All News Election interview Peace

အစိုးရသစ်ဖွဲ့စည်းရာတွင် တိုင်းရင်း သား အခန်းကဏ္ဍအတွက် အကျေ အလည် ညှိနှိုင်းမှုများ ရှိလိမ့်မည်ဟုဆို

အစိုးရသစ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားအခန်းကဏ္ဍအတွက် အကျေအလည် ညှိနှိုင်းမှုများ ရှိလိမ့်မည်ဟုဆို

မုံရွာအောင်ရှင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး)

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီ ၄၈ ခုကို ဖိတ်ခေါ်ခဲ့ပြီး ယင်းသို့ ဖိတ်ခေါ်မှု၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။ ။ နိုဝင်ဘာ ၁၂ရက်နေ့က NLD ပါတီက ထုတ်ပြန်တဲ့ တိုင်းရင်းသားပါတီတွေကို လက်တွဲဖို့ ဖိတ်ခေါ်တာနဲ့ ပတ်သက်ပြီး လက်ရှိချိန်မှာ ဘာတွေ အကောင် အ ထည် ဖော် ဆောင်ရွက်နေပြီလဲ။

ဖြေ။ ။ လောလောဆယ် ဘာမှမရှိသေးဘူး။ ကျွန်တော်တို့က ပထမအဆင့် နှိုးဆော်တာပေါ့။ နှိုးဆော်လိုက်တာ သူတို့ကို အသိပေးလိုက်တာ ကျွန်တော်တို့ အဲတာတွေ အဲတာတွေတော့ ကျွန်တော်တို့ အစီအစဉ်တွေရှိနေပြီ။

အဲဒီတော့ တိုင်းရင်းသားပါတီတွေဘက်က ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အကြောင်းပြန်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစီအစဉ်တွေ ဆွေးနွေးဖို့ အဲဒီဟာ နှိုးဆော်တာ ဘာမှကို မလုပ်ရသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဆွေးနွေးတဲ့ အခါကျတော့မှ ကျွန်တော်တို့ နှစ်ဖက် ညှိနှိုင်းရမှာပေါ့။ အဲသဘောအဆင့်ပဲရှိပါသေးတယ်။

မေး။ ။ ဘယ်တော့လောက် တွေ့ဆုံမှုတွေ ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ အဲတာတော့ ကျွန်တော်မသိသေးဘူး။ ကျွန်တော်မြင်တာတော့လေ ဒီလကုန်လောက်ဖြစ်လိမ့်မယ်ထင်တယ်။ သူတို့အခု အမြန်ဆုံးလုပ်နေကျတာပဲ။

မေး။ ။ အစိုးရဖွဲ့စည်းရင် တိုင်းရင်းသားတွေ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပါဝင်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ။ ။ အဲဒါလည်း မသိသေးဘူး။ သူတို့နဲ့ ညှိနှိုင်းပြီးမှပဲ အရာရာ အကုန်လုံး ပြင်ရလိမ့်မယ်။ ပုဒ်မ ၂၆၁လို ကိစ္စမျိုးတွေက အစပေါ့။ အဲဒါတွေက အကုန်လုံးပြောကြမှာ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ လိုလားချက်တွေ သူတို့ခံစားချက်တွေ အများကြီးပြောမှာ၊ ညှိကျနှိုင်းရမှာ သေချာတယ်။

မေး။ ။ အဲဒါဆို နိုဝင်ဘာ လကုန်လောက် တွေ့ဆုံနိုင်လား။

ဖြေ။ ။ လကုန်လောက်ဆိုရင်တော့ သူတို့ဆီက အကြောင်းပြန်တာတွေ ဘာတွေရှိလာလိမ့်မယ်။ တိုင်းရင်းသားတွေဘက်ကလေ။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်း သားတွေက သူတို့အစုအဖွဲ့တွေရှိတယ်လေ။ UNA တို့လို ဟာမျိုးတွေပေါ့။ အစုအဖွဲ့တွေရှိတဲ့ အခါကျတော့ သူတို့အချင်းချင်း တိုင်ပင်လိမ့်မယ်လေ။

နောက်တစ်ခါ မွန်ဆိုရင်လည်း မွန်မှာ ၃၊ ၄ ပါတီလောက် တိုင်ပင်ကြမယ်။ တိုင်ပင် တာတွေရှိလိမ့်မယ်။ သူတို့အဲလိုပြီးတဲ့အခါကျတော့မှ ကျွန်တော်တို့ NLD နဲ့တွေ့ဖို့ သူတို့အကြောင်းပြန်ပါလိမ့်မယ်။

မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်သွားဖို့ရှိမလဲ။

ဖြေ။ ။ အဲဒါလည်းမသိသေးဘူး။ အခုမှအစပဲရှိသေးတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံကလည်း ဆက်လုပ်မှာပဲလေ လုပ်မယ်ဆိုတဲ့အခါကျတော့ အားလုံးက တိုင်းရင်းသားတွေ အကြောင်းပြောရင် ငြိမ်းချမ်းရေး အကြောင်းပြောရမှာပဲ။

အဲဒီတော့ ဒီတိုင်းရင်းသားတွေနဲ့ တွေ့တာနဲ့ တပြိုင်တည်း ငြိမ်းချမ်းရေးအကြောင်း ပြောမယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင်တော့ ဖက်ဒရယ်ပြည်ထောင်စုအကြောင်း ပြောမှာပေါ့။ အဲဒီဟာပါ အဆင့်ဆင့် သွားကြမှာပါ။

မေး။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးက အရင်က လွှတ်တော်အတွင်းပြင်ဆင်ရေးမှာ မအောင်မြင်ခဲ့ဘူးဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးဆက်သွားဖို့ရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့က ဒီတစ်ခေါက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ အဲဒီဟာနဲ့ တွဲမှာပဲ ။အဲဒါတွဲမယ်။ အခု တစ်ခါ တိုင်းရင်းသားတွေနဲ့ ဆွေး နွေးတာတွေထဲမှာလည်း ဒီဟာတွေက အချိတ်အဆက်တွေ လုပ်ရမှာပဲ ပြီးတော့မှ ကျွန်တော်တို့က လွှတ်တော်မှာပဲ ပြန်ပြီးတော့ နောက်ဆုံးမှာ ပြန်ပေါင်းရမှာပဲ။ ဒါတွေက တချို့ကပြောတယ်။ လွှတ်တော်ပြင်ပနိုင်ငံရေး မဟုတ်ပါဘူး။ ပြောတာဆိုတာအရတော့ ပုံစံအရတော့ အခုအတိုင်းဆိုရင်တော့ လွှတ်တော်ပြင်ပ သဘောမျိုးသက်ရောက်တယ်။ ဒါပေမယ့် အတည်ပြုရမှာက လွှတ်တော်ကပဲ အတည်ပြုရမှာပဲလေ။

Photo Credit – Chair NLD

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts