Local News Peace political news

မြန်မာစစ်တပ်က ထုတ်လုပ်သည့် ထုတ်ကုန်နှင့်ကုန်အမှတ်တံဆိပ် အသစ် ၂၅ မျိုးကို သပိတ်မှောက်စာရင်းတွင် Burma Campaign UK က ထပ်မံ ထည့်သွင်း

မြန်မာစစ်တပ်က ထုတ်လုပ်သည့် ထုတ်ကုန်နှင့်ကုန်အမှတ်တံဆိပ် အသစ် ၂၅ မျိုးကို သပိတ်မှောက်သည့် စာရင်းတွင် Burma Campaign UK က ထပ်မံ ထည့်သွင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ဗြိတိန်အခြေစိုက် Burma Campaign UK က မြန်မာ့တပ်မတော်က ထုတ်လုပ်လျက်ရှိသည့် ထုတ်ကုန်နှင့်ကုန်အမှတ်တံဆိပ်အသစ် ၂၅ မျိုးကို သပိတ်မှောက်စာရင်းတွင် ထပ်မံဖြည့်သွင်းလိုက်ကြောင်း Burma Campaign UK က သတင်းထုတ်ပြန်သည်။

မြန်မာ့တပ်မတော်နှင့် ဆက်နွယ်သော ကုမ္ပဏီများ ၊ ကုန်အမှတ်တံဆိပ်များ၊ ထုတ်ကုန်များကို Burma Campaign UK က သပိတ်မှောက်စာရင်းတစ်ခု ထုတ်ပြန်ထားပြီး ထုတ်ကုန်နှင့်ကုန်အမှတ်တံဆိပ် အသစ် ၂၅ မျိုးကို ထပ်မံ ဖြည့်သွင်းခြင်းသည် စစ်တပ်က ထုတ်ကုန်အသစ်များ မိတ်ဆက်ခြင်း၊ ရှိရင်းစွဲ ထုတ်ကုန် (သို့မဟုတ်) အမှတ်တံဆိပ်များနှင့်ပတ်သက်၍ အချက်အလက်အသစ်များ ထပ်မံရရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

သပိတ်မှောက်စာရင်းမှာ ထပ်မံဖြည့်သွင်းလိုက်သည့် မြန်မာတပ်မတော်၏ ထုတ်ကုန်နှင့် ကုန်အမှတ်တံဆိပ် အသစ် ၂၅ မျိုးတွင် ကျန်းမာရေးနှင့် အလှအပရေးရာ ထုတ်ကုန်များ အဖြစ် သန့်စင် ရေမလိုလက်သန့်ဆေးရည် ၊ဒဂုန် ရေမလိုလက်သန့်ဆေးရည် ၊Star Mask တစ်ခါသုံး နှာခေါင်းစည်းတို့ပါဝင်ကြောင်း သိရှိရသည်။

သပိတ်မှောက်စာရင်းတွင် ထပ်မံ ဖြည့်သွင်းခံရသည့် ရောင်းဝယ်ရေး အနေဖြင့် Starmart (မန္တလေး) ၊ Kha Yae Pin Mart (မင်္ဂလာဒုံ) ၊ ကျန်းမာရေးဝန် ဆောင်မှုအနေဖြင့်် ARJ ဆေးထိုးပိုက် ၊ဓါတ်ငွေ့စက်ရုံ (မန္တလေး) အောက်စီဂျင်အိုး ၊ အစားအသောက်လုပ်ငန်း အနေဖြင့် Shwe Phe Oo Lemon Tea (ရွှေဖီဦး လီမွန်တီး) ၊ Army Rum (အာမီရမ်) ၊Milky Sweetened Condensed Milk (Milky နို့ဆီ)။ First Choice ငါးထွေစည်သွပ်ဗူး ၊First Choice အမဲသားစည်သွပ်ဗူး ၊ First Choice မျှစ်စတော်ပဲစည်သွပ်ဗူး ၊First Choice ငပိကြော်စည်သွပ်ဗူး ၊ First Choice ပဲခရမ်းချဉ်စည်သွပ်ဗူး ၊First Choice သရက်သီးသနပ်စည်သွပ်ဗူး ၊First Choice ကြက်သားအာလူးစည်သွပ်ဗူး ၊First Choice ထောပတ်ပဲစည်သွပ်ဗူး ၊First Choice ငါးသလောက်စည်သွပ်ဗူး တို့ပါဝင်ကြောင်း သိရှိရသည်။

သပိတ်မှောက်စာရင်းထည့်သွင်းခံရသည့် ဖျော်ဖြေရေးနှင့် ခရီးသွားလုပ်ငန်း အနေဖြင့် Kha Yae Pin Ballroom (မင်္ဂလာဒုံ) ၊ မီဒီယာလုပ်ငန်းအနေဖြင့််မြဝတီ ပညာရေး၊ ဗဟုသုတနှင့် အားကစား TV Channel ၊ကုန်ထုတ်လုပ်ရေးအနေဖြင့် Vega Plastics/Vega Plastic Factory (ဗီဂါ ပလပ်စတစ်/ ဗီဂါ ပလပ်စတစ်စက်ရုံ) (စားပွဲများ၊ ထိုင်ခုံများ၊ တစ်သျှူးထည့်ဗူးများ၊ ပစ္စည်းတင်စင်များ၊ ရေပုံးများ၊ ရေခွက်များ၊ အဝတ်ထည့်ပုံးများ၊ အစားအသောက် ထည့်ဗူးများ၊ ခြင်းတောင်းများနှင့် သေတ္တာများ အပါအဝင် အိမ်သုံးပလပ်စတစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည်)၊ MEC Marble (ပန်းအိုးများ၊ ဆင်းတုတော်များနှင့် အပင်စိုက်အိုးများ အမျိုးမျိုး ထုတ်လုပ်သည်)၊ Heaven မီးဖိုချောင်သုံးပစ္စည်း (မီးဖိုးချောင်သုံးပစ္စည်းများ၊ ဇွန်းများ၊ အိုးခွက်များ၊ သိုလှောင်ရေးပစ္စည်းများ) ၊Burpat synthetic enamel paint ၊Burplast emulsion paint တို့ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ သပိတ်မှောက်စာရင်းပြုစုရခြင်း၏ ရည်ရွယ်ချက်သည် စစ်တပ်ကို ငွေကြေးပံ့ပိုးပေးနေခြင်း၊ ထိုမှတဆင့် နိုင်ငံတကာတရားဥပဒေချိုးဖောက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ငွေကြေးပံ့ပိုး ကူညီ နေခြင်းမှ ရှောင်ရှားနိုင်ရေး ဖြစ်ကြောင်း Burma Campaign UK က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အလုပ်လုပ်နေကြသည့် သံရုံးများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာကုမ္ပဏီများ အားလုံးအနေဖြင့် စစ်တပ်ပိုင်ကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းမပြုရေးမူဝါဒများ ချမှတ်ကျင့်သုံးဖို့ Burma Campaign UK က တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

Burma Campaign UK က ထုတ်ပြန်ထားသည့် မြန်မာစစ်တပ်၏ ထုတ်ကုန်များ၊ ကုန်အမှတ်တံဆိပ်များနှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

Burma Campaign UK ၏ မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်သောကုန်အမှတ်တံဆိပ်နှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ သပိတ်မှောက်စာရင်း

စစ်တပ်နှင့်ဆက်နွယ်နေသည့် ဘဏ်နှင့်ငွေရေးကြေးလုပ်ငန်းများ

Aung Myint Moh Min Insurance
Aung Thitsar Oo Insurance
Innwa Bank
Myanmar Mobile Money
Myawaddy Bank
Mytel Pay
Cigarettes
Premium Gold
Red Ruby

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသည့် ဆက်သွယ်ရေးလုပ်ငန်းများ

MECtel
Mytel

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသည့် ​ဆောက်လုပ်ရေးလုပ်ငန်းများ

Berger Paint
Elephant King Cement (Sin Minn Cement)
Myin Pyan Cement (Flying Horse Cement)
Rhino Cement
Rhinoceros Cemec (Cement)
Sigma Cable
Tristar Steel

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသည့် ဟိုတယ်၊ စားသောက်ဆိုင်နှင့်ခရီးသွားလုပ်ငန်းများ

Central Hotel Yangon
Diamond White Restaurant Yangon
Hanthawaddy Golf Course
Indoor Skydiving
Kha Yae Pin Ballroom (Mingaladon)
Myawaddy Tours and Travel
Myawaddy Travels and Tours
Nan Myaing Café (Pwin Oo Lwin)
Okkala Golf Resort
Royal Sportainment Bowling Alley
Royal Sportainment Complex
Royal Sportainment Ice Skating
Shwe Gandamar Ballroom (Pathein)
Shwe Gandamar Grand Ballroom (Yangon)

မြန်မာစစ်တပ်ပိုင်နှင့်ဆက်နွယ်နေသည့် အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်း

Adipati Rice (AAPT Rice)
Akasi Long Grain Rice
Andaman Gold Blue
Andaman Gold Special
Army Rum
Black Shield Stout
Dagon Beverages
Dagon Dairy Plant
Dagon Extra Strong Beer
Dagon Fresh Lemon Sparkling
Dagon Fresh Soda
Dagon Gin
Dagon Lager Beer
Dagon Light Lager Beer
Dagon Malta Fresh
Dagon Rum
Dagon Single Malt Lager Beer
Dagon Super Lager Beer
First Choice Tinned River Cat Fish
First Choice Tinned Beef Curry
First Choice Tinned Fried Bamboo Shoot and True Pea
First Choice Tinned Fried Fish Paste
First Choice Tinned Haricot Beans in Tomato Sauce
First Choice Tinned Mango Pickle
First Choice Tinned Chicken and Potato Curry
First Choice Tinned Butter Bean
First Choice Tinned Hilsa
Fleur Marguerite Sunflower Rice
Kirin Ichiban
Mandalay Beer
Mandalay Brewery
Mandalay Spirulina Anti-aging Beer
Mandalay Strong Beer
Mandalay Super Fresh Lager
MEC Myanmar Rice
Milky Sweetened Condensed Milk
Moon Dairy Creamer
Myanmar Beer
Myanmar Brewery
Myanmar Premium Beer
Nan Myaing Coffee
Nay Pyi Taw Water
Ngwe Pin Lei Premium Marine Products
Pyin Oo Lwin Coffee
Royal Karaweik Sugar
Seven7 Condensed Milk
Shwe Phe Oo Teamix
Sugarmec
Sun Condensed Milk
Health and Beauty Products
Dagon Hand Sanitizer
Dentomec Toothbrushes
Dentomec Toothpaste
Life Coconut Oil (moisturiser)
Padonma Soap
Thant Sin Hand Sanitizer
Star Mask Disposable Face Mask

မြန်မာစစ်တပ်ပိုင်(သို့မဟုတ်) ဆက်နွယ်နေသော ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ

ARJ Syringes
Defence Services General Hospital
Defence Services Liver Hospital
Defence Services Medical Research Centre
Defence Services Obstetrics, Gynaecology and Child Health Hospital
Defence Services Orthopaedics Hospital
Gas Factory (Mandalay) Oxygen Cylinders
Kan Thar Yar Hospital
Military Institute of Nursing and Paramedical Science
No.2 Military Hospital
Thamadaw Special Clinic
Industrial Estates/Offices
Indagaw Industrial Zone
Myawaddy Bank Luxury Complex
Ngwe Pinlae Industrial Estate
Pyinmabin Industrial Estate

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများ

Ahlone International Port Terminal 1, Yangon

Container Transport and Port Clearance Yard (Ywama)

Five Star Shipping Company – ships owned: Chindwin, Coco Gyun, Sawei,

Ha-Kha, Han Thar, Hpa-an, Htone-Ywa, Kengtung, Kyaukpyu, Lashio, Loikaw,

Maan Aung, Mawlamyine, Myit Kyi Na, Pagan, Pha Shwe Gyaw Ywa, Shweli,

Sittwe, Taung Gyi, Thanlwin, U Thar, Yaan Byae.

Hlaing Dry Port, Inland Container Depot (IDC) and Logistics Centre
Hteedan International Port Terminal, Yangon
Inland Container Depot (IDC) Hlaing Thar Yar
Lann Pyi Marine
MEC Container Transport
Thilawa Shipbreaking Yard
TMT Port Terminal, Yangon

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော ထုတ်လုပ်ရေးလုပ်ငန်းများ

Burpat synthetic enamel paint

Burplast emulsion paint

Heaven Kitchenware (metal kitchen utensils, spoons, pots, storage)

Life Coconut Charcoal Briquettes

MEC Marble (produce a range of vases, statues and plant containers)
Ngwe Pinlae Fishmeal
Silver Sea Paper Carton Box Production
Thunder Sulphuric Acid

Tristar Tyres

Vega Plastics/Vega Plastic Factory (produces a wide range of plastic
household items including tables, chairs, tissue boxes, shelving, buckets,cups, bins, food containers, baskets and boxes)

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော မီဒီယာလုပ်ငန်းများ

Knowledge Light Magazine
MWD Books
MWD Documentary TV Channel
MWD Education, Knowledge and Sports TV Channel
MWD Family TV Channel
MWD Media
MWD Movies TV Channel
MWD Music TV Channel
MWD Series TV Channel
MWD Shopping TV Channel
MWD Variety TV Channel
Myawaddy (MWD) TV Channel
Myawaddy Television
Myawady Daily
Myawady Magazine
Ngwe Tar Yi Magazine
Tayza (children’s cartoon magazine)
Thazin FM Radio
The Union Daily
Yandanarpon Daily

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော လက်လီရောင်းဝယ်ရေးလုပ်ငန်းများ

547 Minimarts
Adipati Rice Mill Shops
Golden Land Duty Free Shops
Kha Yae Pin Mart (Mingaladon)
Myawaddy Petrol Shop (Station)
Ruby Mart (Yangon & Pyin Oo Lwin)
Satake Showroom
Shwe Gandamar
Starmart Mandalay
Starmart Nine Mile Showroom
Trading Companies
Adipati Agricultural Produce Trading
Myawaddy Trading Ltd
Ngwe Pinlae Cold Store
Ngwe Pinlae Fisheries Company Ltd
Ngwe Pinlae Livestock Breeding and Fisheries Company
Shwe Gandamar International Trading
Shwe Innwa Gems

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော ပို့ဆောင်ရေးလုပ်ငန်းများ

Adipati (AAPT) Waterway Transport
Bandoola Taxi
Bandoola Transportation
City Liner Bus Services
Parami CNG Station
Parami Express
Parami Taxi
Pathein Thu Express
Sales and Service Centre, Mingalardon Township, Yangon (vehicle repairs and spare parts)
Shan Ma Lay Express
Shwe Mann Thu Highway Bus Station
Shwe Mann Thu Express (also spelt Shwe Man Thu)
Shwe Myaing Thu Express
Than Myan Thu Express

ဓာတ်ပုံ- တပ်မတော်ပိုင်အစားအသောက်လုပ်ငန်းတစ်ခုကို သွားရောက်စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။

Photo Credit – cincds.gov.mm

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts