Local News Peace political news

ရှမ်းပြည်နယ်မှ ရွေးကောက်ခံ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ပစ်ခံရပြီး ကွယ်လွန်

ရှမ်းပြည်နယ်မှ ရွေးကောက်ခံ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ပစ်ခံရပြီး ကွယ်လွန်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်မှ အရွေးချယ်ခံ NLD အမျိုးသားလွှတ်တော် အမှတ်(၁) ကိုယ်စားလှယ် ဦးထိုက်ဇော် ယ​နေ့ သေနတ်ဖြင့်အပစ်ခံရပြီး ကွယ်လွန်သွားပြီဖြစ်​ကြောင်းရှမ်းပြည်နယ် NLD ပြန်ကြား​ရေးတာဝန်ရှိသူက ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့ အတည်ပြု​ပြောဆိုသည်။

”ည​နေ ၆ နာရီ ၃၀ မှာ ဆုံးတယ်။ ​သေနတ်နဲ့ ၃ ချက်ပစ်ခံရတယ်။ ရင်ဘတ်ကိုမှန်တယ်။ ဘယ်သူ​တွေက ဘယ်လို လာပစ်လဲမသိ​သေးဘူး။ သူ့အိမ်မှာပဲ အပစ်ခံရတာ” ဟု ရှမ်းပြည်နယ် NLD ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts