All News interview Peace

ပန်ဆန်းတွင် တပ်မတော်နှင့်AA တို့ ရွေးကောက်ပွဲကိစ္စနှင့် ပစ်ခတ်မှုရပ်စဲရေး သေချာရန် ဆွေးနွေး၊ ယုံကြည်မှု တည်ဆောက်နိုင်၍ နှစ်ဖက် ပစ်ခတ်မှု ထိန်းထားနိုင်ဟု ခိုင်သုခပြော

ပန်ဆန်းတွင် တပ်မတော်နှင့်AA တို့ ရွေးကောက်ပွဲကိစ္စနှင့် ပစ်ခတ်မှုရပ်စဲရေး သေချာရန် ဆွေးနွေး၊ ယုံကြည်မှု တည်ဆောက်နိုင်၍ နှစ်ဖက် ပစ်ခတ်မှု ထိန်းထားနိုင်ဟု ခိုင်သုခပြော

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင်၍ တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့ဘဲ သေနတ်သံများတိတ် ဆိတ်လျက်ရှိပြီး တပ်မတော်နှင့်AA တို့အကြားတွင်လည်း တွေ့ဆုံဆွေးနွေးမှုများရှိနေပြီဖြစ်ရာ ငြိမ်းချမ်းရေးအလားအလာ ကောင်းမွန်လျက်ရှိသည်။

ဒီဇင်ဘာလ ၉ ရက်နေ့က ၀ဒေသ ပန်ဆန်းတွင် တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် AA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ယင်းအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်တပ်တော်ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ “၀” ဒေသ ပန်ဆန်းမှာ တပ်မတော်နဲ့ AA တပ်တော်တို့ မနေ့ ကတွေ့ ဆုံဆွေးနွေးခဲ့တာ ဘာတွေဆွေးနွေးဖြစ်ပါလဲ။

ဖြေ။ ။ မနေ့က ပန်ဆန်းမှာ မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ ရခိုင်တပ်တော်က ကိုယ်စားလှယ်အဖွဲ့တွေ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာရှိတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေး နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သေချာအောင် လုပ်ဆောင်နိုင်ဖို့ ကိစ္စတွေကို အဓိက ထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မေး။ ။ ရခိုင်တပ်တော်ဘက်က ဘယ်သူတွေတက်ပါလဲ။ မြန်မာ့တပ်မ တော် ဘက်ကရော ဘယ်သူတွေတက်ပါသလဲ။ ဆွေးနွေးပွဲကို။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီးတော့ ဆွေးနွေးတာခင်ဗျ။

မေး။ ။ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင် နှစ်ဖက်စလုံးက ထိန်းသိမ်းထားတာပေါ့နော်။ ပြောမယ်ဆိုလို့ရှိရင် ယုံကြည်မှု တည်ဆောက်တဲ့ အပိုင်းပေါ့။ အဲဒီကနေတစ်ဆင့် ကျနော်တို့ တကယ့် အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာအောင်နဲ့ Bilateral အထိ ဘယ်လိုလုပ်မလဲဆိုတာက ရှေ့ဆက် ဆွေးနွေးပွဲတွေမှာ ပိုပြီးတော့ အဖြေထွက်လာမှာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts