All News Election Local News

တပ်မတော်၏ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း ကူးယူခွင့်ပြုရန် တောင်းဆိုချက်နှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်ချက် UEC ခပ်ကြမ်းကြမ်းတုံ့ပြန်

တပ်မတော်၏ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း ကူးယူခွင့်ပြုရန် တောင်းဆိုချက်နှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်ချက် UEC ခပ်ကြမ်းကြမ်းတုံ့ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၈

တပ်မတော်၏ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း ကူးယူခွင့်ပြုရန် တောင်းဆိုချက်နှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်ချက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် UECက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ညပိုင်းတွင် ကြေညာချက် ၂ စောင်ထုတ်ပြန်၍ ခပ်ကြမ်းကြမ်းပြန်လည်တုံ့ပြန်လိုက်သည်။

တပ်မတော်၏ တောင်းဆိုချက်ဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ကူးယူခွင့်ပြုရန် ဆိုသည့်အပေါ် ဥပဒေနှင့်မညီညွတ်၍ ခွင့်မပြုကြောင်း ထုတ်ပြန်ပြီး အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်ချက်သည် UEC ကို ခြိမ်းခြောက်ရာ ရောက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

တပ်မတော် က တောင်းခံ ထားသော ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းကူးယူခွင့်ပြုရန် ကိစ္စ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲများ ထံ ညွန်ကြား ပေးမည်မဟုတ်ကြောင်း UEC ကကြေညာလိုက်သည်။

တပ်မတော်သားများ နှင့် မိသားစုဝင်များ မဲပေးခဲ့သော မြို့နယ် ၂၁၈ ခုကရွေးကောက်ပွဲဖြစ်စဉ်များကို ပြန်လည် စိစစ် သုံးသပ်ရန် နိုင်ရန် အတွက်လိုအပ်သော စာရွက်စာတမ်းများရရှိနိုင်ရန် သက်သေခံဥပဒေပုဒ်မများ အရ ကူးယူခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က တဆင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ညွှန်ကြားပေးတပ်မတော် ကတောင်းဆိုထားခြင်း ဖြစ်သည်။

တပ်မတော် အနေနှင့် ရွေးကောက်ပွဲ ဖြစ်စဉ် ကို ပြန်လည် သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ ရှိရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာများတင်သွင်း ရန်ရှိကြောင်း လည်းတပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တပ်မတော် အနေနှင့် ထိုသို့ထုတ်ပြန်ထား သည့်အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ ၏ မဲဆန္ဒနယ်များတွင် လည်း တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်များ ၏ ကန့်ကွက်လွှာအတွက်ဟုဆိုကာ သက်သေ ခံဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့ကို ကိုးကားရည်ညွှန်း ၍ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ တောင်းနေကြောင်း UEC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၉-၁၁-၂၀၂၀ ရက်စွဲဖြင့် တပ်ရင်းတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် မဲရုံပေါင်း ၁၂၇ ရုံအတွက် မဲစာရင်းများအပါအဝင် ရွေးကောက်ပွဲစာရွက် စာတမ်း ၁၁ မျိုးကို မှတ်တမ်းထားရှိလိုကြောင်း အကြောင်းပြ ချက်ဖြင့် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ တောင်းခံလာကြောင်း သိရှိရသည်။

တပ်မတော်က တောင်းခံသည့် အတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့် ဆောင်ရွက်ပေး မည်ဆိုပါက ဥပဒေ နှင့် ညီညွတ်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် ဥပဒေ မညီညွတ်သော ကိစ္စရပ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ညွန်ကြား ပေးမည် မဟုတ်ကြောင်း လည်း UEC ကထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲ ဆိုင်ရာ စာရွက်စာတမ်းများ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ခွင့်ပြုချက်မရဘဲ မည်သည့် အဖွဲ့အစည်း ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကူးယူခွင့်မပြုရန် UEC ကညွန်ကြားထား ကြောင်း ခရိုင် အဆင့်ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူအချို့က ပြောထားသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ထုတ်ပြန်ချက်များတွင် ရေးသားဖော်ပြထားချက်များ သည်ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲတာဝန်ရှိသူများအား ခြိမ်းခြောက်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် နှောက်ယှက်စော်ကားရာရောက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၇ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၏ သဘောထားထုတ်ပြန်ကြေညာချက် အမှတ် ၅/၂၀၂၀နှင့်၆/၂၀၂၀ တို့တွင်ပါရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူမာျးနှင့် သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်မျာအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်များနှင့်ငြိစွန်းကျူးလွန်ကြောင်း ဖော်ပြချက်များပါရှိသည်ဟု UEC ထုတ်ပြန်ချက်အရသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲတာဝန်ရှိသူအားလုံးသည် ရွေးကောက်ပွဲလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာဆောင်ရွက်ခဲ့ကြကြောင်း လည်းယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြု့ကျင်းမှုများအား သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရန်ဖြစ်သော်လည်း သဘောထားထုတ်ပြန်ချက်များတွင် ယင်းသို့ရေးသားဖော်ပြခြင်းသည်း ရွေးကောက်ပွဲ တာဝန်ရှိသူများကိုခြိမ်းခြောက်ခြင်း၊ ရွေးကောက်ပွဲတာဝန်ရှိသူများ ဆုံးဖြတ်ဆောင်ရွက်ခဲ့သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအပေါ် နှောက်ယှက်စော် ကားခြင်း တို့ပြု့လုပ်ရာရောက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။

ထို့အပြင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့်လည်း ဥပဒေလေးစားလိုက်နာမှုမရှိသည်ကိုတွေ့ရကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts