All News Local News Peace

တပ်မတော်က ရုရှားထံမှ ဒေါ်လာ ၁၅ သန်းခန့်တန် Pantsir S1 လေ ကြောင်း ရန်ကာကွယ် ရေးစနစ်နှင့် Orlan-10E ကင်းထောက်လေယာဉ်များ ဝယ်ယူမှု ပြည်တွင်းစစ်ကို အားပေးနေ

တပ်မတော်က ရုရှားထံမှ ဒေါ်လာ ၁၅ သန်းခန့်တန် Pantsir S1 လေကြောင်း ရန်ကာကွယ် ရေးစနစ်နှင့် Orlan-10E ကင်းထောက်လေယာဉ်များ ဝယ်ယူမှု ပြည်တွင်းစစ်ကို အားပေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာ့တပ်မတော်က ရုရှားထံမှ Pantsir S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်Orlan-10E ကင်း ထောက်မောင်းသူမဲ့လေယာဉ်များ ဝယ်ယူမှုသည် ပြည်တွင်းစစ်ကို ပိုမိုအားပေးရာရောက်နေကြောင်း Justice for Myanmar (JFM) က ယမန်နေ့ ဝေဖန်လိုက်သည်။

Pantsir-S1 လေကြောင်းရန် ကာကွယ်ရေးစနစ်၊ Orlan-10E (e သင်္ကေတက ပြည်ပပို့ကုန် မော်ဒယ်အမျိုးအစား ဖြစ်ပါတယ်) ဒရုန်းများနှင့် ရေဒါများ ဝယ်ယူရေး သဘောတူညီချက်တစ်ရပ်ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် ပြုလုပ်ခဲ့ပြီး ယင်းလက်နက်ဝယ်ယူမှုတွေက တိုင်းပြည်ဘတ်ဂျတ်တွေကို ပြုန်းတီးစေပြီး စစ်တပ်ကို စွမ်းဆောင်ရည်မြှင့်တင်ပေးကာ တိုင်းရင်းသား လူမျိုးစုပြည်သူများအပေါ် စုံစမ်းထောက်လှမ်းခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အားပေးရာ ရောက်ကြောင်း JFM က ဝေဖန်ထားသည်။

ရုရှားထံမှ ဝယ်ယူမည့် Orlan-10 ဒရုန်းများက ပဲ့ထိန်းလွတ် ဝေဟင်ယာဉ်အမျိုးအစား (UAVs) များဖြစ်ပြီး ကင်းထောက် လုပ်ငန်းများနဲ့ စောင့်ကြည့်ထောက်လှမ်းရေး မစ်ရှင်များအတွက် အသုံးပြုနိုင်ကြောင်း၊ ASSURE က ထုတ်ပြန်သည့် အချက်အလက်များအရ ၎င်းဒရုန်းတို့မှာ အမြင့် မီတာ ၅၀၀၀ တွင် ပျံသန်းနိုင်ပြီး အကွာအဝေး ၁၂၀ ကီလိုမီတာထိ ပျံသန်းနိုင်ကြောင်း
Orlan-10 ကို ရုရှားနိုင်ငံအခြေစိုက် Special Technology Center (STC) မှ ထုတ်လုပ်ထားကြောင်း သိရှိရသည်။

Pantsir-S1 သည် တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခုဖြစ်ပြီး အပေါ့စားသံချပ်ကာပစ်မှတ်များအား သေချာစိစစ်နိုင်ခြင်းအပါအဝင် လေ ယာဉ်ပျံများ၊ ရဟတ်ယာဉ်များ၊ ခရုဇ်ဒုံးကျည်များနှင့် ပစ်မှတ်တိကျမှန်ကန်သော လက်နက်များ၊ ပဲ့ထိန်းလေယာဉ်ဗုံးများနှင့် မောင်းသူမဲ့လေယာဉ်များကို တန်ပြန်တိုက်ခိုက်နိုင်သော အသေးစား စစ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ပစ္စည်းများနှင့် နယ်မြေများကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားကြောင်း၊ ၎င်းစနစ်တွင် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ (surface-to-air missiles) ၊ ရှာဖွေရေးရေဒါနှင့် ထရပ်ပေါ်တင် ခြေရာခံရေဒါတွေ ပါဝင်ကြောင်း၊ ၎င်းကို ရုရှားနိုင်ငံ ၂၀၀၇ ခုနှစ်တွင် ဗလာဒီမာပူတင် တည်ထောင်ခဲ့တဲ့ ရုရှားအစိုးရပိုင် လုပ်ငန်း KBP Instrument Design Design Bureau ၏ လက်အောက်ခံ KBP Instrument Design Design Bureau က ထုတ်လုပ်ထားကြောင်း၊ Real Clear Defense ၏ အဆိုအရ Pantsir-S1 ယူနစ်ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့်ရှိကြောင်း JFM က ရေးသားထားသည်။

ရုရှားနိုင်ငံက ယခုကဲ့သို့ စစ်လက်နက်ရောင်းချမှုက မြန်မာ့ပြည်တွင်းစစ်ကို လောင်စာဖြည့်ပေးရာရောက်ပြီး ရာဇဝတ်ပြစ်မှုများကို ဆက်ပြီး ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း၊ ရုရှားအစိုးရနှင့် စစ်လက်နက်ကုမ္ပဏီတို့အနေဖြင့် ကြံရာပါများဖြစ်နိုင်ကြောင်း၊ မြန်မာစစ်တပ်ကို စစ်လက်နက် ပစ္စည်း များနှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ရောင်းချမှုမှန်သမျှ ရပ်ဆိုင်းထားရန် Justice For Myanmar က တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts