interview Peace Web TV

“စစ်တပ်ရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး အယုံအကြည်မရှိခဲ့ဘူး။ ရွေးကောက်ပွဲတွေရဲ့ တည်ငြိမ် အေးချမ်းမှုဆိုတဲ့အရာကို ထိခိုက်အောင် ကြီးကြီးမားမား လတ်တလောမှာ လုပ်ဆောင်နိုင်တာက စစ်တပ်ပဲဖြစ်နေတယ်ပေါ့။ စစ်အာဏာရှင်တွေပဲဖြစ်တယ်” (ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ဆက်သွယ်မေးမြန်းချက်

နိုဝင်ဘာလ ၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး မအောင်မြင်ကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် အခြေအနေမရှိဟု သဘောထား ကြေညာချက်နှစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက် ၂ ခုစလုံးတွင် တပ်မတော်က လက်ရှိအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ လည်း ဝေဖန်ပြောဆိုမှုများလုပ်ဆောင်ထားသည်။

တပ်မတော်၏ သဘောထားကြေညာချက်များကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)က ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း နိုဝင်ဘာလ ၃ ရက်နေ့တွင်ထုတ်ပြန်လိုက်ရာ ယင်းကြေညာချက်နှင့်ပတ်သက်၍ ဗကသ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

https://www.facebook.com/khitthitnews/videos/364080561475097/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts