Local News Peace political news

မြန်မာနိုင်ငံမှ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရေး ကုလ သမဂ္ဂ FFM နှင့် IIMM က စုဆောင်းရရှိသော အချက်အလက်များကို စိစစ်သုံး သပ်မည်

မြန်မာနိုင်ငံမှ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရေး ကုလ သမဂ္ဂ FFM နှင့် IIMM က စုဆောင်းရရှိသော အချက်အလက်များကို စိစစ်သုံး သပ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲနိုင်ရေး ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင် FFM ၊ စုံစမ်းစစ်ဆေးရေး ယန္တရားIIMM က စုဆောင်းရရှိထားသော အချက်အလက် များကို စိစစ်သုံးသပ်မည်ဖြစ်ကြောင်း IIMM က နိုဝင် ဘာလ ၁၈ ရက်နေ့တရားဝင်သတင်းထုတ်ပြန်သည်။

“FFM က ပေးအပ်ခဲ့သော အချက်အလက်များ အပါအဝင်၊ ယန္ကရားက စု ဆောင်း လက်ခံရရှိသော အချက်အလက်အားလုံးကို ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များအား တရားစွဲဆိုရန်၊ လိုအပ်သော စံချိန်မီ မမီ၊ ပြန်လည် ဆန်းစစ်ပြီး၊ စိစစ် သုံးသပ်သွားမည်။ စံချိန်မီသည်ဆိုပါက၊ အမှုတွဲများကို ပြင်ဆင်သွားမည်ဖြစ်သည်” ဟု IIMM က သတင်းထုတ်ပြန်သည်။

IIMM ယန္တရား၏ လုပ်ပိုင်ခွင့်အတွင်းကျရောက်သော ရာဇဝတ်မှုများကို ခံစားခဲ့ရသောသူ နှင့်/သို့မဟုတ် သက်သေထွက်ဆိုနိုင်သော အသက်ရှင်ကျန်ရစ်သူများသည် အဓိကကျသော အထောက်အထား ရင်းမြစ်များ ဖြစ်ကြောင်း၊ ၎င်းတို့မှာ ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေမည့် အောင်မြင်သော ရာဇဝတ် အမှု တွဲများကို ပြင်ဆင်နိုင်ရန် မရှိမဖြစ် လိုအပ်သူများ ဖြစ်ကြောင်း၊ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုအားလုံး၏ သဘာဝနှင့်အညီ၊ အသက်ရှင် ကျန်ရစ်သူများ၏ ထုတ်ဖော်ပြောကြားချက်များသည် ရာဇဝတ်မှုများအား ကျူးလွန်ခဲ့ကြောင်းကို အတည်ပြုနိုင်ရန်နှင့် ထိုရာဇဝတ်မှုများကို မူဝါဒ အရ ကျူးလွန်ကြောင်း သို့မဟုတ် ပို၍ ကျယ်ပြန့်သော ရာဇဝတ်မှုဖြစ်စဉ် ပုံစံ ၏ အစိတ်အပိုင်းများ ဖြစ်ကြောင်း အတည်ပြုပေးနိုင်ကြောင်း IIMM ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ဤသို့သော ထုတ်ဖော် ပြောကြားချက်များကို ပြောကြားမည်ဟု သ‌ဘောတူညီမည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေဖော်ထုတ်ပြီး၊ ဆက်သွယ်နိုင်ရန် အချက်အလက် အကြောင်းအရာများကို ယန္တရားက စုဆောင်းသွားမည်ဖြစ် ကြောင်း၊ နစ်နာခံရသူများကလည်း အထောက်အထားများကို ယန္တရားထံသို့ တိုက်ရိုက်ပေးပို့နိုင်ကြောင်း၊ နစ်နာခံရသူများ၏ ထုတ်ဖော်ပြောကြားချက်များကို လျှို့ဝှက်ထားမည်ဖြစ်ပြီး၊ လုံခြုံသော ဒေတာဘေ့စ် (သတင်း အချက် အလက်စုဆောင်းရာ ဘဏ်) တစ်ခုတွင် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရှိရသည်။

နစ်နာခံရသူများက သဘောတူလျှင်၊ ၎င်းတို့၏ ထုတ်ဖော်ပြောကြားချက်များကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ တာဝန်ယူ လုပ်ဆောင်မည့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများနှင့် မျှဝေသွားမည်ဖြစ် ကြောင်း IIMM ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သက်သေများနှင့် အခြား အချက်အလက် ပေးပို့သူများ၏ သဘောတူချက် ရရှိပြီးသည့်နောက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်(FFM) က ၎င်းတို့ စုဆောင်းခဲ့သော အချက်အလက် အားလုံးနီးပါးကို ယန္တရား ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ FFM က ပေးအပ်ခဲ့သော အချက် အလက် များ အပါအဝင်၊ ယန္ကရားက စုဆောင်းလက်ခံရရှိသော အချက် အလက် အားလုံးကို ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များအား တရားစွဲဆိုရန်၊ လိုအပ်သော စံချိန်မီ မမီ၊ ပြန်လည် ဆန်းစစ်ပြီး၊ စိစစ် သုံးသပ်သွားမည်။ စံချိန်မီသည်ဆိုပါက၊ အမှုတွဲများကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း IIMMက ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နယ်သာလန်ရှိ ICJ တရားရုံးရှေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရန် မလာရောက်မီ လူ့အခွင့်အရေးလှုပ်ရှားသူတချို့က ဆန္ဒပြနေကြစဉ်။ Photo Credit – Yves Herman/Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts