interview Peace Web TV

လက်နက်ကြီးကျည်ကျလို့ မျက်လုံးဆုံးရှုံးခဲ့ရသူ အမ်းမြို့နယ်မှ ၁၀ တန်းအောင်ကျောင်းသား မောင်နုဝေ တရားမျှတမှု ရရှိရေးလိုလား(ရုပ်/သံ)

လက်နက်ကြီးကျည်ကျလို့ မျက်လုံးဆုံးရှုံးခဲ့ရသူ အမ်းမြို့နယ်မှ ၁၀ တန်းအောင်ကျောင်းသား မောင်နုဝေ တရားမျှတမှု ရရှိရေးလိုလား(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ဆင်ဦးတိုက်ကျေးရွာနေ ဦးပန်းစိန်ဦး ၏ သားအသက် ၁၇ နှစ်ရှိ မောင်နု ဝေသည်မိမိအိမ်တွင်ရှိနေစဉ် ၂၀၂၀ ခုနှစ် ၊ ဧပြီလ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန် လက်နက်ကြီးကျည်ထိမှန်၍ မျက်လုံးတစ်ဖက်ဆုံးရှုံးသွားခဲ့ရကြောင်း ရခိုင်ပြည်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောဆိုသည်။

“မောင်နုဝေက ၁၀ တန်းအောင်ထားတာပေါ့။ သူက ကဇုကိုင်းဟိန်းတောဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးအစထိမှန်ပြီး ဘက်ဘက် မျက်လုံး ထိသွားတာ။ အခုထက်ထိတော့ ဆေးကုသမှု ပုံမှန်ခံယူနေဆဲပါပဲ” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

မောင်နုဝေကမူ လက်နက်ကြီးကျည်ကျရောက်ထိမှန်သည့်နေ့က ၎င်းနှင့်အတူ ရွာသား ၃ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးကျည် ၁၃ လုံးတိတိ ကျေးရွာသို့ ကျရောက်ခဲ့ကြောင်း၊ ၎င်း၏ မျက်လုံးဆုံးရှုံးခဲ့ရမှုအတွက် တရားမျှတမှု လိုလာကြောင်း ပြောဆိုသည်။

(ရခိုင်ပြည်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဗီဒီယိုဖိုင်ကို ပြန်လည် ဖော်ပြပါသည်)

https://www.facebook.com/khitthitnews/videos/457233151924710/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts