All News Election interview

တပ်မတော်၊ ကြံ့ခိုင်ရေးအပါအဝင် အမတ် ၂၀၃ ဦး လွှတ်တော်ဟောင်းအထူးအစည်းအဝေး ခေါ်ခိုင်းမှု ဆီလျှော်မှုမရှိဘဲ ထူးထူးခြားခြား လုပ်စရာမရှိဟုဆို

တပ်မတော်၊ ကြံ့ခိုင်ရေးအပါအဝင် အမတ် ၂၀၃ ဦး လွှတ်တော်ဟောင်းအထူးအစည်းအဝေး ခေါ်ခိုင်းမှု ဆီလျှော်မှုမရှိဘဲ ထူးထူးခြားခြား လုပ်စရာမရှိဟုဆို

By ရန်ကုန်ခေတ်သစ်

ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အမတ် ၂၀၃ ဦး ၏ ဒုတိယအကြိမ်(၂၀၁၅-၂၀၂၀လွှတ်တော်) အစည်း အဝေး ခေါ်ယူရေး တောင်းဆိုမှု ပြည် ထောင်စုလွှတ်တော်ရုံးက ပယ်ချလိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း တပ်မတော်နှင့်ကြံ့ခိုင်ရေးပါတီတို့၏ တောင်းဆိုမှုသည် ဆီလျှော်မှု မရှိသော လုပ်ရပ်ဖြစ်ကြောင်း၊ လွှတ်တော် ဟောင်းအနေဖြင့်လည်း လုပ်စရာမရှိတော့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်နော်ခရစ္စထွန်း
ကရင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၂၃ အရကတော့ ရက်ပေါင်း ၉ဝအတွင်းက ရွေးကောက်ပွဲကျင်းပပြီးတော့ လွှတ်တော်က ခေါ်ရမှာလေ ဒါက Procedure အတိုင်းပဲ သွားဖို့ရှိတာပေါ့။ Procedure အတိုင်းသွားတဲ့နေရာမှာ အထူးအစည်းအဝေး ခေါ်ဖို့ဆိုတာကလည်း ဒါက တတိယအကြိမ်ခေါ်ဖို့ကို စာက ထွက်ထားပြီးပြီလေ အန်တီတို့ကလည်း လွှတ်တော်ခေါ်မယ့်ရက် ကြိုပြီးတော့ ခေါ်ရတာလေ ၂၁ ရက် အဲလိုကြိုခေါ်ရတယ် ဆိုတဲ့အခါကျတော့ ၁ရက်နေ့ တတိယအကြိမ် အစည်း အဝေးခေါ်မယ်ဆိုတာလည်း ပြောပြီးပြီလေ ဒုတိယအကြိမ် လွှတ်တော်က ပြီးသွားပြီးပြီလေ ပြီးသွားပြီးပြီးလို့ပဲ တတိယအကြိမ်အတွက်ကို အဆင်သင့်ဖြစ်နေပြီပေါ့။

ရက်ပေါင်း ၉ဝ အတိုင်းအတာ တည်ဆဲ ဥပဒေတိုင်းသွားရမှာပဲလေ ဆိုတော့ ဒီအထူးအစည်း အဝေးခေါ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ ဒါလွှတ်တော်သက်တမ်းအသစ်မှာ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ဖြစ်သွားပြီလေ အထူးအစည်းအဝေးခေါ်ဖို့ဆိုတာက ဒုတိယအကြိမ် လွှတ်တော်ရဲ့ အထူးအစည်းအဝေး ခေါ်ဖို့ဆိုတာ တတိအကြိမ် အစည်းအဝေးအတွက်ကတော့ ဒီဟာက မလိုလားအပ်တဲ့ ဥပဒေဆိုင်ရာ အနှောက်ယှက်ပေးတဲ့ သဘောမျိုးပေါ့။ သွားဖြစ်နေတာပေါ့။

သူကတော့ တည်ဆဲ ဥပဒေအရ ပြောတယ်။ ဘယ်လိုပဲပြောပြော ဥပဒေအရတော့ Conflict ဖြစ်လို့မရဘူး။ ဥပဒေတစ်ခုနဲ့ တစ်ခုကတော့ သူ့ရဲ့ Procedure အတိုင်းပဲ သွားလို့ရမှာပေါ့။ ဥပမာ ရွေးကောက်ပွဲကျင်းပပြီးလို့ ရက်ပေါင်း ၉ဝအတွင်းက ခေါ်ရမှာပဲလေ ဖွဲ့စည်းပုံ ၁၂၃ အရဆိုတော့ ဒီတိုင်းပဲ သွားရမှာပဲလေ အထူးအစည်းအဝေး ခေါ်ဖို့ဆိုတာ ဒုတိယကြိမ် သက်တမ်းတုန်းက ရှိနေခဲ့တဲ့ ကိုယ်စားလှယ်တွေက ဘယ်လိုအဆင်သင့်ဖြစ်မလဲ။

တတိယအကြိမ်တောင် ခေါ်နေပြီလေ ဆိုတော့ Procedure အောက်တာပေါ့။ ရှင်းရှင်းပြောရရင် ဥပဒေဆိုင်ရာအရ အခွင့်အရေးရှိတယ်။ ပုဒ်မ ၈၄ အရ ခေါ်တယ်ပြောတာကို ဒါပေမယ့် ဒီက Procedure ကလည်း သူ့အတိုင်းသွားရမှာပဲလေ ရက်ပေါင်း ၉ဝအတွင်း ရက်ပေါင်း ၉ဝမကျော်အောင်တော့ ဒီဘောင်ထဲကနေ တတိယအကြိမ်ခေါ်ရတော့မှာလေ ရွေးကောက်ပွဲလည်း ပြီးသွားပြီးပြီလေ ရွေးကောက်ပွဲမပြီးခင်က ပြောရင်လည်းတစ်မျိုးဖြစ်နိုင်တာပေါ့။ သို့မဟုတ် ရက်ပေါင်း ၉ဝဘောင်ထဲမှာ မဝင်သွားတဲ့ အချိန်မှာ ပြောတယ်ဆိုရင်တော့ ဖြစ်နိုင်စရာရှိတာပေါ့။

အခုက ကောက်ခါငင်ခါပြောတယ်ဆိုတာ Procedure အောက်တာပေါ့။ ရှင်းရှင်းပြောရင် ဥပဒေဟာလည်း သူ့ Procedure အတိုင်းပဲ သွားမှာပေါ့။ ပုဒ်မ ၈၄ ကိုအခုမှလာပြောလို့ ဒီပုဒ်မ အသက်ဝင်လို့ ရတာမှမဟုတ်တာ ပြောချင်တာက ဥပဒေကလည်း သူ့ Procedure အတိုင်းပဲ သူသွားလို့ရမှာပေါ့။

တတိယအကြိမ် အစည်းအဝေးခေါ်မှပဲ ဒုတိယအကြိမ် အထူးအစည်းအဝေး ခေါ်ပေးပါ ဆိုတာကြီးကတော့ ဒါ Procedure အောက် သွားပြီလေ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ ဒီအချိန်ကလည်း ကပ်ရောဂါအချိန်လေ ကိုဗစ် ၁၉ ကာလဖြစ်တဲ့အခါကျတော့ သူ့ရဲ့ တောင်းဆိုမှုအရ ဥပဒေအရ လုပ်ရတယ်ဆိုရင်တောင်မှ လုပ်နိုင်ဖို့ကလည်း မလွယ်ဘူးပေါ့။

ပြီးတော့ လုပ်ထုံး လုပ်နည်းအတိုင်း သွားရမှာဖြစ်တဲ့အခါကျတော့ တတိယအကြိမ် အစည်း အဝေးက ခေါ်နေပြီလေ သူ့ရဲ့ အထူးအစည်းဝေးကို သူကခေါ်ချင်တယ်ဆိုရင်တောင်မှ ဒုတိယအကြိမ်သက်တမ်းမှာရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဆင်သင့်ဖြစ်ဖို့ မလွယ်ဘူးပေါ့။ ပြီးတော့ အစိုးရသက်တမ်း အသစ်ဖွဲ့ဖို့ကို လုပ်ရမယ့် အချိန်မှာမှ အထူးအစည်းအဝေးကို လာခေါ်တယ်ဆိုတာက Procedure အရ တမင်အောက်အောင် လုပ်တာပဲလေ။

ဒါဥပဒေကို ရှုပ်ထွေးအောင်လုပ်တဲ့သဘောပေါ့။ ဥပဒေကတော့ သူ့လုပ်ထုံးလုပ်နည်းအတိုင်း Procedure အတိုင်းသွားရမှာပဲ ၁ ပြီးရင် ၂ လာရမှာပေါ့။ ၃ ရောက်ပြီးကာမှ ၁ ကိုပြန်လုပ်ပါဆိုတာကြီးက အဆင်မပြေဘူးလေ ဒါပေမယ့် ဥပဒေအဆင့်ကတော့ အခွင့်အရေးရှိတာပေါ့။ သူက ပုဒ်မ ၈၄အရ ခေါ်ချင်တိုင်းလည်း ခေါ်လို့မှမရတာ။

သဘောက အနိုင်ရကိုယ်စားလှယ် အများစုက NLD ပါတီဝင်ဖြစ်ခဲ့မယ်ဆို NLD ပါတီကိုယ်စားလှယ်တွေက ဒီဟာ ဥပဒေဆိုင်ရာအရ Procedure အောက်နေတဲ့အတွက်ကြောင့် မတက်ပါဘူးဆိုရင် သူ့ရဲ့ ခေါ်ယူမှုကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ခေါ်ချင်တိုင်းလည်း ဖြစ်မလာနိုင်တဲ့ အခြေအနေပြောတာပါ။ ဥပဒေတိုင်း လုပ်တယ်ဆိုရင် ဥပဒေက Procedure အောက်သွားပြီလေ

ဦးရဲထွဋ်
စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

တောင်းဆိုတာကတော့ တောင်းဆိုခွင့် ရှိတယ်လေ အထူးအစည်းအဝေးက လေးပုံ တစ်ပုံကနေပြီး လက်မှတ်ထိုးပြီး တောင်းဆိုခွင့်ရှိပါတယ်။ ခေါ်ပေးမပေးကတော့ ဒါပေမယ့် တောင်းဆိုရင်တော့ ပုံမှန်အားဖြင့်ကတော့ ခေါ်ပေးရတယ်။ ခေါ်ပေးတဲ့အခါမှာ ဒီတစ်ဝက်တက်ရမယ်။ တစ်ဝက်တက်မှ အထမြောက်တယ်။ လွှတ်တော်ကို ဥပဒေအရ တစ်ဝက်တက်ရမယ်။ တစ်ဝက်တက်မှ အထမြောက်တယ်။ တောင်းဆိုတာကတော့ တောင်းဆိုခွင့်ရှိတယ်။

ပုံမှန်အားဖြင့်တော့ ခေါ်ပေးရတယ်။ ဒါပေမယ့် သူတို့အနေနဲ့က နောက်ကျနေတော့ ဘယ်လို အကြောင်းပြမလဲတော့ မသိဘူးပေါ့လေ။ လွန်ခဲ့တဲ့ ၃လလောက်တည်းက လွှတ်တော်က နားလိုက်တာကို သဘောက သက်တမ်းမကုန်ခင် ၃ လလောက်ကတည်းက နားထားတော့ ဒီ ၃လအတွင်းမှာ စောစောပိုင်းက တောင်းရင်တော့ တစ်မျိုးပေါ့။

သဘောက အချိန်ပြီးခဲ့တဲ့ လတုန်းက တစ်လကျော် တစ်လခွဲလောက် တုန်းက တောင်းရင်တော့တစ်မျိုးပေါ့။ အခုကျတော့ နည်းနည်းကပ်နေတယ်ပေါ့။ ကပ်ပေမယ့်လည်း အထူးအစည်းအဝေးကတော့ ခေါ်ပေးရတဲ့ သဘောရှိတာပေါ့။ အမှန်ကတော့ သူတို့အကြောင်းပြတာကတော့ တပ်မတော်ရယ်။ တစ်ခြားပါတီတွေရယ်။ အကြောင်းပြတာကတော့ ၂ဝ၅ ဦးလားမသိဘူး။

စုစုပေါင်း အကြောင်းပြတာကတော့ လုပ်ငန်းတွေလည်း ကျန်သေးတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မသမာမှုတွေကိုလည်း သူတို့ဆွေးနွေးချင်တယ်။ လွှတ်တော်မှာ တင်ပြချင်တယ်ပေါ့။ တရားမဲ့မှုတို့ ဘာတို့ပေ့ါ။ အခုသူတို့ပြောနေတဲ့ဟာကို တင်ပြချင်တယ်လို့ပြောတယ်။

ဆိုတော့ ပုံမှန်အားဖြင့်ကတော့ ခေါ်ပေးပြီး အဲမှာဆွေးနွေးလည်း ဘာမှတော့ မဖြစ်ပါဘူး။ အများစုနဲ့ ဒါဆုံးဖြတ်ရမှာပဲလေ ဒါပေမယ့် အစိုးရဘက်က အာဏာရပါတီဘက်ကတော့ ခေါ်ပေးချင်ပုံ မရဘူးလေ ဒါကြောင့်လည်း မခေါ်တာပေါ့။ နို့မို့ဆိုရင် ဒီလွှဲပြောင်းတဲ့ကာလမှာ ခေါ်ပေးရတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ တုန်းက ၂ဝ၁၅ တုန်းကလည်း ခေါ်ပေးရတယ်။ သဘောက ၂ဝ၁၅၊ ၁၆ ဇန်နဝါရီမှာ ခေါ်တယ်။ အဲတော့ ခေါ်ပေးလိုက်ရင်လည်း ဘာမှမဖြစ်ပါဘူး။

ဒါပေမယ့် နည်းနည်း အစိုးရဘက်ကလည်း အစိုးရိမ်ကြီးနေတယ်ထင်တယ်။ တစ်ဖက်မှာ UEC တို့ဘာတို့ အဓိကတော့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တရားမဲ့ပြုကျင့်တယ်။ ဘာညာဆိုပြီးတော့ အဲလို ပြစ်တင်စွပ်စွဲတာတွေလုပ်မယ်။ လုပ်လို့ မနိုင်သည့်တိုင်အောင် သဘောက သိက္ခာကျတာပေါ့။ အဲလိုမြင်လိမ့်မယ်။

ဦးအောင်လှိုင်ဝင်း
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဥပဒေအရတော့ တောင်းတာပေါ့။ တောင်းတာတော့ တောင်းလို့ရတယ်။ ဒါပေမယ့် ရက်ကတအားကပ်နေပြီ ကပ်နေပြီဆိုတဲ့အခါကျတော့ ခေါ်တော့လည်း ဘာမှမထူးပါဘူး သိပ်ပြီးတော့ ကျွန်တော်တို့လည်း လွှတ်တော်လာတော့လည်း သိပ်လုပ်စရာအလုပ်က သိပ်မရှိတာပေါ့။

အဲဒါကြောင့်မို့ ကျွန်တော်ကတော့ သိပ်ထူးထူးခြားဖြစ်မယ်မထင်ပါဘူး။ နိုင်ငံရေးအရ ရှင်းရှင်းပြောရရင် ထိုးနှပ်ချက်ပါပဲ ဒါက လုပ်ငန်းသဘောတော့ သိပ်မရှိတော့ပါဘူး။ ကျွန်တော်တို့ကတော့ သူ့အခွင့်အရေးရှိတာပဲလေ တပ်မှာလည်း တပ်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် အခွင့်အရေးရှိတာပဲ အခွင့်အရေးအရ တောင်းတာပေါ့။

ဒါက ထွေးထွေးထူးထူးတော့ အပြစ်ပြောတာလည်း မလုပ်ချင်သလို နောက်တစ်ခါ ကောင်းတယ်လည်းမပြောချင်ဘူး။ ဆိုးတယ်လည်း မပြောချင်ဘူး။ အခွင့်အရေးအရ လူတစ်ယောက်ရဲ့ ရပိုင်ခွင့်ပဲ ရပိုင်ခွင့်ကိုတောင်းတာပဲ။ ဒါပေမယ့် သဘောတရားကို အကုန်လုံးကို ခြုံငုံပြီးတော့ကြည့်ရင်တော့ သိပ်ပြီးတော့ ထူးခြားမှာ မဟုတ်ပါဘူး။ လွှတ်တော်ခေါ်ရင် လက်ရှိအစိုးရ မခေါ်နိုင်တဲ့အပေါ်မှာ နိုင်ငံရေးအရ ထိုးနှက်ပြီးတော့ တောင်းဆိုတယ်လို့ ယူဆပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts