All News Local News Peace

မန္တလေး၊မိတ္ထီလာ၊ မုံရွာ၊ စစ်တွေမှ ရခိုင်စစ်ပွဲရပ်တန့်ရေးလှုပ်ရှားသည့် ဖမ်း ဆီးခံကျောင်းသားများ၏ရုံးချိန်းအားလုံး ဒီဇင်ဘာ ၁ အထိ ရွှေ့ဆိုင်း၊ ထောင်ဝင်စာ တွေ့ခွင့်မရ၍ စိုးရိမ်နေ

မန္တလေး၊မိတ္ထီလာ၊ မုံရွာ၊ စစ်တွေမှ ရခိုင်စစ်ပွဲရပ်တန့်ရေးလှုပ်ရှားသည့် ဖမ်း ဆီးခံကျောင်းသားများ၏ရုံးချိန်းအားလုံး ဒီဇင်ဘာ ၁ အထိ ရွှေ့ဆိုင်း၊ ထောင်ဝင်စာ တွေ့ခွင့်မရ၍ စိုးရိမ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရခိုင်စစ်ပွဲရပ်ဆန့်ရေးနှင့် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားရင်း ဖမ်းဆီးခံထားရသည့် မန္တလေး၊မိတ္ထီလာ၊ မုံရွာ၊ စစ်တွေမှမြို့နယ်များမှ ကျောင်းသားများ၏ ရုံးချိန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ပြီး ထောင်ဝင်စာလည်း ပိတ်ပင်ထားသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုခြင်းကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသည့် မီတ္ထီလာနှင့် မုံရွာရှိ ဗကသ အဖွဲ့ချုပ် ကျောင်းသားများကို ယ နေ့ချိန်ထိ ထောင်ဝင်စာတွေ့ခွင့်မရခြင်းနှင့် ရုံးထုတ်စစ်ဆေးခြင်းများ မရှိသည့်အတွက် ဖမ်းဆီးခံကျောင်းသားများ၏ မိသားစုများနှင့် ဗကသအဖွဲ့ချုပ် ကျောင်းသားများက စိုးရိမ်ရကြောင်း ပြောဆိုသည်။

မီတ္ထီလာမြို့နယ်တွင် ပြည်တွင်းစစ်ရပ်စဲရေးတောင်းဆိုခြင်းကြောင့် နိုင်ငံတော် အ ကြည် ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က)(ခ)ဖြင့် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) အထွေ ထွေအတွင်းရေးမှူး ကိုသန်းတိုးအောင်၊ အဝေးသင် တာဝန်ခံ ကိုဆန်းလင်း နှင့် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုအောင်သူဟိန်း တို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ဒီဇင်ဘာလ ၁ရက်နေ့အထိ ရုံးချိန်း ပြန်လည်ချိန်းဆိုထားကြောင်း၊ ဖမ်းဆီးခံရချိန်မှ ၂ လကျော်ကြာသည်အထိ တောင်ဝင်စာ တွေ့ခွင့်မရသည့်အပြင် ရုံးထုတ်စစ်ဆေးခြင်းမရှိသေးကြောင်း မိတ္ထီလာတက္က သိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

“ သူတို့ ၃ယောက်လုံးက ထောင်ထဲမှာ ကျွန်တော်တို့လည်း လုံးဝအဆက်အသွယ်မရဘူး။ ထောင်ဝင်စာလည်းမတွေ့ရဘူး။ ရုံးချိန်းတွေလည်း ထပ်ရွှေ့လိုက်တယ်။ အခု၂လကျော်ကြာပြီ။ ထောင်ထဲမှာ နှိပ်စက်တာတွေ ဘာတွေရှိမလားဆိုတာလဲ မသိရဘူး” မိတ္ထီတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုအောင်စွမ်းပြည့်ထွန်း ကပြောဆိုသည်။

အလားတူ မုံရွာမြို့တွင်လည်း ပြည်တွင်းစစ် ရပ်စဲရေး စတေကာ ကမ်းပိန်းပြုလုပ်ခဲ့သည့် မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အထွေထွေ အတွင်းရေးမှူး ကိုလင်းသူရကို ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန်ရှိသော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာလ ၁ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့်နေ့မှ ၂လကျော်သည်အထိ တောင်ဝင်စာ တွေ့ခွင့်မရဘဲ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးကြောင်း မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ထံမှသိရသည်။

“ အခုလောလောဆယ်အထိ ရုံးလည်း တစ်ခါမှ မထုတ်သေးဘူး။ ဖမ်းသွားတာက ၂လပြည့်တော့မယ်။ ရုံးထုတ်ခြင်းမရှိသေးဘူးဆိုတော့ ကျွန်တော်တို့ရဲဘော်တွေ အထဲမှာ အဆင်ပြေလား။ နေကောင်းရဲ့လား။ ကျွန်တော်တို့ သိရခြင်းလည်း မရှိဘူး။ လူကိုယ်တိုင်လည်းမတွေ့ရတဲ့အတွက် ကျွန်တော်တို့ အစား အစာတွေပဲပို့လို့ရတယ်ပေါ့။ သူ မုံရွာထောင်ထဲမှာ ရှိတယ်ဆိုတာပဲ သိရတယ်။ ကျန်တာတော့ ကျွန်တော်တို့မသိရဘူး” ဟု ကမ်းပိန်းပြုလုပ်ခဲ့သည့် မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမြတ်ဟိန်းကပြောဆိုသည်။

အလားတူ စစ်တွေမြို့နယ်တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့သော ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ကျောင်းသား ၃ဦးနှင့် ဝန်းရံသူ ၁ဦးဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဝန်းရံသူ ကိုကောင်းထွန်းတို့ကို နိုင်ငံ တော် အကြည်ညို ပျက်စေမှု ပုဒ် ၅ဝ၅(ခ) ဖြင့် ယနေ့တွင် ရုံးထုတ်စစ်ဆေးရန်ရှိသော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာလ ၁ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ခြင်းကြောင့် ရခိုင်ပြည်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

“ ကျောင်းသားတွေကို ရုံးထုတ်လာတာမရှိပါဘူး။ ဆက်ပြီးတော့ ၁၄ရက် ချုပ်နှောင်လိုက်ပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့ကို ရုံးချိန်းပြန်ချိန်းလိုက်တယ်။ ကျောင်းသား ၃ဦးနဲ့ ဝန်းရံသူ ၁ဦးပေါ့။ ဝန်းရံသူလည်း ကျောင်းသားပါ။ ၃ဦးက ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ အဖွဲ့ဝင်တွေပေါ့။ ဝန်းရံသူက သာမန်ကျောင်းသားတစ်ယောက်ပေါ့။ ပုဒ်မတွေက တရားစွဲခံထားရတဲ့ ကျောင်းသားတွေက အားလုံးပေါင်း ၅ယောက်ပေါ့။ အရင်အမှုနဲ့ပေါင်းရင်ပေါ့။ အရင်က ပုဒ်မ ၁၉နဲ့ အမှုလည်းရှိတယ်လေ။ အခု ၅ဝ၅ (ခ) နဲ့ စွဲခံထားရတဲ့ သူနှစ်ဦးကတော့ ပုဒ်မ ၂ခုရင်ဆိုင်ရမှာပေါ့။ ကျွန်တော်တို့က ပစ္စည်းတော့ ပို့လို့ရတယ်။ လူတော့တွေ့ခွင့်မရဘူး။ ထောင်ဝင်စာကို လူချင်းတွေ့ခွင့်မပေးဘူး။ ကိုဗစ်ကိုအကြောင်း ပြပြီး တွေ့ခွင့်မပေးတာဖြစ်တယ်။ စာအဆက်အသွယ်တော့လုပ်လို့ရတယ် ” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းကပြောဆိုသည်။

မန္တလေးတွင်လည်း ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုခြင်းကြောင့် ထောင် ၇နှစ်နှင့် ၂လချမှတ်ခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ကိုစိုးလှနိုင်(အတွင်းရေးမှူးအဖွဲ့ဝင်-ဗဟိုအမှုဆောင်အဖွဲ့) နှင့် ကိုကျော်သီဟရဲကျော် (ရုံးအဖွဲ့မှူး-ဗဟိုအမှုဆောင်အဖွဲ့) တို့နှင့် အမှုတွဲဖြစ်သည့် ဝရမ်းထုတ်ထားခြင်းခံရသည့် ကိုဘုန်းမြင့်ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန်နှင့် ပတ်သက်၍ အစီ ရင်ခံစာ မတင်နိုင်သေးဟုဆိုကာ အောင်မြေသာဇံတရားရုံးတွင် ရုံးချိန်းကို ဒီဇင်ဘာ လ ၁ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts