All News Local News Peace

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆိုတာ ဘာကို ဆိုလိုသလဲ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆိုတာ ဘာကို ဆိုလိုသလဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

အမျိုး သားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမည်ဆိုသော နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ ပြောဆိုချက် ထွက်ပေါ်ပြီးနောက် ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် ဖွဲ့စည်းမည်ဆိုသော NUG အစိုးရအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိရာ NUG ၏ အနှစ်သာရနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြန်လည် ရှင်းပြထားသည်။

မုံရွာအောင်ရှင်
NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး

“အဲဒီမှာတော့ နည်းနည်းလေးတော့ ရှည်ရှည်ပြောရလိမ့်မယ်ထင်တယ်။ ကျွန်တော်တို့က ရှေ့ဆက်ပြီးသွားမယ်ခရီးမှာ ခရီးအတွက် အဓိက ဟိုဟာ ရှိတယ်ဗျာ ကျွန်တော်တို့ ရွေးကောက်ပွဲကြေညာစာတမ်းပေါ့နော်။ ရွေးကောက်ပွဲကြေညာစာတမ်းက ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမယ်ဆိုတဲ့ မူဝါဒပါပဲ အဲဒီရွေးကောက်ပွဲကြေညာစာတမ်းမှာေတာ့ အဓိက အချက်သုံးချက်ပေါ့လေ။

အဲဒါကတော့ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးပါမယ်။ နောက်တစ်ခုက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့ စီလျှော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ လုပ်မယ် နောက်တစ်ခါ ဒီအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်တဲ့ မူဝါဒပေါ့လေ။စီးပွားရေးပါပဲ အမှန်ကတော့ အဲဒီဘောင်နဲ့ ကျွန်တော်တို့ သွားမယ်ဆိုတဲ့ဟာပါပဲ။

ဒီဟာကတော့ အခြေခံပေါ့။ ပြီးတော့မှ ပေါ်လစီကတော့ ၁၈ခုလောက်ရှိတာပေါ့လေ။ ဒီဟာက ဒါအခြေခံပဲ။ သို့သော်လည်းပဲ ခုနကပြောတဲ့ ထဲမှာ ပါတဲ့ ဦးဇော်ဌေးကပေါ့လေ။ ဦးဇော်ဌေးကပြောတယ်။ ညီညွတ်တဲ့အစိုးရပေါ့။ အဲဒီလိုပြောသွားတယ်။ ပြောသွားတဲ့အခါကျတော့ ကျွန်တော်တို့ သူပြောတဲ့အချိန်တုန်းက ကျွန်တော်လည်း အင်တာဗျုးမေးကြပါတယ်။

ဦးဇော်ဌေးပြောတဲ့ဟာကို ဘယ်လိုအဓိပ္ပါယ်ရလဲဆိုတော့ ကျွန်တော်ကတော့ ဒီလိုဖြေတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလို ပြောတဲ့ဟာက ဒါ စကားလုံးအရတော့ မှန်တယ်။ သို့သော်လည်းပဲ အမျိုးသားညီညွတ်ရေးအစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေမခံဘဲသွားလို့တော့မရဘူး။

အမျိုးသားပြန်လည်သင့်မြတ်ရေးက ကျွန်တော်တို့ လက်ရှိ တစ်လျောက်လုံးစွဲကိုင်ထားတဲ့မူပဲ အဲဒီမူနဲ့ပဲ သွားရမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံပြီးတော့ ကျွန်တော်တို့ အမျိုးသားသွေးစည်းညီညွတ်ရေးပေါ့နော်။

နောက်တစ်ခါ ငြိမ်းချမ်းရေး ပြီးတော့မှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးပေါ့။ ဒီလိုအဆင့်ဆင့်သွားမှ ဖြစ်တာ ဒါက ကျွန်တော်တို့ရဲ့ တကယ်Mainပဲ ကျွန်တော်တို့ အစိုးရဖွဲ့ပြီဆိုလို့ရှိရင်တော့ ဒီမူက ဒါ အခြေခံပဲ ပြီးတော့ မနေ့ကပဲထင်တယ် ဒီကနေ့လား။တပ်မတော်ဘက်ကလည်း ကြေညာသွားတာတွေ့ရတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့သူတို့တောင်မှ သူတို့ဟာသူတို့ ဖွဲ့စည်းထားတာတွေ တွေ့လာရတယ်ပေါ့။ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို သူတို့ အဓိကထားနေတယ်ဆိုတာသိရတယ်။ ကျွန်တော်တို့လည်း ဒီလိုပါပဲ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအပြင်ပေါ့လေ။

သူတို့ကတော့ ငြိမ်းချမ်းရေးတစ်ခုတည်းပေါ့ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးပါမယ်။ ခုနကပြောသလိုပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးပါမယ်ပေါ့။ အဲဒီဟာတွေကို အခြေခံ ပြီးတော့မှ ကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုပေါ်ပေါက်ရေးကို ကျွန်တော်တို့က ဆက်သွားရမှာ အဲဒီဟာပဲ ကျွန်တော်တို့ တကယ်မူဝါဒရှိတယ်လို့ပြောချင်ပါတယ်။

လူတွေကတော့ လူကတော့ ဒီလိုဗျ။ အခုပေါ့လေ လက်ရှိ လေးနှစ်တာ ငါးနှစ်အတော အတွင်းမှာ လူတွေ လူတွေဆိုတာက လွှတ်တော် ကိုယ်စားလှယ်ပတ်သက်လို့ရောအစိုးရပိုင်းနဲ့ရော ပြည်ထောင်စုအစိုးရပိုင်းနဲ့ရောပေါ့လေ။ သူတို့ရဲ့ Capacity ပေါ့လေ။ သူတို့ရဲ့ performance တွေပေါ့။

ဟို တစ်စုံတစ်ရာမကျေနပ်တဲ့ဟာတွေရှိတာပဲ အားမရတာတွေလည်းရှိတာပါပဲ။ အဲဒါကိုတော့ ကျွန်တော်တို့ ဒီ ဟိုဟာပေါ့လေ လူကြီးတွေအနေနဲ့ ဒါကိုသိတယ်လို့ ကျွန် တော် ယူဆပါတယ်။ အဲဒီတော့နောက်လာမယ့် ကာလမှာတော့ ပြည်သူ့လူထုက ကြိုက်နှစ်သက်တဲ့ လူမှန်နေရာမှန်ပေါ့ဗျာ။ အမှန်တိုင်းပြောရရင် ဆက်ပြီး တာဝန်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

(နိုဝင်ဘာလ ၁၀ ရက်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်သတင်းတမန်သတင်းဌာနက ပြုလုပ်သည့် ရွေးကောက်ပွဲအထူးအစီအစဉ် စကား၀ိုင်းမှ မုံရွာအောင်ရှင်၏ ပြောဆိုရှင်းလင်းချက်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts