပြောလို့တော့ မရဘူးပေါ့။ ဒါပေမယ့် နှစ်ဖက်စလုံးကတော့ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ဖို့တော့ လိုတာပေါ့။

စိတ်လိုက်မာန်ပါနဲ့ တပ်ဖက်ကလည်း ဘာပဲဖြစ်ဖြစ် ဒီလူကြီးတော့ ဖြုတ်လိုက်တော့ ဘာညာဆိုရင်လည်း တစ်ခုခုဖြစ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် တပ်စကားကို နားမထောင်ဘူး။ ကိုယ့်ရဲ့ တပ်သားတွေ စားဝတ်နေရေးအတွက် ဒီစီးပွားရေးကတော့ လုပ်နေမှာပဲဆိုပြန်ရင်လည်း ဒါကဥပဒေနဲ့ ငြိစွန်းနိုင်သည့်အတွက် အဲလိုအနေအထားမျိုးပေါ့လေ။ ကိုယ်လျှော့နိုင်သလောက်လျှော့။

တစ်ဖက်နဲ့ တစ်ဖက် နည်းနည်းစီ လျှော့နိုင်သလောက် လျှော့ဆိုရင်တော့ ဘာမှဆက်ဖြစ်ဖို့တော့မရှိဘူးလို့ ကျွန်တော်ထင်တယ်ပေါ့။ ဒါပေမယ့် အဲလိုလည်း ဖြစ်သွားနိုင်တယ်လို့တော့ ယေဘုယျ ကျွန်တော်တော့ တွက်တယ်။

စောအဲလ်ဘတ်ချို

ပြောရေးဆိုခွင့်ရှိသူ၊ ကရင်လူငယ်ကွန်ရက်

ငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ လူကြီးတွေဘက်ကပေါ့။ သူတို့တွေ့မယ်ဆိုပြီးတော့မှ သတင်းတွေတော့ ကြားရတယ်ပေါ့။ ဒါပေမယ့် လတ်တလောကတော့ ဘာမှထူးလာမှ မဟုတ်ဘဲနဲ့ ပိုပြီးတော့မှ ဆိုးနိုင်တယ်ပေါ့။

ပိုပြီးတော့ ဆိုးနိုင်တယ်ဆိုတာ ဥပမာ ဗိုလ်ချစ်သူ တို့ဖက်ကလည်း ဗိုလ်ချစ်သူကလည်း သူကတော့ ပြန်ပြီးတော့မှ ချက်ချင်းကြီး သူကထွက်မှာမဟုတ်ဘူးလေ ထွက်မှာမဟုတ်ဘူးဆိုတော့ သူနဲ့ တစ်ခုခု အကယ်၍ တပ်မတော်ဖက်က ဖိအားပေးလာရင် သူလည်း တစ်ခုခုလုပ်နိုင်တာပေါ့။ သူနဲ့ တပ်မတော်နဲ့ ပြန်ပြီးတော့ အပြန်အလှန် တစ်ခုခုဖြစ်လာနိုင်စရာရှိတယ်။

ဦးအောင်သူငြိမ်း

ISP-Myanmar အမှုဆောင်ဒါရိုက်တာ

BGF က ကျွန်တော့်အထင်ကတော့ ဒီတရုတ်ရဲ့ အခုနယ်စပ်က ရွှေကုက္ကိုလ် မြို့သစ်နဲ့ ပိုဆိုင်မယ်လို့ထင်တယ်။ အဲမြို့သစ်နဲ့ပတ်သက်ပြီးတော့ အရေးယူဖို့ဆိုတဲ့ဟာမျိုးလေ တလောကလည်း ကိုဇော်ဌေး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ကိစ္စတွေပါတယ်ပေါ့။

အဓိက ရင်းနှီးမြုပ်နှံတဲ့ ကောင်တာဘက်ပေါ့။ မြန်မာပြည်ဘက်က အဖွဲ့အစည်းကတော့ ဒီ BGF ဖြစ်နေတဲ့အခါကျတော့ နောက် သတင်းတွေအရလည်း တွေ့တာပေါ့။ သူက BGF နဲ့ စီးပွားရေး ပတ်သက်မှုတွေ မရှိဘူးဆိုတဲ့ဟာမျိုးတွေလေ ကျွန်တော်ထင်တယ်။ အဲဟာနဲ့ ပတ်သက်ပြီးတော့ တင်းကျပ်မှုတွေ ဖြစ်လာတာလို့ထင်ပါတယ်။ နည်းနည်းတော့ပြောရခက်တယ်။

ပြောရခက်တယ်ဆိုတာ BGF က အင်အားများတယ်။ ၁၄ရင်းလား ရှိတယ်။ တပ်ရင်း ၁၄ရင်းရှိတယ်။ နောက်တစ်ခုကကျတော့ ဒါပေမယ့်ပြဿနာက သူတို့ဆီမှာ ခုန နိုင်ငံရေးအရဦးဆောင်မှုပေါ့။ အခုခုဖြစ်မယ်ဆိုရင် ဘယ်သူဦးဆောင်မလဲ အဲတာမျိုးတော့ ပြဿနာရှိတယ်တော့ထင်တယ်။

Photo by Nyein Su Wai Kyaw Soe/ USIP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts