All News Health interview

ကိုဗစ်ကာကွယ်ဆေးထိုးမည်ဆိုလျှင် ၊ ဆေးထိုးပြီးနောက် နောက်ဆက်တွဲနှင့် ဆောင်ရန်၊ ရှောင်ရန်များ

ကိုဗစ်ကာကွယ်ဆေးထိုးမည်ဆိုလျှင် ၊ ဆေးထိုးပြီးနောက် နောက်ဆက်တွဲနှင့် ဆောင်ရန်၊ ရှောင်ရန်များ

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံနေကြပြီး ယင်းကာကွယ်ဆေးနှင့်ပတ်သက်၍ ပြည်သူများအကြား မေးခွန်းများနှင့် သိချင်သော အဖြေများစွာ ရှိနေရာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ ဒေါက်တာစစ်နိုင်ကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး စထိုးနေပြီဆိုတော့ ပြည်သူ့တွေကြားမှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိပ်မသိကြဘူး။ ကာကွယ်ဆေးနဲ့ ပတ်သတ်လို့ ကာကွယ်ဆေးက ဘယ်လိုအခြေအနေမှာ စထိုးလို့ရမလဲ။ လူတိုင်းထိုးလို့ရလားဆရာ။

ဖြေ။ ။ဘယ်လိုအခြေအနေမှာ စထိုးလို့ရမလည်းဆိုတာ အမြန်ဆုံး ထိုးရမှာပေါ့ ဖြစ်နိုင်သလောက်နော်။ လူတိုင်းအမြန်ဆုံးထိုးနိုင်လေ စောစောထိုးနိုင်လေ။ ကောင်းလေပေါ့နော် ဆိုတော့ ကျွန်တော်တို့ တစ်ချိုု့သော နိုင်ငံတွေက ရဖို့ နည်းနည်းနောက်ကြတာရှိတယ်။

ကျွန်တော်တို့ ရတာစောတဲ့အထဲမှာပါတယ်လို့ပြောရမှာပေါ့လေ။ အဲဒါလေးတစ်ခုကတော့ ဝမ်းသာစရာပေါ့။ ဒါပေမယ့် စိုးရိမ်တာက အများကြီး မြန်မြန်ဆန်ဆန် အများကြီးလောက်လောက်ငင ရပါမလားဆိုတာ တစ်ချက်ပေါ့။

ဆိုတော့ အဲဒါ ဘယ်လိုအခြေအနေမှာ စထိုးမလဲဆိုတာပေါ့နော် အဲဒါ တစ်ခု လူတိုင်းထိုးလို့ရလားဆိုတော့ ဟို အတိ အကျကြီး ပြောရင်တော့ သူတို့က အခုထိ Limit ပေါ့နော်။ ၁၆နှစ်ထက် ငယ်တဲ့လူငယ်တွေကို ဟို ဒီဆေးက စမ်းသပ်ပြီး ထိုးထားတာ အခုမှ လုပ်တုန်းရှိသေးတယ်။

စမ်းသပ်တဲ့တိုင်းပြည် ထုတ်လုပ်တဲ့တိုင်းပြည် တွေမှာပေါ့နော်။ ဆိုတော့ သူတို့က သိတာ သေချာတာကတော့ သူသည် ၁၆နှစ်နဲ့အထက် လူတွေအားလုံးမှာ အန္တရာယ်ကင်းတယ်လို့သူကသိထားတာကို ဆိုတဲ့အတွက် ဟို ၁၆နှစ်အောက်ကလေးမှာ ဘာမှတော့ ထူးထူးခြားခြားဖြစ်စရာတော့ မရှိဘူး။

သို့သော် သူတို့က သူတို့ မစမ်းထားရသေးတဲ့အတွက် သူတို့က ရာနူန်းပြည့် ဟို အာမခံဘူးပေါ့။ အဲဒီတော့ အဲဒါနဲ့ကိုက်အောင် နောက်ဟို ကာကွယ်ဆေး တွေမှာ ဖြစ်တက်ပါတယ်။ ကာကွယ် ဆေးမှာ ကလေးကို ထည့်မစမ်းဘူး။ ကိုယ်ဝန်ဆောင်ထည့် မစမ်းဘူးဆိုတာ အန္တရာယ် ဖြစ်မှာ စိုးလို့ပေါ့နော်။ ကလေးကိုညှာတာပေါ့ ကလေးဆိုတာ ကိုယ်ဝန်ဆောင်ဆို တာလည်း ဗိုက်ထဲကကလေးကိုညှာတာပေါ့နော်။

ဆိုတော့ ဒီကာကွယ်ဆေးပဲဖြစ်ဖြစ် ဘယ်ဆေးမဆို အဲဒါမျိုး ချက်ချင်းပေါ်ကာစမှာ ဘယ်တော့မှ ရုတ်တရက် သူတို့ကို မလုပ်ဘူး မပေးဘူးပေါ့နော်။ အခုလည်း မပေးဘူး ဒါပေမယ့် ဒီမှာအဆင် ပြေသွားတာက ရောဂါက ကလေးတွေမှာ အရမ်းကြီးဆိုးဆိုးဝါးဝါး ဖြစ်တာသိပ်မတွေ့ရဘူး။

ယှဉ်လိုက်ရင် လူကြီးနဲ့ ယှဉ်လိုက်ရင်သူတို့ မကူးဘူးလား ကူးတယ် မဖြစ်ဘူးလားဖြစ်တယ်။ ဒါပေမယ့်သူတို့မှာ သိပ်ပြီးဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် ခံစားရတာနည်းတယ်ပေါ့။ ယှဉ်လိုက်ရင် လူကြီးနဲ့ယှဉ်လိုက်ရင် အဲဒါကြောင့်မို့လို့ သူတို့ မထိုးပေးရင်လည်း ရသေးတယ်။ ဆိုတဲ့သဘောရှိသွားတော့ အဆင်ပြေသွားတာပေါ့။

အခုတိုင်းကတော့ ၁၆နှစ်နဲ့အောက်ကို လုံး၀ နိုင်ငံအများစု ဘယ်မှာမှ မထိုးကြဘူးပေါ့နော်။ ဆေးတွေ လောလောဆယ်ရနေတဲ့ဆေးတွေကို အခုမှ ထုတ်လုပ်တဲ့နိုင်ငံတွေမှာကို စမ်းသပ်တုန်းဖြစ်တဲ့အတွက်ကလေးတွေ အခုခေါ်ပြီးတော့ ဆယ့်ကျော်သက်တွေ အခုမှ လာကြပါ ပါကြပါ။ ဟို ဘာခေါ်မလည်း စေတနာဝန်ထမ်းသဘောအဖြစ်နဲ့ လာရောက်ပြီးတော့ ဒီဆေးကို ထိုးကြည့်ကြပါ။

ပြီးတော့ ဆက်ကြည့်မယ်ဆိုတာမျိုး လုပ်တုန်းရှိသေးတယ်။ ကျွန်တော်တို့ ဆီမှာကတော့ ဟို လူငယ်တွေမှာ ဒီအန္တရာယ်ယှဉ်လိုက်ရင်နည်းတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လူကြီးတွေနဲ့ ပိုပြီးတော့ ရောဂါကူးစက်နိုင်ဖို့ များတဲ့လူတွေကို ဦးစားပေးပြီးတော့ ၁၈နှစ်အထက်ကို ထိုးမယ်လို့ ကျွန်တော်သိရပါတယ် အခုတော့။

မေး။ ။ကာကွယ်ဆေးက နှစ်ကြိမ်ထိုးရတယ်ဆိုတော့ နှစ်ကြိမ်ထိုးပြီးရင်ကော ဘယ်လောက်သက်တမ်းကြာကြာထိ ခုခံကာကွယ်မှုရှိမလဲဆရာ။

ဖြေ။ ။ အခု ဆရာမေးတဲ့မေးခွန်းအတိအကျ ဘယ်သူမှ မသိဘူး ဒါပေမယ့် သူတို့ မှန်းထားတာကတော့ တစ်ကြိမ်ထိုးရင် ခုခံအားနည်းနည်းတက်တယ်။ နည်းနည်းတက်တယ်ဆိုတာ တစ်ယောက်ချင်း ထိုးတဲ့လူတစ်ယောက်ချင်းမှာ နည်းနည်းဆီတက်တယ်လို့ ပြောလို့ရသလို လူ ၁၀၀ ထိုးရင် အဲဒီ ၁၀၀မှာလည်း ခုခံအားတက်လာတာ အယောက်၂၀ အယောက်၃၀လောက်ပဲရှိတယ်လို့ပြောရာလည်းရောက်တယ်။

တချို့လည်း လေးငါးဆယ်ရောက်ချင်ရောက်မှာပေါ့။ ပြောချင်တာက မသေချာဘူးပေါ့။ တစ်ကြိမ်ထဲက ဆိုတော့ ဒါကြောင့် နှစ်ကြိမ်ထိုးရတာ နှစ်ကြိမ်ကလည်း သူ သတ်မှတ်ထားတဲ့အချိန်ရှိတယ်။သိပ်စောထိုးလို့လည်းမရဘူး။ စောစောထိုးရင် ဘာမှမထူးဘူး။ အရမ်းနောက်ကျသွားရင်လည်း ရှေ့က ဆေးက အရှိန်ကုန်သွားရင် ဘာမှမထူးဘူး။

ဆိုတော့ သတ်မှတ်ထားတဲ့ ဆေးတစ်မျိုးနဲ့ တစ်မျိုး အတိအကျလေးတော့ မတူဘူး။ ဒါပေမယ့် သူက သတ်မှတ်ထားတဲ့ ပထမဆေးနဲ့ ဒုတိယဆေးက ပထမတစ်ခေါက်ထိုးတဲ့ဆေးနဲ့ ဒုတိယတစ်ခေါက်ထိုးဆေးထိုးဆေး ဆေးအမျိုးအစားလည်းတူရမယ်။ ဖြစ်နိုင်ရင် တူရမယ် ဟိုလိုမျိုးထိုးလိုက် ဒီလိုမျိုးထိုးလိုက်နဲ့ မရဘူး။ အဲဒီတော့ တူတဲ့ဆေးအမျိုးအစားကို သုံးပတ် လေးပတ် အဲဒီလောက်မှာထိုးနိုင်ရင် အကောင်းဆုံးပဲ မသကာ ခြောက်ပတ် နှစ်လပေါ့ သုံးလလောက်ဆိုရင်တော့ သိပ်မကြိုက်ချင်ကြတော့ဘူးပေါ့နော်။

ဒါ စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ပြီး တွေ့လာရင်တော့လည်း အဲဒီမှာလည်းကောင်းပါတယ်ဆိုရင်တော့ တစ်မျိုးပေါ့ မဟုတ်ရင်တော့ သူက အခုအကြမ်းဖျင်းရှိနေတဲ့ဆေးတွေကတော့ သုံးပတ် လေးပတ်ပေါ့နော်။ ဒီမှာ ကျွန်တော်တို့ဆီမှာ တစ်လ တစ်လခွဲ အဲဒီလောက်အတွင်းမှာတော့ ပြန်ထိုးရဖို့ရှိတယ် ။

အဲဒီတော့ သေချာတာကတော့ ပထမတစ်လုံး ထိုးပြီးပြီးခြင်း ရောဂါကာကွယ်တဲ့အားမရဘူး။ ဆေး ဒီကနေ့ မနက် ဆေးထိုးသွားပြီးတော့ နောက်တစ်နေ့ ရောဂါအကူးခံရတဲ့လူတွေ အများကြီးရှိတယ် ကမ္ဘာပေါ်မှာ ဖြစ်တဲ့အတွက် ဆေးထိုးပြီးပြီးခြင်း ခုခံအားမရဘူး တော်တော်ကြာတယ်။

ဆိုတော့ ဒုတိယတစ်လုံးထိုးပြီးပြီးခြင်းတောင်မှ သိပ်မသေချာဘူး။ ဒုတိယတစ်လုံးထိုးပြီးရင် ရက်သတ်တစ်ပတ် အတော်ကြာပေါ့နော် တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူဘူး။နှစ်ပတ် ၁၀ရက် အဲဒီလောက်ကြာပြီးမှ ဒီအခု စမ်းသပ်စစ်ဆေးချက်တွေမှာ တွေ့တဲ့ဆေးကုမ္မဏီတွေက ကြေညာ ကြော်ငြာထားတဲ့ နူန်းကို အဲဒီလောက်နေမှ ၁၀ရက် နှစ်ပတ်လောက်နေ ဒုတိယဆေးထိုးပြီးလို့ အဲဒီလောက်နေမှ ရောဂါကာကွယ်ခုခံနိုင်စွမ်းရတယ်လို့တော့ လောလောဆယ်သိထားတယ်ပေါ့နော်။

အဲဒီတော့ စောစောက ဆရာမေးတဲ့ အဲဒီဟာ တစ်ခေါက် တစ်ခေါက်ဆိုတာ နှစ်ခါပေါ့နော်။ နှစ်လုံးထိုးပြီးရင် ခုခံအား ဘယ်လောက်ခံသလည်းဆိုတာ ဘယ်သူမှ မသိသေးဘူး။ ဆေးပေါ်တာမှ တစ်နှစ်လောက်ပဲရှိသေးတဲ့အတွက် တကယ်လက်တွေ့မှာ ဘယ်လောက်အကြာကြီးခံလည်းမသိဘူး။

သို့သော်အများစု ခန့်မှန်းကြတာက ခန့်မှန်းတယ်ဆိုတာ ဘယ်လိုလည်းဆိုတော့ ဒီရောဂါပိုးရဲ့ သဘာဝကိုလည်းသိတယ်။ ဗိုင်းရပ်စ်ပိုးပေါ့နော်။ ထိုးဆေးတွေရဲ့ အခြားကာကွယ်ဆေးတွေရဲ့ ရေမြေ အတွေအကြုံကိုကြည့်ပြီးတော့ ခန့်မှန်းလိုက်တဲ့အခါမှာ တစ်နှစ်လောက်ခံမယ်လို့ပြောတယ်။ ပြောချင်တာကတော့ တစ်နှစ်တစ်ခေါက်လောက်တော့ ဆက်ဆက်ထိုးနေရတာမျိုး အထူးသဖြင့် အရေးကြီးတဲ့လူပေါ့။

လူတိုင်းမထိုးရင်တောင်မှ ရောဂါဒဏ်ခံရမှု များတဲ့ ကူးစက်မှုများတဲ့လူတွေ ထိုးနေရတာမျိုးတော့ ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲဒီတော့ အကြမ်းဖျင်းတော့ အခုတော့ တစ်နှစ်လောက်ခံနိုင်တယ်လို့ မှန်းပါတယ်။

မေး။ ။ ကာကွယ်ဆေး ပထမအကြိမ် စထိုးပြီး ၂၈ရက်အတွင်း ကိုဗစ်ကူးစက်ခံရရင်ကော ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလို့ အဆင်ပြေပါ့မလားဆရာ။

ဖြေ။ ။ ဖြစ်တောင့်ဖြစ်ခဲပါ။ ဖြစ်တယ် နိုင်ငံတကာမှာလည်း မနေ့ကပဲ မီဒီယာမှာတောင်မေးသွားတာတွေ့လိုက်သေးတယ်။အဲဒီတော့ သူက ပထမဆေးထိုးပြီးတော့မှ ကြားထဲမှာ ကိုဗစ်ကူးစက်ခံရတာ ရှိနိုင်တယ်။

ကျွန်တော် စောစောက ဆွေးနွေးခဲ့သလိုပဲ တစ်ခါ ထိုးရုံနဲ့ မလုံခြုံတာ ဖြစ်တဲ့အတွက် ကူးနိုင်တယ်။ ကူးပြီးရင် ကူးလို့ နေမကောင်းဖြစ်နေရင်ပေါ့နော်။ ကူးလိုက်တယ် ကူးလိုက်ပြီးတော့ နေမကောင်းဖြစ်နေတယ်ဆိုရင် ခဏစောင့်ခိုင်းတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခုခံအားဖြစ်စဉ်တွေ အပြောင်းအလဲတွေဖြစ်မှာစိုးလို့ပေါ့နော်။

အဲဒီတော့ သို့သော် ဒုတိယအကြိမ်ထပ်ထိုးဖို့လိုကိုလိုပါတယ်။ လိုတယ်ဆိုတာ ခုနက နေမကောင်းဖြစ်တာလေးကိုနည်းနည်း ခဏစောင့်လိုက်မယ်။ ဒါကတော့ ဆေးအပေါ်မှာ ပညာရှင်အပေါ်မှာ လူကာယကံရှင်အခြေအနေပေါ်မှာ မှုတည်ပြီးတော့ မှ တစ်ပတ်လောက်ပေါ့နော် တစ်ပတ်တို့ နှစ်ပတ်တို့ နေမကောင်းဖြစ်ပြီးအဲဒီလောက်အကြာမှာ သူတို့ကတော့ အကြမ်းဖျဉ်း နှစ်ပတ်လို့ပြောတာပေါ့နော်။

များသောအားဖြင့် ကာကွယ်ဆေး နေမကောင်းဖြစ်ပြီး နှစ်ပတ် လောက်ကြာမှ ပြန်ထိုးတယ်။ ဒီရောဂါ ထပ်ဝင်ခဲ့တာရှိရင် နှစ်ပတ်အကြာမှာ ဒုတိယ ထိုးရမယ့်ဆေးကို ဒုတိယအကြိမ်ထိုးရမယ့်ဆေးကို ထိုးကိုထိုးရမယ့်ပေါ့။

မေး။ ။မြန်မာနိုင်ငံမှာ သုံးတဲ့ ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်ရောဂါကို ဘယ်လောက်ရာခိုင်နှုန်းအထိ ကာကွယ်နိုင်မလဲ။

ဖြေ။ ။ ဟို အခု ဒီဆေးကသူတို့ စမ်းသပ်စစ်ခဲ့တုန်းကပေါ့နော်။ ဆေးရဲ့ ပမာဏပေါ့နော်။ ဘယ်လောက်ထိုးလိုက်သလဲ ဆိုတဲ့ပမာဏ ဘယ်လောက်ခြားသလိုဆိုတဲ့ ပမဏနဲ့ စမ်းသပ်တဲ့နေရာအပေါ်မူတည်ပြီးတော့ နည်းနည်းလေးတော့ ရာနူန်းအတိအကျ ပြောရတာခက်တဲ့အနေအထားရှိတယ်။

သို့သော် ခုနကလို့ သေချာတာက ၁၀၀ ရာခိုင်နှုန်းမှာ ၆၀၊ ၇၀ ၊ ၈၀ အဲဒီလောက်အထိတော့ ရာခိုင်နူန်းမြင့်မြင့်မားမားနဲ့ ကာကွယ်နိုင်တဲ့အနေအထားရှိပါတယ်။ ရှိတော့ အခုလောလောဆယ် ကျွန်တော်တို့ ဆီကိုရောက်လာတဲ့ အမှန်ကတော့ အင်္ဂလန်နဲ့ ဆွန်ဇာလန်ပေါ့နော်။

သူတို့က အဲဒီတော့ အင်္ဂလန်ကုမ္ပဏီတစ်ခုနဲ့ အင်္ဂလန်က တက္ကသိုလ်တစ်ခုနဲ့ ဆွန်ဇာလန်က ဆေးကုမ္မဏီတစ်ခုနဲ့ ပေါင်းပြီး ထုတ်ထားတဲ့ဟာပေါ့နော် အဲဒါကို လိုင်စင်နဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တို့ အိန္ဒိယ ခွင့်ပြုချက်နဲ့ ပေးထုတ်မယ့် အိန္ဒိယက ထုတ်ပြီး ကျွန်တော်တို့ကို ဒီ ပထမအသုတ်ကတော့ လက်ဆောင်ပေးတာ နောက်ပိုင်းကတော့ ကိုယ်တွေဝယ်ထားတာလာမယ်။ အဲဒီဆေးကနိုင်ငံတကာမှာ စမ်းခဲ့ပြီးသားဖြစ်ပါတယ်။ ခုနကလို့ ရာခိုင်နူန်း မြင့်မြင့်မားမားနဲ့ ကာကွယ်နိုင်တာရှိပါတယ်။

မေး။ ။ကာကွယ်ဆေးနဲ့ ပတ်သတ်လို့ လူထုကို အသိပေးချင်တဲ့ သတင်းစကားရှိရင် ပြောပါဦး။

ဖြေ။ ။ သိပ်ပြီးတော့ အန္တရာယ်မရှိတဲ့ကလေးလူငယ်တွေပေါ့နော် ဒါတွေမှ အပ ကျန်တဲ့လူအားလုံးကို ထိုးပေးနေတာဖြစ်ပါတယ်။ အဲဒီတော့ ဘာရောဂါအခံပဲရှိရှိပေါ့နော် သူတို့ ဒါက ကျွမ်းကျင်တဲ့သူတွေက ကြည့်ရှုမေးမြန်းစစ်ဆေးပြီးထိုးပေးတာဖြစ်တဲ့အတွက် ဘယ်သူမဆို ငါမှာဒီရောဂါရှိတယ် ထိုးလိုဖြစ်ပါ့မလား ခဏခဏ ကျွန်တော်တို့ကို လာမေးကြတယ်။

ကျွန်တော်မှာ ဒီရောဂါ အခံရှိတယ်။ ကျွန်မမှာ ရောဂါ အခံကြီးရှိတယ်။ ဒီဆေးထိုးလို့ဖြစ်မလားဆိုတော့ ဘာပြန်ပြောရလဲဆိုတော့ ဒီဆေးသည် ရောဂါအခံရှိထားလူတွေ ပိုတောင်လိုအပ်တဲ့ဆေးဖြစ်ပါတယ် မြန်မြန်ထိုးရမှာ လူတိုင်းထိုးရမှာပါ။

ဆိုတော့ ဆေးထိုးဖို့ အခုစာရင်းတွေကောက်တဲ့နေရာလည်းကောက်တယ်။ တစ်ခါတည်း စာရင်းတွက်ပြီး ပေးလိုက်တာလည်း ရှိတယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ဒါဟာ ကိုယ့်ကစာရင်းပါသွားပြီဆိုရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ အားလုံး ရှားရှားပါးပါး တချို့သော ဆေးမတည့်တဲ့လူဘာညာကြမှာသာလျှင် ဒါက လုပ်စရာကိုင်စရာလေးတွေ သက်သက်ရှိတာပေါ့။

မဟုတ်ရင်တော့ လူတိုင်းသည် ထိုးလို့ရတယ်။ ထိုးသင့်တယ် အားလုံးထိုးမှာလည်း ကာကွယ်နိုင်တဲ့အာနိသင် ရမှာပေါ့နော်။ ထိုးဖို့ကြိုးစားပါ။ ထိုးတဲ့အခါမှာ ကိုယ်က စိုးရိမ်ထားတာရှိရင် ရောဂါအခံရှိလဲ ဖြစ်ဖြစ် တစ်ခုခု မသေချာလို့ပဲ ဖြစ်ဖြစ် ဆွေးနွေးမေးမြန်းချင်ရင် ကျွန်တော်တို့ တက်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်တွေနဲ့ ကြိုပြီးမေးမြန်းဆွေးနွေးထားလို့လည်းရတယ်။

သို့တည်းမဟုတ် ထိုးမယ့်အကြိမ်မှာလည်း သူတို့မေးမြန်းစစ်ဆေးတဲ့အချိန်မှာ ပြောလို့ ကိုယ့်ကလည်း အကုန်လုံးမေးမြန်းစရာရှိတာတွေ မေးမြန်းပြီး အဲဒီမှာလည်းမေးလို့ရတယ် အဲဒီတော့ မကြောက်ပါနဲ့ ထိုးကြပါ စာရင်းတော့ကောက်ပြီးပြီ တကယ်ထိုးဖို့ အလှည့်ကြုံလာတဲ့အချိန်မှာ ရောက်အောင်သွားထိုးဖို့ အကြံပြုချင်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောစရာရှိလား။

ဖြေ။ ။ ဆေးက ဟိုဟာပေါ့နော်။ဆေးက ကမ္ဘာနဲ့အဝန်းမလောက်သေးဘူးထင်တယ်။ ဒီနှစ်ကုန်အထိ ထုတ်လုပ်နိုင်စွမ်း နေရာတိုင်းမှာလည်း ဒီဆေးကလိုက်ထုတ်လို့မရဘူး။ နည်းပညာကို အခုချက်ချင်းကောက်ယူပြီး ဥပမာ သဘောတစ်ခုက မြန်မာနိုင်ငံမှာ ထုတ်လုပ်မယ်ဆိုရင် မရဘူးပေါ့။ နဂိုတည်းထဲက ကာကွယ်ဆေးထုတ်လုပ်ဖို့ အခံရှိထားတဲ့နေရာတွေ စွမ်းရည်ရှိထားတဲ့ နေရာတွေမှာပဲလုပ်လို့ရတာဖြစ်နေသေးတယ်။

လောလောဆယ်တော့ ထုတ်လုပ်နိုင်တဲ့ စွမ်းရည်က တစ်ကမ္ဘာလုံးမှာ ထင်သလောက် လိုသလောက်မရှိနေသေးဘူး မရှိနေသေးတော့ ဖြည်းဖြည်း ဖြစ်သွားနိုင်တယ်။ အလှည့်ကျ အဲဒီတော့ ကိုယ်အလှည့်ကျ စောင့်တဲ့အခါမှာ ကျွန်တော်တို့ အားလုံးစိတ်ရှည်ရှည် ညီညီညွတ်ညွတ်နဲ့ တရားသဖြင့် ဖြစ်အောင် စီစဉ်ကြပါလိမ့်မယ်။

တကယ်လို့ မတရားဘူးထင်ရင်လည်း မေးမြန်းဆွေးနွေးထောက်ပြလို့ရတယ်။ ဒါပေမယ့် ခုနကလိုပေါ့နော်။ အားလုံးပဲ ညီညီညွတ်ညွတ်နဲ့ နောက်ဆုံးတော့ အကုန်ထိုးရမှာပဲ ထိုးကိုထိုးရမှာ မထိုးချင်တဲ့လူရှိရင်လည်း ရှောင်ပြီးတော့ မထိုးဘဲနေလို့ရတယ်ဆိုပေမယ့် အားလုံးထိုးသင့်တဲ့ဆေးပေါ့နော်။ စိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့ ထိုးကြပါလို့ပဲပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts