All News Crime interview

“အောင်ကြီးကို မတရားဖမ်းဆီး ချုပ်နှောင် မှုကြောင့် နစ်နာကြေး လျှော်ကြေး သိန်း ၅ဝဝဝ ကို ရလိုမှု ဆိုပြီး စွဲတာပါ။ ရဲချုပ် ကွင်းစကွင်းပိတ် အမည်တပ်… “

“အောင်ကြီးကို မတရားဖမ်းဆီး ချုပ်နှောင် မှုကြောင့် နစ်နာကြေး လျှော်ကြေး သိန်း ၅ဝဝဝ ကို ရလိုမှု ဆိုပြီး စွဲတာပါ။ ရဲချုပ် ကွင်းစကွင်းပိတ် အမည်တပ်… “

ရဲတပ်ဖွဲ့ကို တရားစွဲသူ ကိုအောင်ကြီး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်

By ရန်ကုန်ခေတ်သစ်

နေပြည်တော်တွင် ဗစ်တိုရီးယားဆိုသော ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှုတွင် တရားခံသည် အောင်ကြီးဟု စွပ်စွဲပြောဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုခဲ့သော်လည်း သက်သေမခိုင်လုံသဖြင့် တရားရုံးက ကိုအောင်ကြီးကို ပြန်လည် လွှတ် ပေးခဲ့သည်။

ယခုအခါ တရားခံဟု စွပ်စွဲခံခဲ့ရသော ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို ပြန်လည် တရားစွဲလိုက်ပြီဖြစ်ရာ ယင်းအမှုအခြေအနေနှင့်ပတ်သက်ပြီး ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကိုအောင်ကြီး တရားစွဲဖို့ ဘယ်လိုဖြစ်လာတာလဲ။

ဖြေ။ ။ အမှုစတင်ဖြစ်ပုံလာကတော့ ဗစ်တိုးရီးယား အမှုလို့ ကျွန်တော်တို့ခေါ်တဲ့ အမှုမှာ အခြေခံတာပေါ့။ Wisdom Hill ကျောင်းမှာ ကျောင်းတက်နေတဲ့ ၃နှစ် အရွယ် ကလေးမလေး ဗစ်တိုးရီးယားလို့ ဝိုင်းပြီး ခေါ်တဲ့ မိန်းကလေး ကလေးမလေးကို ဗလက်ကာယ လုပ်တယ်ဆိုပြီးတော့ ပေါ်ပေါက်ပါတယ်။

ပေါ်ပေါက်တဲ့အခါမှာ အဲမှာ တရားခံက ကိုအောင်ကြီးပါပဲဆိုပြီး ရဲက ဖမ်းပြီးတော့ အချုပ်ထဲထည့် ၇လလောက်အချုပ်ထဲထည့် အမှုစွဲ အဲဒီအခါမှာ နောက်ဆုံး မနှစ်က ဒီဇင်ဘာလကျမှ ပြန်ပြီးတော့ ရုံးကနေပြီးတော့ စွဲချက်မတင်ဘဲနဲ့ လွှတ်လိုက်တာပေါ့။ စွဲလိုက်တင်ဖို့ အထောက်အထားမရှိဘူးဆိုပြီးတော့ လွှတ်လိုက်တာပေါ့။

အဲလိုလွှတ်လိုက်တော့ ကိုအောင်ကြီးက သူက သူ မကျူးလွန်ရတဲ့အမှုမှာ သူက အ ချုပ် ထဲမှာနေပြီးတော့ နောက်တစ်ခါ အချုပ်သား တစ်ယောက်ရဲ့ ဒဏ်တွေလည်း ခံရတာပေါ့။ ပြီးတော့ အချုပ်ထဲမှာ ဆိုတဲ့အခါကျတော့ ဒီလိုပုဒ်မမျိုးနဲ့ အစွပ်အစွဲခံရတဲ့လူ ဆိုတော့ ပိုပြီးတော့လည်း ကျန်တဲ့သူတွေရဲ့ ပြင်းပြင်းထန်ထန် ဆက်ဆံခြင်းလည်း ခံရတာပေါ့။ အဲဒီလို ကာယ ဒုက္ခတွေ စိတ်ဒုက္ခတွေ ခံနေရတယ်။

နောက်ပြီးတော့ သူ့မိဘတွေမှာလည်း အကုန်အကျတွေများ နောက်တစ်ခါ အဲလိုအမှုကို စတင်လိုက်တဲ့ နေ့မှာကိုပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုရဲချုပ် အောင်နိုင်သူကနေပြီးတော့ ဒါအောင်ကြီးပဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သတင်းစာရှင်းလင်းပွဲမှာပြော ပြောပြီးတော့ အဲမှာလည်းပဲ အောင်ကြီးကို သိက္ခာကျစေတဲ့ စကားတွေပြောတယ်ပေါ့။

အဲဒီတော့ အဲဟာတွေဟာ အောင်ကြီးအတွက်က သူက ကိုယ်ကာယ ပိုင်းကော စိတ်ပိုင်းကော ငွေရေးကြေးရေးပိုင်းကော အကုန်လုံး ထိခိုက်နစ်နာသွားတာရှိခဲ့တယ်ပေါ့။ အဲတာကြောင့်လည်း အောင်ကြီးကို လွှတ်တဲ့ ၁၈ရက် ဒီဇင်ဘာ ၂ဝ၁၉ တုန်းက ရုံးရှေ့မှာပဲ ကျွန်တော်တို့က ပြောခဲ့ပါတယ်။

အောင်ကြီးတော့ နစ်နာသွားပြီ နစ်နာမှုတိုင်းမှာ ကုစားမှုရှိရမယ်။ အဲဒီအတွက် ကျွန် တော်တို့ ကြိုးစားပြီးတော့ ကုစားမှုရှာပေးမယ်လို့ ပြောတဲ့အတိုင်း ကျွန်တော်တို့ အခု စွဲတာပါ။ စွဲလိုက်တဲ့အခါကျ အမှုက တရားမနစ်နာမှုဆိုတဲ့ အမျိုးအစားနဲ့စွဲပါတယ်။

အမှုရဲ့ခေါင်းစည်းကတော့ ရာဇဝတ်မှုတွေမှာ ပုဒ်မတွေတပ်ပေးမယ်လို့ အထူးသဖြင့် တရားမနစ်နာမှုမျိုးတွေမှာကျတော့ ကျွန်တော်တို့ ပုဒ်မ မရှိဘူးပေါ့။ သီးခြားခွင့် အက်ဥပဒေတို့ ဘာတို့ကျ အက်ဥပဒေ တစ်ခုခုအရ စွဲရင်တော့ ပုဒ်မတွေရှိတာပေါ့။

တရားမမှာလည်းပဲ ဒါပေမယ့် တရားမနစ်နာမှုလို အမှုအမျိုးအစားကျတော့ သူ့မှာသီးခြား ပုဒ်မ မရှိဘူး။ သူကတော့ ခေါင်းစည်းနဲ့ပဲ စွဲတာ။ အောင်ကြီးကို မတရားဖမ်းဆီး ချုပ်နှောင် စွဲဆိုမှုကြောင့်ပေါ့။ နစ်နာကြေး လျှော်ကြေး သိန်း ၅ဝဝဝ ကို ရလိုမှုဆိုပြီး စွဲတာပါ။ လျှော်ကြေးနစ်နာကြေး ရလိုမှုပေါ့။

အဲဒီတော့ တရားလိုကတော့ ကာယကံရှင် ကိုအောင်ကြီးပေါ့။ တရားပြိုင်ကတော့ သူ့ကို နစ်နာအောင်လုပ်တာက အဖွဲ့အစည်းကြီး တစ်ခုအနေနဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့မှ တစ်ယောက်တည်းလုပ်တဲ့ ကိစ္စမဟုတ်ဘူးပေါ့။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးကို ကိုယ်စားပြုတဲ့ လူတွေ လုပ်တဲ့အတွက်ကြောင့် အဲဒီလူတွေ အကုန်လုံးကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျွန်တော်တို့က တရားပြိုင် လုပ်ပြီးစွဲပါတယ်။ ဒါပေမယ့် လတ်တလောမှာကတော့ ရဲချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားယူထားတဲ့ တာဝန်ခံတဲ့ ဦးစီးဦးဆောင်လုပ်တဲ့အတွက်ကြောင့် ရဲချုပ် ကွင်းစကွင်းပိတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီးတော့ရဲချုပ်ရဲ့ အမည်တပ်ပြီးတော့ ကျွန်တော်တို့က အဆိုလွှာကို ရေးထည့်ထားပါတယ်။

မေး။ ။ တရားရုံးက အမှုကို ဘယ်လိုပုံစံမျိုးနဲ့ လက်ခံထားလဲ။

ဖြေ။ ။ တရားရုံးက အမှုကို တင်တဲ့နေ့မှာ ၈ရက်နေ့မှာပဲ အမှုနံပါတ် ၃၁၂ /၂ဝ၂ဝ ဆိုပြီးတော့မှ လက်ခံပါတယ်။ စစ်ဆေးဖို့ရုံးခွဲတဲ့အခါ ခရိုင်တရားသူကြီးရဲ့ တရားခွင်မှာ ကျပါတယ်။

၁၈ ရက်နေ့မှာတော့ ဒီအဆိုလွှာကို စိစစ်ဖို့ ရုံးချိန်းပေးထားပါတယ်။ ဒီအဆိုပါလွှာကို စိစစ်ပြီးတော့ အဆိုလွှာမှာ တံဆိပ်ခေါင်း စုံတယ်မစုံဘူး။ ဘာ အကျအပေါက်ရှိလဲ။ အဲတာတွေစိစစ်ပြီးတော့မှ နောက်အချိန်းမှာ တရားပြိုင်ကို စစ်မှာပေါ့။

အမှုကတော့ လက်ခံပြီးပြီပေါ့။ အမှုလက်ခံတော့ ၃၁၂/၂ဝ၂ဝ နဲ့လက်ခံပြီးပေါ့။ အမှုစတင်ပြီးတော့ အလုပ်လုပ်တာတော့ ၈ ရက်နေ့က စတာပေါ့။ ဒက္ခိဏခရိုင်တရားရုံးပေါ့။ ကိုအောင်ကြီးကို စစ်ခဲ့တဲ့ ရုံးပါပဲ။

မေး။ ။ ဒီလိုတရားစွဲဖို့က ဘာလို့ ကြန့်ကြာခဲ့တာလဲ။

ဖြေ။ ။ ကြန့်ကြာတယ်ဆိုတာကတော့ တရားမမှုတွေမှာ ကာလစည်းကမ်း သတ်ရှိတယ်။ ကာလစည်းကမ်းသတ်မကျော်ရင် ကြန့်ကြာတယ်လို့မပြောနိုင်ဘူးပေါ့။ ကာလစည်းကမ်းသတ်က သူ့ကိုလွှတ်လိုက်တာက ၁နှစ်အတွင်းစွဲတာ လွှတ်တဲ့အချိန်ကနေ တစ်နှစ်အတွင်းစွဲကတော့ အရင် ဒီဇင်ဘာ ၁၈ ရက်နေ့က လွှတ်တာ။

အခုဒီဇင်ဘာ ၈ရက်နေ့မှာစွဲတယ်ပေါ့။ အဲတော့အချိန်မလွန်ဘူး။ ကြန့်ကြာတယ်ဆိုတာက အကြောင်းတွေကရှိတယ်။ ဒီလိုအမှုမျိုးမှာ အစိုးရဌာနဖြစ်စေ ကုမ္ပဏီခြင်းဖြစ်စေ စွဲတဲ့အမှုမျိုးက အစိုးရဌာနကကော အစိုးရဌာနကိုကော ကုမ္ပဏီကကော ကုမ္ပဏီကိုကောပဲ အဲလိုစွဲတဲ့အမှုတွေမှာ တရားပြိုင်ကို ၂ လကြိုတင်ပြီးတော့ အကြောင်းကြားရတယ်။ ၂လကြိုတင်အကြောင်းကြားရတယ်။

၂လ ပြည့်ပြီးတဲ့ နောက်ကျမှ စွဲရတာ အဲတော့ ကျွန်တော်တို့က ၂လကြိုတင်အကြောင်း ကြားရတော့ အချိန်က ၂လယူတယ်။ အဲလို ၂လကြိုတင်အကြောင်းကြားပြီးတော့ အဲဒီ ရက်ပြည့်သွားပြီးတော့ စွဲတော့မယ့် အချိန်မှာလည်း ကိုဗစ်က ဖြစ်လာတာကို အဲတော့ ကိုဗစ်ဖြစ်လာတော့ ကိုအောင်ကြီးက ဧရာဝတီတိုင်းမှာ သွားနေတာ အဲဒီက ထွက်မရဘူး။ ဒီကိုမလာနိုင်ဘူး။ အဲတာတွေလည်းပါတာပေါ့။

ညှိရနှိုင်းရ ကိုအောင်ကြီးရဲ့ Extraction ကိုလည်း လူချင်းတွေ့ယူရမယ့်ဟာ မယူနိုင်ဘူးပေါ့။ နောက်တစ်ခါ သူ့လက်မှတ်ထိုးယူဖို့ အဆိုလွှာတွေမှာ သူ့လက်မှတ်ထိုးရတာကို သူကိုယ်တိုင် အတည်ပြုရတာကို အဲတာလုပ်ဖို့လည်း အဲစာရွက်စာတမ်းတွေ လှမ်းပို့ဖို့ နောက်တစ်ခါ အဲစာရွက်စာတမ်းတွေ ကျွန်တော်တို့ကို ပြန်ပို့ဖို့ကျတော့ အဖိုးတန်စာရွက်စာတမ်းတွေဖြစ်နေတယ်လေ။ အဲတော့ ပျောက်သွားလို့မဖြစ်ဘူး။

အဲတာကို စောင့်ရင်းစောင့်ရင်းနဲ့ နောက်ဆုံးတော့ အခုကျတော့လည်း စွဲကိုစွဲရမယ့် အနေအထားမှာ ကိုအောင်ကြီးက နေပြည်တော်ကို လာပြီးတော့ Q ဝင်ပြီးတော့ ဒီအမှုအတွက် လက်မှတ်ထိုးဖို့ လာရတာ ကိုအောင်ကြီးက Q ဝင်ပြီးတော့ Q Center မှာပေါ့။

အဲတော့ ကျွန်တော်တို့က ဒီစာရွက်စာတမ်းတွေ အဆိုလွှာတွေ သူလက်မှတ်ထိုးရမယ့်ဟာတွေကို Q ဝင်တဲ့ Center မှာ ဂိတ်ကနေပြီးတော့ ပေးပြီးတော့ လက်မှတ်ထိုးဖို့ ဘယ်နေရာထိုးဆိုပြီးတော့ ပြောလိုက်တာ အဲလိုနည်းနဲ့ လုပ်ယူရတာပေါ့။ အခက်အခဲတွေက အဲတာတွေရှိပါတယ်။

မေး။ ။ တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ နစ်နာနေတဲ့ ဗစ်တိုးရီးယားလေးကကော ဘာဆက်ဖြစ်မှာလဲ။

ဖြေ။ ။ ဗစ်တိုးရီးယားကျတော့ ကျွန်တော်တို့က ပြောရေးဆိုခွင့် အတိအကျမရှိဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကိုအောင်ကြီးရဲ့ ရှေ့နေကို အမှုနဲ့ပတ်သက်လို့ ကျွန်တော်ရဲ့ တိမ်းညွတ်မှု ကျွန်တော်တို့ရဲ့ စာနာမှု ကိုအောင်ကြီး တရားခံဖြစ်တဲ့အချိန်မှာ တစ်ဖက်တည်းလို သတ်မှတ်ပြီးတော့ ဗစ်တိုးရီးယားနဲ့ ကျွန်တော်တို့ စုစည်းခဲ့ကြတယ်။

အမှုပြီးသွားတဲ့အခါကျတော့ သူက သူ့ရဲ့လမ်းကြောင်းရှိရမှာကို ကျွန်တော်တို့က ဝင်စွတ်နေလို့မရဘူးပေါ့။ ရှေ့နေအနေနဲ့ ဆန့်ကျင်ဖက်လို လိုက်ခဲ့ကျရတာ။ အမှုကတော့ အမှန်တရားဖက်လို့ပြောတာ။ အမှုမှာကျတော့ ကျွန်တော်တို့ ဆန့်ကျင်ဖက်ဆိုတော့ ကျွန်တော်တို့ ရှေ့နေရဲ့ ကျင့်ဝတ်ကလည်းပဲ ထိခိုက်သွားနိုင်တယ်ပေါ့။

ကျွန်တော်တို့က စောင့်စည်းနေရတာပေါ့။ အဲတော့ လုပ်ကြမှာလို့ ထင်ပါတယ်။ ဗစ်တိုးရီးယားလေးကို ရဲတွေကနေပြီးတော့ ဖွင့်ချတဲ့ ကိစ္စအတွက် ဦးသိန်းသန်းဦးတို့ ဦးစိန်းဝင်းချမ်းတို့ အိုင်လန်ကပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းကပါပဲ။ သူတို့ကလည်း တရားစွဲဖို့ သမ္မတဆီတောင်းတဲ့ ကိစ္စတွေဘာတွေလည်း ရှိနေသေးတာပေါ့။

အဲတာတွေကလည်း ဘာဖြစ်မှာလဲဆိုတာ သူတို့က ရှေ့နေကြီးတွေပဲလေ သူတို့လည်းလုပ်ကြမှာပါ။ နောက်တစ်ခါ အမှုကိုပြန်ဖွင့်မလား။ အသစ်ဖွင့်မလား။ သို့မဟုတ် သက်ဆိုင်ရာက ဖွင့်ပြီးသားဖြစ်တဲ့အတွက် ရဲက လုပ်ကိုလုပ်ရာမှာလား။ ဆိုတဲ့ကိစ္စတွေကလည်း ဒါရဲကိုတွန်းအားပေးရမယ့် ကိစ္စတွေ ရှိနိုင်ပါတယ်။

အဲဒါတွေကတော့ သူ့မိဘတွေနဲ့ ဝိုင်းဝန်းတဲ့ ပုဂ္ဂိုလ်တွေ ဝိုင်းလုပ်ကျရမယ့်ကိစ္စပေါ့။ ဒီအမှုကတော့ ကျွန်တော်တို့ ဗစ်တိုးရီးယားလေးအတွက်လည်း အိုင်လန်က ၂ယောက်က တရားစွဲဖို့ကို ရဲကို အဲတာက ပြစ်မှုကြောင်းပေါ့။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးတော့မဟုတ်ဘူး။ အဲကနေပြီးတော့ ကျူးလွန်တဲ့သူ ၂ယောက် ၃ယောက်ပေါ့။ အရာရှိကြီးတွေကို စွဲဖို့လုပ်တာကို အဲတာ မြန်မာနိုင်ငံ လွတ်လပ်တဲ့ရှေ့နေများအသင်းကပါ။ အခုလည်းပဲ ကျွန်တော်တို့က အိုင်လန်ကပါပဲ အိုင်လန်အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းကနေပြီးတော့ လူ့အခွင့်ရေး ကော်မတီကနေပြီးတော့ စွဲတာပါ။

အခုစွဲတဲ့ ရှေ့နေ ၃ယောက်လုံးကလည်း အိုင်လန်မှာ တာဝန်ရှိတဲ့ သူတွေပါပဲ။ ကျွန်တော်အပါအဝင်ပေါ့။ လူ့အခွင့်အရေး ကော်မတီဆိုတာရှိပါတယ်။ အဲဒီကော်မတီဝင်တွေပါ။ ကျွန်တော်တို့က ရဲတပ်ဖွဲ့ကို ကိုအောင်ကြီးကနေပြီး တရားမကြောင်းအရ စွဲတာလေ ဟိုဟာကျတော့ ရဲတပ်ဖွဲ့ထဲကနေပြီးတော့ ဗစ်တိုးရီးယားလေးကို အမည်ဖွင့်ချဖို့ လုပ်ခဲ့တဲ့ လူကြားထဲ ဖွင့်ချခဲ့တဲ့ ရဲတွေကို ကလေးသူငယ် ဥပဒေအရ စွဲတဲ့ကိစ္စပေါ့။ အဲတာက ကျွန်တော်တို့တော့မဟုတ်ဘူး။

အဲတာကတော့ နိုင်ငံတော်သမ္မတဆီမှာ ခွင့်ပြုချက် ယူရတာပေါ့။ ကျွန်တော်တို့ တရားမကတော့ ၂လကြိုတင်ပေးပြီးတော့ စွဲလို့ရတယ်။ ဟိုဟာကျတော့ အစိုးရအဖွဲ့အစည်းသော်လည်းကောင်း အစိုးရ အရာရှိသော်လည်းကောင်းဆိုရင် ခွင့်ပြုချက် ဆိုတာတောင်းရတယ်။ တရားစွဲမိန့်ဆိုတာ အဲဒီ ခွင့်ပြုချက် ကို တောင်းတာက သမ္မတဆီတောင်းထားတာ အဲတာကျမလားသေးဘူး။ အဲတာကို သူတို့စောင့်နေကျတယ်ထင်ပါတယ်။

မေး။ ။ ဒီအမှုအပေါ် ယုံကြည်မှု အတိုင်းအတာဘယ်လောက်ရှိလဲ။

ဖြေ။ ။ အမှုနိုင်ခြင်းဆိုတာထက် ရလဒ်ကို ကြိုတင်ပြီးတော့ စကားဦးသန်းရင် ရှေ့နေအနေနဲ့ မကောင်းဘူးပေါ့။ ကျင့်ဝတ်လည်းရှိတယ်။ နောက်ပြီးတော့ ခင်ဗျားတို့လည်း အမြဲတမ်း သတိထားနေရတာရှိပါတယ်။

တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေပေါ့။ အဲဒီဥပဒေမှာ စစ်ဆေးဆဲ အမှုတစ်ခုကို တရားသူကြီး တိမ်းညွတ်သွားအောင် သြဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့ ရေးတာတို့ ပြောတာတို့ဆိုရင် တရားရုံးကို မထီမဲ့မြင်ပြုရာရောက်တယ်ဆိုတာ ရှိတာကို အဲတော့ ကျွန်တော်တို့က အဲဒီလို ရလဒ်ကို ပြောလို့မဖြစ်ဘူး။

ဒါပေမယ့် ယေဘုယျ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီအမှုစွဲတာဟာ အစိုးရအဖွဲ့ ဌာနတစ်ခုကို ကျွန်တော်တို့စွဲတာ အဲတော့ အဲတာမျိုးက မဟာဗျူဟာမြောက် တရား စွဲဆိုခြင်းလို့ခေါ်ပါတယ်။

Strategic Litigation မှာ ရလဒ်ဆိုတာက အဲလို စွဲလိုက်ပြီးဆိုရင် ရလဒ်က တိုက်ရိုက်တောင်းဆိုတဲ့ ရလဒ် အဲတာအပြင် တခြားမှန်းချက်တွေ အများကြီးရှိတယ်။ Strategic Litigation ဆိုတာ အဲဒါ ဘာလဲဆိုတော့ ဥပဒေ တစ်ရပ်ကို အဲလိုတရားစွဲဆိုခြင်းအားဖြင့် Strategic Litigation မဟာဗျူဟာ မြောက်တရားစွဲဆိုခြင်းတွေလုပ်ခြင်းအားဖြင့် အဲဒီဥပဒေပြောင်းသွားနိုင်တာမျိုး အဖွဲ့အစည်းတစ်ခုရဲ့ ပုံစံပြောင်းသွားနိုင်တာမျိုး နောက်တစ်ခါ ထိန်းချုပ်မှု တစ်ခုခု ဖြစ်သွားနိုင်တာမျိုး အဲလိုရလဒ်တစ်ခုခုပေါ်ရင်လည်းပဲ ဒါအကျိုးသက်ရောက်မှုပါပဲ အကျိုးရှိတယ်လို့ ကျွန်တော်တို့ပြောနိုင်တာပေါ့။

မေး။ ။ ကိုအောင်ကြီးရဲ့ လုံခြုံရေးအခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ သူ့လုံခြုံရေးကိုတော့ အကုန်လုံးဝိုင်းပြီးတော့ အာရုံစိုက်ပေးကျဖို့ပါပဲ။ ဘာလို့ဆိုတော့ ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်းမသိနိုင်ပါဘူး။

ဒါပေမယ့် အင်းအားကြီးတဲ့ အင်အားစုတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ်ပေါ့ အန္တရာယ်တစ်စုံတစ်ရာရှိသွားနိုင်တာပေါ့။ ကျွန်တော်တို့ ရိုက်တာသတင်းထောက်တွေရဲ့ အမှုမှာ ဒုရဲမှူး မိုးရန်နိုင် သက်သေထွက်တဲ့နေ့ပဲ အဲဒီရုံးရှေ့မှာ သတင်းထောက်တွေကို မေတ္တာရပ်ခံပါတယ်။ သူ အန္တရာယ်ရှိတယ်သူ့အတွက် အဲလိုပြောရင်းကနေ နောက်ရုံးချိန်းပြန်ထွက်လာတော့ သူကအဲလို လက်ထိပ်တွေနဲ့ ခြေကျင်းတွေနဲ့ ထောင်ဝတ်ထောင်စားနဲ့ဖြစ်နေပြီပေါ့။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် မျက်စိဒေါက်ထောက် ကြည့်ထားဖို့လိုတာပေါ့။ ကိုအောင်ကြီးက ၁၅ရက်နေ့ ဆိုသူ Q ပြန်ထွက်လာမယ်။ Q Center ကနေပြီးတော့လေပေါ့။

မေး။ ။ ကိုအောင်ကြီး လုံခြုံရေးအတွက် ဘယ်လိုပြင်ဆင်ပေးထားလဲ။

ဖြေ။ ။ ကျွန်တော်တို့က လုံခြုံရေးပေးနိုင်တဲ့ စွမ်းပကားမရှိဘူးပေါ့။ ကျွန်တော်တို့လည်း အရပ်သားပဲ ကျွန်တော်တို့က တပ်လှန့်ပေးနိုင်တာပဲရှိတာပေါ့။ ခင်ဗျားတို့လည်းပဲ သေနတ်ကြီးတွေ တုတ်တွေ ဓားတွေထမ်းပြီး သူ့ဘေးပတ်ချာလည် ကိုယ်ရံတော်တွေ လုပ်နိုင်တာတော့မဟုတ်ဘူးပေါ့။

ဒါပေမယ့် မျက်စိဒေါက်ထောက်ကြည့်နေဖို့ပေါ့။ ကိုယ့် သတင်းမြင်ကွင်းထဲကလည်း မပျောက်စေဖို့ပေါ့။ အဲဒါမှလည်း သူ့အတွက် အန္တရာယ် အတတ်နိုင်ဆုံး လျှော့မှာပေါ့။ ဘယ်သူက ဘာလုပ်မယ်ဆိုတာမပြောနိုင်ဘူး။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။

မေး။ ။ ပြည်သူတွေကို ပြောဖို့ကတော့ ကျွန်တော်တို့ ပြည်သူလူထုကို ပြောခဲ့တဲ့အတိုင်း နောက်ဆုံး ကိုအောင်ကြီးလွတ်တဲ့ ရုံးချိန်းမှာပြောတယ်။ ကိုအောင်ကြီးအတွက်ကို ကျွန်တေ်ာတို့ ဆောင်ရွက်ပြီးပြီ။

ကျန်တဲ့ဟာကိုလည်း ကျွန်တော်တို့က ဆက်ပြီးတော့ အမှုနဲ့ပတ်သက်ပြီးတော့ အလုံးစုံ ဖော်ထုတ်ဖို့ကိစ္စ ပြည်သူလူထုကလည်း မျက်ခြေမပြတ်ဖို့လိုတယ်။ အဲဒါကိုလည်း ကျွန်တော်တို့က ပြည်သူနဲ့အတူဆက်ပြီးတော့ ဆောင်ရွက်သွားမယ် ကူညီသွားမယ်ဆိုတာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts