All News Local News Peace

မူဆယ်မြို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးက ပစ်သည့် လက်လုပ်မိုင်းပေါက်ကွဲမှုဟုဆို၊ ကျူးလွန်သူ ၂ ဦးကို ရှာဖွေနေဆဲ

မူဆယ်မြို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးက ပစ်သည့် လက်လုပ်မိုင်းပေါက်ကွဲမှုဟုဆို၊ ကျူးလွန်သူ ၂ ဦးကို ရှာဖွေနေဆဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားမှုသည် ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးက ပစ်သည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကျူးလွန်သူ ၂ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ဦးဟန်ဝင်း၏ နေအိမ်အနီသို့ နိုဝင်ဘာ ၂၅ ရက်၊ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် နမ့်ခမ်းဘက်မှ ဆိုင်ကယ်ဖြင့်အမျိုးသား ၂ ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ကားလမ်းပေါ်မှနေ၍ လက်လုပ်မိုင်းတစ်လုံးအား နေအိမ်ဝန်း အတွင်းသို့ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် လူများထိခိုက်မှုမရှိဘဲ ခြံစည်းရိုးနှင့် ကပ်လျက် အလုပ်သမားတန်းလျားကော်ရစ်တာ မျက်နှာကျက်အလျား ၃၀ ပေ၊ အနံ ၄ ပေနှင့် ပြတင်းပေါက်မှန် ၂ ချပ် ကွဲအက်ပျက်စီးခဲ့ပြီး အဆိုပါဆိုင် ကယ်မောင်းနှင်လာသူ ၂ ဦးမှာ မူဆယ်ဘက်သို့မောင်းနှင်ထွက်ပြေးသွား ခဲ့ကြောင်း၊ တရားခံများအားဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts