All News Health Local News

ကျိုက်လတ်ဆေးရုံတွင် ဆရာဝန်၊သူနာပြုနှင့်ကျန်းမာရေးဝန်ထမ်း ၃၃ ဦး ကိုဗစ်ကူးစက်ခြင်းနှင့် Quarantine ဝင်ရခြင်းကြောင့် လူနာလက်ခံမှုများ ခေတ္တရပ်ဆိုင်းလိုက်ရ

ကျိုက်လတ်ဆေးရုံတွင် ဆရာဝန်၊သူနာပြုနှင့်ကျန်းမာရေးဝန်ထမ်း ၃၃ ဦး ကိုဗစ်ကူးစက်ခြင်းနှင့် Quarantine ဝင်ရခြင်းကြောင့် လူနာလက်ခံမှုများ ခေတ္တရပ်ဆိုင်းလိုက်ရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ဧရာ၀တီတိုင်းဒေသကြီး ၊ ကျိုက်လတ်ဆေးရုံတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ဝန်ထမ်း ၃၃ ဦး ရှိသည့်အနက် ကိုဗစ်ကူးစက်ခံရခြင်း၊ Quarantine ဝင်ရခြင်းများကြောင့် ဆေးရုံတွင် လူနာလက်ခံမှု ခေတ္တရပ်ဆိုင်းလိုက်ရကြောင်း အဆိုပါဆေးရုံမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ကျိုက်လတ်ကလည်း ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကျ်းမာရေးဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရခြင်းနှင့် ထိတွေ့မှုရှိ၍ Quarantine ဝင်ရခြင်းတို့ကြောင့် ဆေးရုံတွင် လူနာလက်ခံမှု ခေတ္တရပ်ဆိုင်းလိုက်ရသည်ဟု တရားဝင် ထုတ်ပြန်ကြေညာသည်။

“ကျိုက်လတ်ဆေးရုံတွင် ဆေးကုသမှုအဖွဲ့(Team) ၃ ခုရှိသည့်အနက် ပိုးတွေ့သူများနှင့် ထိစပ်သော အဖွဲ့ ၂ ဖွဲ့ကို F/Q ထားရှိပြီးဖြစ်ပါသည်။ ယနေ့မနက်တွင် ကျန်အဖွဲ့မှ ဝန်ထမ်း ၁ ဦး ထပ်မံပိုးတွေ့ရှိ၍ကျိုက်လတ်ဆေးရုံမှ ဆေးရုံတက်လူနာလက်ခံမှုများကိုခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရှိရပါသည်။ လူနာလက်ခံမည့် ရက်ကိုပြန်လည် ကြေညာ ပေးပါမည်။” ဟု မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ကျိုက်လတ်က သတင်းထုတ်ပြန်သည်။

“ကျမတို့အခုက ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုဗစ်ကူးသူနဲ့ ထိတွေ့ဆက်စပ်လို့ Quarantine ဝင်နေရသူတွေရှိနေတာကြောင့် ဆေးရုံမှာ လူနာလက်ခံလို့မရတော့ပါ။ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်နေတဲ့နေရာမှာ မူလ အဖွဲ့က ထိထားပြီးသား။ ကျန်တဲ့ ၂ ဖွဲ့ ခွဲပြီး အလှည့်ကျလုပ်နေတဲ့အချိန်မှာ ထပ်ထိတာပါ” ဟု ကျိုက်လတ်ဆေးရုံမှ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လတ်တလော မြန်မာနိုင်ငံတွင် ကိုဗစ်လူနာကူးစက်ခံရသူ ၉၀၇၁၃ ဦးရှိလာပြီဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၉၄၁ ဦးရှိလာပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts