All News Election Local News

ချင်းပြည်နယ်တွင် NLD ပါတီအောင်နိုင်ရေး ကူညီသည့် ကုမ္ပဏီများ ပညာရေးဦးစီးဌာနတင် ဒါလျှောက်ထားမှု အစီရင်ခံတင်ပြစာ ထွက်ပေါ်မှု စုံစမ်းစစ်ဆေးမည်

ချင်းပြည်နယ်တွင် NLD ပါတီအောင်နိုင်ရေး ကူညီသည့် ကုမ္ပဏီများ ပညာရေးဦးစီးဌာနတင် ဒါလျှောက်ထားမှု အစီရင်ခံတင်ပြစာ ထွက်ပေါ်မှု စုံစမ်းစစ်ဆေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ချင်းပြည်နယ်တွင် NLD ပါတီအောင်နိုင်ရေးအတွက် ကူညီသည့် ကုမ္ပဏီ ၆ ခုက ပညာရေးဦးစီးဌာနတွင် တင်ဒါလျှောက်ထားမှုကို အထောက်အကူပြုစေရန် အစီရင်ခံစာထုတ်ပေးခဲ့သည့် ထန်တလန်မြို့နယ် NLD ဥက္ကဋ္ဌ ကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီက ယနေ့ သတင်းထုတ်ပြန်သည်။

ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ က NLD အောင်နိုင်ရေး ကူညီဝန်းရံခဲ့သည့် ကုမ္ပဏီ ၆ ခုကို ၎င်းတို့ လျှောက်ထားသည့် အစိုးရ ပညာရေးဦးစီးဌာန တင်ဒါနံပါတ်များနှင့်တကွ ဖော်ပြပြီး အထောက်အကူပြုစေသော အစီရင်ခံစာကို အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာပြီးနောက် ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီက စုံစမ်းအရေးယူရန် တင်ပြထားပြီး ချင်းပြည်နယ်ပါတီအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌထံ ဖြစ်စဉ်ကို တရားလွှဲပြောင်း အကြောင်းကြားထားပြီးဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ချင်းပြည်နယ်အစိုးရကိုလည်း တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့်အညီသာ စနစ်တကျဆောင်ရွက်ရန် ပါတီ၏ သဘောထားကိုလည်း အသိပေးအကြောင်းကြားသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts