All News Local News Peace

ဂျပန် အထူးကိုယ်စားလှယ်က AA နှင့်တပ်မတော်အကြား စေ့စပ်ပေးနေသော်လည်း တပ်မတော်၏ အပစ်ရပ် သက်တမ်း ၁ လ တိုးမြှင့်မှုတွင် ရခိုင်ဒေသ မပါပြန်

ဂျပန် အထူးကိုယ်စားလှယ်က AA နှင့်တပ်မတော်အကြား စေ့စပ်ပေးနေသော်လည်း တပ်မတော်၏ အပစ်ရပ် သက်တမ်း ၁ လ တိုးမြှင့်မှုတွင် ရခိုင်ဒေသ မပါပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရခိုင်တပ်တော်AA နှင့်တပ်မတော်အကြား ဂျပန်အစိုးရ အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးနေသော်လည်း တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်မှုတွင် ရခိုင်ဒေသပါဝင်ခြင်းမရှိဘဲ ချန်လှပ်ထားကြောင်း သိရှိရသည်။

တပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးရေး၊ ကိုဗစ်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ထပ်မံ တိုးမြှင့် ရပ်ဆိုင်ပေးသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

လတ်တလော AA နှင့် တပ်မတော်တို့အကြား ဂျပန်အစိုးရအထူးကိုယ်စားလှယ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် နိုဝင်ဘာလ လဆန်းပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားမှု လုံး၀ မရှိတော့ဘဲ ရပ်ဆိုင်းလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး အလားအလာကောင်းသည်ဟု မျှော်လင့်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပ သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts