All News Health Local News

နှစ်ပတ်တာ Semi-Lock down ချထားတဲ့ စစ်ကိုင်းတိုင်း ရွှေဘို၊ ကလေး နဲ့ စစ်ကိုင်းမြို့နယ် ၃ ခု အခြေအနေဘယ်လိုရှိလဲ

နှစ်ပတ်တာ Semi-Lock down ချထားတဲ့ စစ်ကိုင်းတိုင်း ရွှေဘို၊ ကလေးနဲ့ စစ်ကိုင်းမြို့နယ် ၃ ခု အခြေအနေဘယ်လိုရှိလဲ

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ပိုးတွေ့လူနာ ၁၀၀၀ ကျော်ရှိနေပြီး စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့နယ်များတွင် ပိုးတွေ့လူနာ အများဆုံးတွေ့ရှိနေရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ စစ်ကိုင်း၊ ရွှေဘိုနှင့်ကလေးမြို့နယ်များတွင် Stay at Home အမိန့်ကို တင်းကျပ်ပြီး Semi – Lock Down ချထားရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ကလေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူနှင့် ခင်ဦးမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမ(ခ) ရှားမီး

မေး။ ။ ကလေးမြို့နယ်ဟာ အခုဆိုရင် Stay at Home နဲ့ အတော်ကို တင်းတင်းကျပ်ကျပ်စကိုင်တွယ်ပြီလို့သိရတယ်။ အဲဒါ နောက်ဆုံးအခြေအနေလေး သိချင်ပါတယ်။

ဖြေ။ ။ ကျွန်မတို့ ဒီ Lock down တော့ မဟုတ်ဘူးပေါ့။ Stay at Homeပေါ့ Lock downနဲ့ Stay at Home ကလည်း အနေအထားမတူဘူးလေ။ ကျွန်မတို့ ကလေးမြို့မှာ ဒီ Second wave မှာ သိတဲ့အတိုင်းပဲ Positive တွေ အရမ်းများလာတယ်ပေါ့နော်။ စစ်ကိုင်းတိုင်းမှာတော့ ရှေ့ဆုံးမှာပြေးနေတာပေါ့။

အဲဒါဆို ကျွန်မတို့က မြို့နယ်အဆင့် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီ ကျွန်မတို့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်တော့ ကျွန်မတို့က ဒီတစ်မြို့နယ်လုံး Stay at Home လုပ်ချင်လုပ်ပေးမယ်။အဖြစ်များတဲ့ ရပ်ကွက် (၅)ရပ်ကွက်ပေါ့။ အဲဒီ ၅ရပ်ကွက်ကို Stay at Home အရင်လုပ်မလား။ ကျန်းမာရေးဌာနတွေနဲ့လည်း ဆွေးနွေးကြတယ်။

ဒီလူမှုရေးအသင်းအဖွဲ့တွေရော ရပ်ကွက်တိုင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှုးတွေရော ကျွန်မကိုယ်တိုင်လည်းပါဝင်ပါတယ်။ အဲဒီမှာ ကျွန်မတို့ဆွေးနွေးတဲ့အခါမှာ Positive အဖြစ်များတဲ့ ရပ်ကွက် အယောက် ၅၀ကျော်တို့ ၂၀ကျော်တို့ ဖြစ်နေတဲ့ရပ်ကွက်တို့ကို အရင်Stay at Home လုပ်မယ် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမလဲ။

တစ်မြို့နယ်လုံးကို Stay at Home လုပ်လိုက်ခြင်းအားဖြင့် စားဝတ်နေရေးက အစ မဖြစ်သေးတဲ့ ရပ်ကွက်တွေကို Stay at Home လုပ်လိုက်ခြင်းအားဖြင့် အကျိုးသက်ရောက်မှု ပိုများမလား။ အဆိုးဘက်က ပိုများသလားဆိုတာကို ကျွန်မတို့ ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာ ကျန်းမာရေးဌာနဘက်ကလည်း ဒီလို ဆွေးနွေးတာရှိတယ်။

ဒီအဖြစ်များတဲ့ရပ်ကွက်ကို အရင် Stay at Homeလုပ်ပြီးမှ နောက်ထပ် တစ်ခြားရပ်ကွက်တွေမှာ အကူးများလာလို့ရှိရင် အဲဒီ ရပ်ကွက်တွေကို ဆက်တိုက်ဆက်တိုက် Stay at Homeကြေညာလိုက်ရင် ပိုသင့်တော်မလား။ စားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းဖို့ကလည်း နည်းနည်း ခက်ခဲတယ်ပေါ့။ ရပ်ကွက်ကနေ ပူးပေါင်းပါဝင်မှုကလည်း အရမ်းအရေးကြီးတယ်။

အဖြစ်များတဲ့ ၅ရပ်ကွက်ကို ကျွန်မတို့ အရင် Lock down အဖြစ်များတဲ့ နယ်မြေကို Semi Lock down လုပ်တာပေါ့။ အဲဒီရပ်ကွက်အ တွင်းမှာရှိတဲ့ သိပ်မပျံ့နှံ့သေးတဲ့နေရာတွေကိုတော့ Stay at Homeပေါ့နော်။ Stay at Home သဘောတရားနဲ့ အဲဒီလိုပဲ စပြီးလုပ်လိုက်တယ်။ လုပ်လိုက်ပြီးတော့ ထွက်လာတဲ့ ညွန်ကြားချက်မှာတော့ ကြေညာချက်မှာတော့ တစ်မြို့နယ်လုံး Stay at Home တစ်မြို့နယ်လုံး စစ်ကိုင်တိုင်းကကြေညာလိုက်တာတော့ ရှိတယ်။

မေး။ ။ Stay at Home တင်းတင်းကျပ်ကျပ် လုပ်ထားတော့ ဘာတွေကို ထိခိုက်နိုင်မလဲ။

ဖြေ။ ။ထိခိုက်နိုင်တာဆို ကျွန်မတို့က ရောဂါကိုထိန်းချုပ်လိုက်တာပေါ့နော်။ ရောဂါထိန်းချုပ်လိုက်တဲ့အခါမှာ ဒီတစ်မြို့နယ်လုံးကို Stay at Homeလုပ်လိုက်လို့ရှိရင် ကားအဝင်အထွက်အကုန်လုံးပိတ်ရမယ်။ ပြီးတော့ တစ်အိမ်မှာတစ်ယောက်ပဲ ထွက်ရမယ် ဈေးဝယ်ထွက်ရင်လည်း တစ်ယောက်ပဲထွက်ရမယ်။ အဝင်အထွက်ကတ်နဲ့ပေါ့နော်။ အဲဒါဆိုရင် ကျွန်မတို့ ဒီစားဝတ်နေရေးအတွက် ထိခိုက်နိုင်မလား ရောဂါထိန်းချုပ်တဲ့နေရာမှာ အဖြစ်များရပ်ကွက်ကို အရင်ထိန်းချုပ်တာ ပိုပြီးတော့ သင့်တော်မလားဆိုတဲ့ဟာပေါ့။

အဲဒီအပေါ်မှာ ကျွန်မတို့ သုံးသပ်ပြီးတော့ ပထမအနေနဲ့တော့ ပမာဏအနေနဲ့တော့ ဆုံးဖြတ်ချက်ပြီတော့ ၅ရပ်ကွက်ကိုပဲ ကျွန်မတို့ အရင်စလုပ်လိုက်တယ်။ ဒါပေမယ့် ၅ရပ်ကွက်နဲ့ အဆင်ပြေမလား။ နောက်ထပ် ပြန့်သွားလို့ရှိရင် တစ်မြို့နယ်လုံးကိုကြိုပြီးတော့ ပိတ်ထားတာကောင်းမလားဆိုတဲ့ဟာကိုတော့ ဒီနေ့ထပ်ပြီးတော့ ဆွေးနွေးရမှာ ဟုတ်ကဲ့။

မေး။ ။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ဘယ်လိုအရေးယူဆောင်ရွက်နေလဲ။

ဖြေ။ ။ကျွန်မတို့က Saty at Home တို့ Home ကွာရင်တင်းတို့ ထားတယ်။ ဒါပေမယ့် Home ကွာရင်တင်းရဲ့ စည်းကမ်းသတ်မှတ်ချက်ရှိတယ်။ အဲဒါကို ကျုးလွန်လို့ရှိရင်တော့ ကူးစက်မှုဥပဒေအရ အရေးယူသွားတာတွေရှိပါတယ်။ ဒေသန္တရ အာဏာပိုင်အနေနဲ့ အချုပ်ထဲမှာ ထည့်တဲ့လူတွေလည်းရှိပါတယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိပါသလား။

ဖြေ။ ။ တစ်မြို့နယ်လုံးကို Stay at Home လုပ်လိုက်ရင် ပိုပြီးတော့ ဒီရောဂါကို ပိုပြီး ထိန်းချုပ်နိုင်မလား။ဒါပေမယ့် အခု ကျွန်မတို့ Positiveထွက်နေတဲ့ နေရာက ဒီ ၅ရပ်ကွက်နေပဲ ဒီနေ့အချိန်ထိပေါ့နော်။ ဒီအချိန်အထိ ၅ရပ်ကွက်ကပဲ ဖြစ်ဖြစ်နေတာဆိုတော့ တိုးတိုးလာတာဆိုတော့ ကျွန်မတို့ ဒီငါးရပ်ကွက်ကိုပဲ ဆက်ပြီးတော့ ပိတ်သင့်လားဆိုတာကို ကျွန်မတို့ စဉ်းစားရမှာပေါ့။

ကျွန်မတို့အနေနဲ့တော့ တစ်မြို့နယ်လုံး ဒီထက်မက ပိုဆိုးလာမယ့် အခြေအနေမျိုးဖြစ်မှာကိုလည်း လုံးဝစိုးရိမ်ပါတယ်။ ကလေးမြို့ ပြည်သူလူထုအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေအတိုင်းအဖြစ်နိုင်ဆုံးနဲ့ အိမ်မှာ နေကြစေချင်ပါတယ်။ ကျွန်မအနေနဲ့တော့လေလူစုလူဝေးတွေလည်း လုံးဝရှောင်ဖို့။

ခင်ဦးမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း

မေး။ ။ စစ်ကိုင်း၊ ရွှေဘိုနဲ့ ကလေးမြို့နယ်တွေမှာ Stay at Home ကို တင်းတင်းကျပ်ကျပ်နဲ့ လုပ်နေပြီဆိုတော့ ဘယ်လို အခြေအနေတွေရှိပါသလဲ။

ဖြေ။ ။ ကျန်းမာရေး အသိ သတိနဲ့ထားပြီးတော့ ဒါ ထုတ်ပြန်သင့်တဲ့ကိစ္စပေါ့ဗျာ။ ကျန်းမာရေးအမြင်နဲ့ ကြည့်ရလို့ရှိရင်တော့ လုပ်သင့်တဲ့ကိစ္စပေါ့ ဒါပေမယ့် ဒီအခုဖြစ်နေတဲ့ ရွှေဘို ကလေးပေါ့နော်။ စစ်ကိုင်း အဓိကကျတဲ့ ဒီမြို့တွေကိုပဲ အရင်အဓိက ထားပြီးတော့ လုပ်သင့်တယ်ပေါ့။

ပြီးတော့မှ ကျွန်တော်တို့ ခင်ဦးဘက်က တကယ်လို့ အခြေအနေလေးကြားလာတယ် နည်းနည်းဆိုးလာပြီဆိုရင်တော့ ရွှေဘိုဘက်ကိုလည်း Semi Lock downလေး ထပ်ချတာ ထပ်တိုးချတာ ဘာတို့လုပ်သင့်တာပေါ့ဗျာ။

မေး။ ။ Stay at Home ကို တင်းကျပ်ရင် ဘာတွေ ထိခိုက်လာမလဲ။ ထိခိုက်မှုတွေ အတွက် ဘာတွေ ပြင်ထားလဲ။

ဖြေ။ ။အခု ကျွန်တော်တို့ မြို့နယ်ကတော့ အခုတိုင်ပင်စည်းဝေးတုန်းရှိသေးတယ်ဆရာရေ ကျွန်တော်တို့မြို့နယ် ခင်ဦးကလေ ကျွန်တော်တို့ဆီကတော့ ဒါတွေနဲ့ ပတ်သတ်ပြီးတော့ ဘယ်ဟာတွေကတော့လိုက်နာရမယ်။

ဘယ်ဟာတွေကတော့လိုက်နာလို့ ရှိရင် အကုန်လုံးအပြည်စုံလိုက်နာလို့ မရနိုင်တဲ့အချက်တွေကတော့ ဒါတွေဆိုတာ ကိုယ်မြို့နယ်နဲ့ကိုယ် ကျွန်တော်တို့က ပြန်ပြီးတော့ အစည်းအဝေးထိုင်ပြီးတော့ အခုကျန်းမာရေးဌာနတွေနဲ့ ထွေအုပ်တို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးထိုင်ပြီးတော့ ပြန်ဆုံးဖြတ်ရမှာဆရာ ကျွန်တော်တို့က။

မေး။ ။ အရေးယူမှုအပိုင်းတွေမှာရော..။

ဖြေ။ ။ ဘယ်လိုအရေးယူဆောင်ရွက်မှာလည်းဆိုတော့ ကျွန်တော်တို့ကတော့ အပြစ်ကြီးကြီးမှားမှားကြီးမဟုတ်ဘဲနဲ့ပေါ့နော်ဗျာ။ ဒါ အခု ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောထားသလိုပေါ့ ဒီ Mask လုံးဝမတပ်ဘူးဆိုရင် ဖမ်းတယ်လေ။ ဖမ်းပြီးတော့ Mask ကို ဝယ်ခိုင်းတယ်လေ။ အဲဒါမျိုး Mask ဝယ်ခိုင်းတယ်။ ဆိုင်ကယ်ဦးထုပ်မပါလည်း ဦးထုပ်ပေါ့နော်။

ဒါမျိုးတွေ ကျွန်တော်တို့တွေ ဆိုင်ကယ်ဦးထုပ်ကတော့ တပ်ဖို့ရာပြောလိုက်တော့ တစ်ခါတည်းနောက်ရက်မှ မတပ်ခဲ့ဘူးဆိုလိုရှိရင်လည်း လုပ်ခဲ့ပေါ့။ လောလောဆယ် ဒီ Maskက အရေးကြီးတာဆိုတော့ ဒီ Mask ကို မဖြစ်မနေ ဝယ်သွားဖို့ ကျွန်တော်တို့ဆီက အဲဒီလိုမျိုးလုပ်တယ်။

မေး။ ။ ဘာများဖြည့်စွက်ပြီးထပ် ပြောချင်တာရှိလဲ။

ဖြေ။ ။ ကိုယ့်မြို့နယ် ကိုယ်ရပ်ရွာ ကိုယ်ကိုယ်တိုင် မိသားစု မဖြစ်လောက်သေးဘူးဆိုပြီးတော့လည်း ကျွန်တော်တို့က ပေါ့ပေါ့ဆဆနဲ့ သွားလာနေထိုင်ကြတာရှိတယ်လေနော်။တချို့ကလည်း စီးပွားရေးကိုအကြောင်းပြ။ ဟို ကျန်းမာရေးမဟုတ်ဘဲနဲ့ စီးပွားရေးတို့ဘာတို့ ရောင်းဝယ်ဖောက်ကားမှုကိုအကြောင်းပြပြီးတော့ အခု ရွှေဘိုဘာတို့ကို တစ်ချို့ဆိုလိုရှိရင် သွားချင်နေကြသေးတာ။

အရေးကြီးနေပြီ တော်ကြာ ကိုယ့်ကြောင့် ကိုယ်ရပ်ရွာ ကိုယ်မိသားစု ကိုယ်မြို့နယ်ထိခိုက်သွားရင် ကိုယ်လည်းမကောင်းဘူး။ ကိုယ့်ပတ်ဝန်းကျင်လည်းမကောင်းဘူးလို့ အဲဒီကြတော့ အကုန်အလုံးအတွက် ဒါသတိဝိရိယထားတဲ့အနေနဲ့ အတတ်နိုင်ဆုံးတော့ ကျန်းမာရေးအရ လွဲရင် မသွားဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံရတာပေါ့ဗျာ။

ဘယ်သွားသွားအခုချိန်ကတော့ ကျွန်တော်တို့ဆိုရင် Hand gel လေးတွေလည်းဆောင်ထားတယ် Mask လည်းဆောင်ထားတယ်။ ကိုယ်ကိုယ်တိုင်တပ်တဲ့အပြင်ကို သူများလည်း Mask တပ်ဖို့ နိူးဆော်ပေးနေရတာပေါ့။

ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) တွင်ရောဂါပြင်းထန်စွာခံစားနေရသူများအားဆေးဝါးကုသစောင့်ရှောက်မှုများပေးအပ်နေစဉ်။ Photo Credit – MOHS

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts