All News Local News Peace

NLD အနိုင်ရ အမတ် လုပ်ကြံခံရမှု အမေရိကန်သံရုံးက ဝမ်းနည်းကြောင်းထုတ်ပြန်၊ ပြင်သစ်သံအမတ်ကြီးက သတ်ဖြတ်သူကို အရေးယူရန် တိုက်တွန်း

NLD အနိုင်ရ အမတ် လုပ်ကြံခံရမှု အမေရိကန်သံရုံးက ဝမ်းနည်းကြောင်းထုတ်ပြန်၊ ပြင်သစ်သံအမတ်ကြီးက သတ်ဖြတ်သူကို အရေးယူရန် တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD မှ အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရမှုအတွက် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝမ်းနည်းကြောင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက သတ်ဖြတ်သူကို အရေးယူရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်အရွေးခံထားရသည့် ဦးထိုက်ဇော် ၂၀၂၀ နိုဝင်ဘာ ၂၁ ရက်က ၎င်း၏နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အတွက် ၎င်း၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy သည် ဦးထိုက်ဇော်၏မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လှိုက်လှဲစွာဖြင့် ဝမ်းနည်းကြေကွဲကြောင်း ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပင်တိန်ရွာ၌ သူရဲဘော ကြောင်စွာ လုပ်ကြံသတ်ဖြတ်မှုကို ပြင်းထန်စွာ ရှတ်ချပြီး သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို ဥပဒေအရ တရားရုံးတွင်အရေးယူဖြေရှင်းရန် တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော် အမတ် ဦးထိုက်ဇော်သည် ကျောက်မဲမြို့ရှိ နေအိမ်တွင် နိုဝင်ဘာ လ ၂၁ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကွယ်လွန်သွားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts