All News Health Local News

ထိုင်းရောက် မြန်မာရာပေါင်းများစွာတွင် ကိုဗစ်ပိုးတွေ့ရှိရ၊ မြန်မာလုပ် သားများ နေအိမ်တွင်သာနေထိုင်ရန်နှင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် ထိုင်းအမိန့်ထုတ်ထား

ထိုင်းရောက် မြန်မာရာပေါင်းများစွာတွင် ကိုဗစ်ပိုးတွေ့ရှိရ၊ မြန်မာလုပ်သားများ နေအိမ်တွင်သာနေထိုင်ရန်နှင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် ထိုင်းအမိန့်ထုတ်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ရာပေါင်းများစွာတွင် ကိုဗစ်ပိုးတွေ့ရှိရ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နေအိမ်တွင်သာ နေထိုင်ကြရန် ထိုင်းအာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အများအပြားအလုပ်လုပ်ရာ ထိုင်းနိုင်ငံ Samut Sakhon ခရိုင်အတွင်းတွင် ကူးစက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းခရိုင်တွင်း ပုစွန်စျေးမှ အသက် ၆၇ နှစ်အရွယ် ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်ရောဂါ စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာမှ မြန်မာအလုပ်သမားများ အပါအဝင် ကိုဗစ်ရောဂါကူးစက်မှုများကို စိစစ်တွေ့ရှိရခြင်းဖြစ်ကြော်ငး ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၅၀၀ ကျော်တိုးလာပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၇၀၀ နီးပါးထိရှိလာကြောင်း၊ ၎င်းတို့ထဲတွင်ာ ၉၀ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး မြန်မာ ရာပေါင်းများစွာပါဝင်ကြောင်း သတင်းများက ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုဗစ်ရောဂါကူးစက်ခံသူ ထိုင်းနိုင်ငံတွင် ၃၈၂ ဦးရှိပြီး ရွှေ့ပြောင်းအလုပ်သမား ၃၆၀ ဦးပါဝင်ကြောင်း ၊ လတ်တလော ထိိုင်းနိုင်ငံတွင်း ကူးစက်မှုများသည် ရွှေ့ပြောင်းအလုပ်သမားများမှစတင်ခြင်းဖြစ်၍ မြန်မာအလုပ်သမားများအပေါ် ထိုင်းနိုင်ငံသားများက လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၅၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀ ရှိခဲ့ပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts