All News Business interview

ကိုဗစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုလုံး ပြိုလဲ ဆိုးဝါးနေ

ကိုဗစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုလုံး ပြိုလဲ ဆိုးဝါးနေ

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ခုနှစ်၊ မတ်လမှစတင်၍ မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းအချိန်မှစတင်၍ ခရီးသွားလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး ယာယီအားဖြင့် လုပ်ငန်းများ ရပ်နားလိုက်ရရာ ၁ နှစ်နီးပါး ကြာမြင့်လာချိန်တွင် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုလုံး ဆိုးဝါးစွာ ထိခိုက်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တချို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးရန်ဝင်း

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်

မေး။ ။ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှုအတိုင်းအတာ ဘယ်လောက်ထိရှိနေပြီလဲ။

ဖြေ။ ။ကိုဗစ်ကတော့ ခရီးသွားလုပ်ငန်းကို အများကြီးထိခိုက်တာပေါ့ဗျာ။ အများကြီးထိခိုက်တာပေါ့နော်။ ခရီးသွားလုပ်ငန်း အားလုံးလိုလို ရပ်ဆိုင်း ရပ်ဆိုင်းသွားပြီဆိုတဲ့သဘောဖြစ်နေတာပေါ့။ ဟိုတယ်တွေလုပ်ငန်းတွေလည်း အကုန်ရပ်ဆိုင်း ခရီးသွားလုပ်ငန်းတွေ အကုန်ရပ်ဆိုင်းပေါ့နော်။

မေး။ ။အခု လက်ရှိအနေအထားမှာ ဘယ်လိုတွေဖြစ်နေလဲဆရာ။

ဖြေ။ ။အခု လက်ရှိအနေအထားကတော့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်မစတင်နိုင်တဲ့အတွက် ဟိုတယ်တွေဆိုလည်း အခု Shangri-La ၁ရက်နေ့က စပြီး ပိတ်ပြီလေ။ အဲဒီလိုမျိုးအပြင်နောက်ထပ် ဟိုတယ်တွေ ဘယ်နှစ်လုံး နိုင်ငံခြားဟိုတယ်တွေ ဘယ်နှစ်လုံးထပ်ပိတ်ဦးမလဲမသိဘူး။
ပိတ်နိုင်တယ်နော်။

ပြည်တွင်းဟိုတယ်တွေကတော့ တော်တော်များများက ပိတ်ထားကြတာကို ဖွင့်ခွင့်မရသေးတာ Quarantine Qဝင်တဲ့Q Center လုပ်ရတဲ့ ဟိုတယ်တွေပဲ ဖွင့်ခိုင်းတာ ကျန်တဲ့ဟိုတယ်တွေ ပိတ်ထားတာဆိုတော့ လုပ်ငန်းတွေက အားလုံးရပ်နေတာပေါ့နော်။

ပြည်တွင်းခရီးသွားတာတောင် မစနိုင်သေးဘူးစမလို့ကြိုးစားတာကို လက်တွေ့က မစနိုင်သေးဘူး။ ဒါပေမယ့် မတ် မတ်လကုန် ဧပြီလ လောက်မှာတော့ ကျွန်တော်တု့ိစနိုင်မယ့်လို့မှန်းတာပေါ့ဗျာ။ အဲဒီလိုစနိုင်ရင်တော့ ပြည်တွင်းခရီးသွားစပြီးမှ နိုင်ငံခြားခရီးသွားဆိုတာ နောက် ၆လ တစ်နှစ် မိုးကုန်ပြီး ဒီနှစ်ကုန်လောက်မှ နိုင်ငံခြားခရီးသွား ပြန်စနိုင်တယ်လို့မှန်းပါတယ်။

မေး။ ။ဘယ်လို နာလန်ထူအောင်လုပ်ကြမလဲ။

ဖြေ။ ။ဘယ်လိုနလန်ထူအောင်လုပ်မလည်းဆိုတော့ စစချင်းပြည်တွင်းခရီးသွားကို ပြန်လုပ်ပြီးတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ရမှာပေါ့။ ဒါမှ အလုပ်အကိုင်တွေလည်း ပြန်လည်ရရှိလာမယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ဟိုတယ်တွေ ခရီးသွားလုပ်ငန်းတွေလည်းအကုန်လုံး အလုပ်အကိုင်ရရှိလာမယ်။ ထိုက်သင့်သလောက်။

အဲဒါမှ နိုင်ငံခြားခရီးသွား ဧည့်သည်တွေလာဖို့ကို ကျွန်တော်တို့ ဆက်ကြိုးစားရမှာပေါ့နော်။ တစ်ကမ္ဘာလုံး ခရီးသွားလုပ်ငန်းတွေ ပြန်မစဘဲနဲ့ ကျွန်တော်တု့ိ နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုတာလည်း ပြန်စမှာမဟုတ်ဘူးလေ။ အခုဆိုရင်ခင်ဗျား ဂျပန်တု့ိ ကိုရီးယားတို့က ကူးလာမယ့် ကူးစက်မြန်ကိုဗစ်ကိုကြောက်လို့အကုန်လုံးပိတ်နေတဲ့အချိန်မှာ ကျွန်တော်တု့ိက ပြန်လည်ပြီးစနိုင်ဖို့ဆိုတာ မလွယ်သေးဘူးပေါ့နော်။

နာလန်ထူတယ်ဆိုတာကတော့ ကိုဗစ်ကာကွယ်ဆေးအားလုံးပြီးသွားပြီ။ ကိုဗစ်စိတ်ချရပြီ အဆင့်ရောက်မှပဲ။ တကယ်တန်းကတော့ နာလန်ထူထောင်ပြန်လုပ်နိုင်မဲ့သဘောရှိတယ်။ဒီကိုဗစ်ကို ကျွန်တော်တု့ိက အခုဆိုရင် ရန်ကုန်တိုင်းမှာဆိုလည်း Yellow Campaign ဆိုပြီးတော့ ကိုဗစ်ကို တကယ် မကူးစက်အောင် မကူးစက်နိုင်အောင် လူတွေ အသိပညာပေးတဲ့အလုပ်တွေကို ကျွန်တော်တို့ လုပ်နေကြတယ်လေ။

အဲဒီလိုတွေလုပ်လို့ ထိန်းသိမ်းနိုင်လာပြီ ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်လာပြီဆိုရင်ကောင်းတာပေါ့ဗျာ။ သူဘာသူတဖြည်းဖြည်းနဲ့ လျှော့သွားမယ် လူတွေက လိုက်လျောညီထွေ နေတတ်လာမယ်ဆိုရင် ခရီးသွားလုပ်ငန်းတွေ ပြန်ဖြစ်လာပေါေ့နာ်။

မေး။ ။ဟိုတယ်တွေ ပိတ်နေတာလည်းရှိတော့ ဒီခရီးသွားလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးကို ဘယ်လိုသက်ရောက်နိုင်မလဲ။

ဖြေ။ ။ ကျွန်တော်တု့ိ တစ်ချို့ ပြည်တွင်းဟိုတယ်တွေဆိုတာတော့ ဧည့်သည်မရှိသေးတော့ ပိတ်ထားရတာ တချို့ကလည်း လစာတစ်ဝက်ပေးထားတယ်။ တချို့ကလည်း သုံးပုံတစ်ပုံပေးထားရတယ်။ ဟိုတယ်ကိုလာစရာမလိုဘူး မင်းဘာမင်းအိမ်မှာနေဆိုပြီးတော့ ဝန်ထမ်းတွေလစာပေးထားတာပေါ့နော်။

အခုကျတော့လည်း မပေးထားနိုင်တော့ဘူး အလုပ်ဖွင့်တော့မှ ပြန်ခေါ်မယ်ကွာဆိုပြီးတော့ အကုန်နားလိုက်ရတာတဲ့လူမျိုးတွေရှိတာပေါ့။ ဒါပေမယ့် ဒါကတော့ အခြေအနေကတော့ အခုကတော့ ပြောရခက်တာပေါ့။

ကိုဗစ်အခြေအနေကောင်းလာမှ တော်တော်လေးအခြေအနေကောင်းလာမှ ခရီးသွားလုပ်ငန်းကတော့ ပြန်လည်ရှင်သန်လာမယ်သဘောပေါ့။ ဒါပေမယ့် ဒါကတော့ ကိုဗစ်ပြီးသွားရင် ဒီလုပ်ငန်းက အခုပဲလူတွေကအတော် ခရီးသွားချင်နေကြတာလေ။

ပြည်တွင်းခရီးသွားတွေက သွားချင်ကြတယ်။ ဒါပေမယ့် တစ်နေရာတစ်နေရာသွားပြီးတော့ နောက်တစ်ခါ Qဝင် စစ်လိုက်လို့ရှိရင် Pဖြစ်နေရင်လည်း Qဝင်ရအုံးမယ်ဆိုတော့ ခရီးသွားဖို့ခက်နေတာပေါ့ဗျာ။ လောလောဆယ်နော်။ ဆန္ဒစောလို့တော့ မရသေးဘူးပေါ့။

မေး။ ။အစိုးရက ဘာတွေပံ့ပိုးပေးလဲဆရာ။

ဖြေ။ ။အစိုးရက ဟိုတယ်တို့ ခရီးသွားတို့ လုပ်ငန်းတွေ အတော်တော်များများမှာ ဟိုဒင်းပေါ့ ၁ ရာခိုင်နှုန်း နဲ့ ချေးတာတွေရှိတယ်လေ။ တချို့လည်းထောက်ပံ့ကြေး ဟိုဒင်းပေါ့ချေးတဲ့အလုပ်မျိုးရှိတယ်။ ဒါပေမယ့် ချေးတာက အားလုံးအများစုရတာထားမဟုတ်ဘူးပေါ့ဗျာ။

သူရဲ့လိုအပ်ချက်တွေ Criteria ဝင်မှရတာ ဥပမာမှာ လူမှုဝန်ထမ်းဝင်ရမယ်။ သုံးနှစ်အခွန်ဆောင်ရထားရမယ်တို့ အဲဒီအချက်အလက်တွေ ပြည်စုံမှကြတော့ ကျွန်တော်တို့ မြန်မာ အဖွဲ့အစည်းတွေကလည်း စနစ်တကျမလုပ်ထားတဲ့လူတွေလည်းရှိတော့ မရကြဘူးပေါ့။

တချို့ ဒါမျိုုးတွေလည်းရှိတာပေါ့။ ဒါပေမယ့် နိုင်ငံတော်ကတော့ ဒါထက်ပိုပြီးတော့ ထောက်ပံ့ကြေးတွေပေးနိုင်တယ်။ ၁ကျပ်တိုးနဲ့ ချေးတဲ့ဟာတွေ ဒါထက်ပိုပြီး များများချေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်တို့က မြင်တာပေါ့။ အဲဒီလိုလည်းတောင်းဆိုထား တယ်လေထပ်ပေးဖို့ ဒါပေမယ့်နဲ့ နိုင်ငံတော်ကတော့ ပေးနိုင်သလား မပေးနိုင်လားဆိုတာတော့ Budget ပေါ်မူတည်မှာပေါ့နော်။

မေး။ ။ ဘာဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ကျွန်တော်ထပ်ပြောချင်တာ ဖြည့်ပြောချင်တာတော့ ဘာပဲဖြစ်ဖြစ်ဗျာ ဒီကိုဗစ်ပြီးဖို့ အမြန်ဆုံးပြီးဖို့မျှော်လင့်တယ်။ဒါက ဒီအတိုင်းမျှော်လင့်လို့မရဘူး။ လူတွေအများစုက အသိစိတ်ဓာတ်နဲ့ ကိုယ်ကိုယ်ကို ကာကွယ်ကြဖို့လိုတယ်ဆိုတာတော့ပြောချင်တယ်။

ခင်ဗျားရေးရင်တော့ အဲဒါထည့်ရေးပေါ့။ လူတိုင်းလူတိုင်းက ကိုယ်ကိုယ်ကို ကာကွယ်မှ ကိုဗစ်ရန်ကအေးမှာ အဲဒါလေးတော့ပြောချင်ပါတယ်။

ဒေါ်လှဒါလီခင်

Managing Director ၊ Tour De Myanmar Travel& Tour Co.,Ltd

မေး။ ။ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းတွေ ဘယ်လောက်ထိခိုက်နေလဲ အစ်မ။

ဖြေ။ ။ဘယ်လောက်ထိခိုက်နေလည်းဆိုတော့ တစ်အားထိခိုက်နေပြီလို့ပြောရမှာပေါ့။ ဟိုလိုတော့ အတိအကျတော့ ကိန်းတွေ ဂဏန်းတွေနဲ့ ဘယ်လိုပြောရမလည်း ပြောဖို့ကြတော့ ကိုယ်လည်းမတက်ဘူးလေ။ဒါပေမယ့် ထိခိုက်တာတော့ တစ်နှစ်ကျော်သွားပြီလေ။ လုံးဝကိုဝင်ငွေမရှိပဲ ရပ်တန့်သွားတာဆိုတော့။

မေး။ ။အခု လက်ရှိအနေအထားမှာ ဘယ်လိုတွေဖြစ်နေလဲအစ်မ။

ဖြေ။ ။လက်ရှိအနေအထားမှာတော့လေ အစ်မကတော့ လောလောဆယ် ရုံးကိုဆက်ပိတ်ထားဆဲပဲ။ဘာလို့လည်းဆိုတော့ ဟိုCustomerလေးတစ်ယောက် နှစ်ယောက်အနေနဲ့ အစ်မရုံးကြီးဖွင့်ပြီးတော့ ဝန်ထမ်းတွေ ပြန်ပြီးတော့ခေါ်ပြီးတော့ run ဖု့ိကြလည်းအဆင်မပြေဘူးလေ။ လောလောဆယ်အထိတော့ အစ်မ ရုံးပြန်ဖွင့်ပြီးတော့ ခရီးသွားလုပ်ငန်းကို ပြန်ပြီးလည်ပတ်ဖု့ိအတွက် အစီစဉ်မရှိသေးဘူး နောက်၆လလောက်ထိပေါ့။

မေး။ ။ ခရီးသွားလုပ်ငန်းတွေ နာလန်ပြန်ထူပါတော့မလား။

ဖြေ။ ။လောလောဆယ်တော့လေ ဘယ်လိုလုပ်ဆောင်မလဲဆိုတော့ အစိုးရရဲ့ ပေါ်လစီအပေါ်မှာပဲ မူတည်တာပေါ့နော်။ နောက် ကိုဗစ်ကာကွယ်ဆေးရတယ်၊ မရတယ်ဆိုတဲ့ အပေါ်တွေမှာ အများကြီး မူတည်တာပေါ့။ မူတည်တဲ့အခါကျတော့ သူတို့ပြောသလို ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင် ယှဉ်တွဲနေထိုင် အဲဒါကြီးကလည်း ဟိုဟာလေ ဒီအတိုင်း ဆိုလိုချင်တဲ့ သဘောကကွာ ယှဉ်တွဲနေထိုင်တဲ့ကိစ္စကြီးက အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမရှိဘူးဆိုရင်တော့ သိပ်ပြီးတော့ ဂရုစိုက်စရာမလိုဘူးပေါ့။

ဒါပေမယ့် ဒါကြီးက အသက်အန္တရာယ်အတွက်ပါစိုးရိမ်ရတဲ့အနေအထားမျိုးရှိနေတဲ့အခါကျတော့ ယှဉ်တွဲနေထိုင်ဆိုလည်း လူတွေ သွားသတိ လာသတိ နေနေရတဲ့အချိန်မှာ ခရီးသွားလုပ်ငန်း ပြန်ပြီး နလန်ထူဖို့တော့ မရှိသေးဘူးပေါ့နော်။ မလုပ်နိုင်လောက်သေးဘူးလို့ အစ်မက ယူဆတာပဲလေ။

စီးပွားရေးကလည်း အရမ်းထိခိုက်နေကျတဲ့အခါကျတော့ ခရီးသွားတယ်ဆိုလည်း ရန်ကုန်ပတ်ဝန်းကျင် အနီးအနားတစ်ရက် Day Out ပေါ့နော်။ အဲဒီလောက်ကလွဲလို့ရှိရင် ရက်ရှည်ခရီးထွက်ဖို့ နိုင်ငံခြားခရီးတွေထွက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးဘူးပေါ့။ ရေရှည်မှာတော့ ဘယ်လိုတွေ Runကြမလဲ။ Burmese’s Tourismကို ဘယ်လိုပြန်ပြီးတော့ Boostလုပ်ရလဲပေါ့။ အဲဒါပဲနည်းနည်းစဉ်စားရမှာပေါ့။

ဥပမာ သူတို့စနစ်တကျနဲ့ ပုဂံဘုရားတွေဖွင့်ရင်လည်း ဘယ်ဘုရားက ဘယ်နာရီကနေ ဘယ်နာရီ ကြိုတင်ဘိုကင်နဲ့လက်ခံပြီး လည်ပတ်တာခွင့်ပြုတာမျိုး နောက်တကယ်ကို ခရီးသွားတဲ့လူတွေအတွက် Test စစ်တဲ့ဟာက လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်သူတို့ စစ်ပေးနိုင်တယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေ။

မေး။ ။ဟိုတယ်တွေ ပိတ်နေတာရှိတော့ ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးမှာ လုပ်ငန်းတွေ အပြီးရပ်ဆိုင်းတာမျိုး ပိတ်တာတွေ ဖြစ်လာနိုင်သလား။

ဖြေ။ ။လောလောဆယ်တော့ အပြီးပိတ်တာမျိုးတော့လူတွေ လုပ်ကြလိမ့်မယ်လို့တော့မထင်ဘူး။ အခြေအနေပြန်ကောင်းလာလို့ရှိရင် အကုန်လုံး ခရီးသွားလုပ်ငန်းကို ပြန်ပြီး လုပ်ကြရဦးမှာလေ။ ဒါပေမယ့် အခု ဒီအခြေအနေနဲ့တော့ ဘယ်သူမှ ပြန်runဖို့ မဖြစ်နိုင်ဘူးသေးတော့ Temporary Suspend တော့လုပ်ကြမှာပဲလေ။

မေး။ ။အစိုးရက ဘာတွေပံ့ပိုးပေးလဲ။

ဖြေ။ ။လောလောဆယ်ထိတော့ ကိုဗစ်Loan ပေးတာလွဲလို့ အခုထိတော့ ဘာမှတော့ အရမ်းကြီးမရှိသေးပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts