All News Local News Peace

ရခိုင်အရေး နိုင်ငံတကာအလယ်တွင် ခုခံပြောဆိုခဲ့သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဟောင်းကို ဒုဝန်ကြီးခန့်အပ်

ရခိုင်အရေး နိုင်ငံတကာအလယ်တွင် ခုခံပြောဆိုခဲ့သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဟောင်းကို ဒုဝန်ကြီးခန့်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂညီလာခံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်အဖြစ် ခုခံကာကွယ်ခဲ့သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဟောင်း ဦးဟောက်ဒိုဆွမ်းကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ၏ ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၈/ ၂၀၂၀ ဖြင့် ဦးဟောက်ဒိုဆွမ်းကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဒုဝန်ကြီးအဖြစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ခန့်အပ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဟောင်း ဦးဟောက်ဒိုဆွမ်းသည် ၂၀၁၇ ခုနှစ်မှစတင်၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံအပေါ် အမြဲလိုလို စွပ်စွဲပြောဆိုလေ့ရှိသော ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း ” ethnic cleansing” ၊ ”ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)” ”မျိုးနွယ်စုအား သုတ်သင် ရှင်းလင်းခြင်း(ethnic cleansing)”၊ ”လူမျိုးသုဉ်း သတ်ဖြတ်ခြင်း(genocide)” စွပ်စွဲမှုများအပေါ် မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ခုခံတုံ့ပြန်ခဲ့သူလည်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts