China Watch interview Peace Web TV

“အစိုးရတိုင်း တက်လာတဲ့ အစိုးရတိုင်း ဒါကိုဖိနှိပ်ရေး ယန္တရားအဖြစ် ထပ်ပြီးကျင့်သုံးမှာပဲ။ လက်ပံတောင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စသည် ပြန်လည်ဖော်ထုတ်ပြီးတော့ အရေးယူသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လုပ်ကြံခံခဲ့ရတဲ့ ဒီပဲဃင်းလို ကိစ္စမျိုး နောက်ပြီးတော့ တခြား ၁၉၈၈၊ ၈၈ မတိုင်ခင်ကော လူထုအပေါ် မတရားကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အကုန်လုံးပေါ့”

By ရန်ကုန်ခေတ်သစ်

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်း လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြသည့် သံဃာ တော်များ အပါအဝင် သပိတ်စခန်းကို အာဏာပိုင်များက မီးလောင်ဗုံးများဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့သည်။

ယင်းဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်များ မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတချို့မှာလည်း အရိုက်ခံခဲ့ရမှုများ ဖြစ်ပွားခဲ့သည်။ ၈ နှစ်ကြာလာသည်အထိ ရွေးကောက်တင်မြှောက်ခံ NLD အစိုးရလက်ထက်တွင်လည်း တရားမျှတမှု မရရှိသေးဘဲအကြမ်းဖက် ဖြိုခွင်းခဲ့သူ၊ ကျူးလွန်ခဲ့သူ များသည် ယနေ့အချိန် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နေဆဲဖြစ်သည်။

လက်ပံတောင်း ဆန္ဒပြလှုပ်ရှားမှု အကြမ်းဖက်ခံရခြင်း ၈ နှစ်ပြည့်အဖြစ် ထိုအချိန်က ဦးဆောင်ပါဝင်ခဲ့သူများကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

https://www.facebook.com/khitthitnews/videos/233865324825151/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts