interview Peace Web TV

“ခင်ဗျား AA က မဟုတ်ဘူးလား။ ခင်ဗျား သင်တန်းတက်ထားတယ်မလား။ အဲလိုမေးပြီးတော့ ရိုက်တယ်တဲ့။ သေနတ်ဘောင်နဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ စစ်သားတွေက အများကြီးပဲ။ တစ်ယောက်စီ လုပ်ကြတာ။ မျက်နှာကို အဝတ်စနဲ့ စည်းထားတော့ ဘာမှ မမြင်ရဘူး”

“ခင်ဗျား AA က မဟုတ်ဘူးလား။ ခင်ဗျား သင်တန်းတက်ထားတယ်မလား။ အဲလိုမေးပြီးတော့ ရိုက်တယ်တဲ့။ သေနတ်ဘောင်နဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ စစ်သားတွေက အများကြီးပဲ။ တစ်ယောက်စီ လုပ်ကြတာ။ မျက်နှာကို အဝတ်စနဲ့ စည်းထားတော့ ဘာမှ မမြင်ရဘူး”

တပ်မတော်၏ ဖမ်းဆီးနှိပ်စက်ခံရသော ဦးကျော်နုမောင်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး သမီးဖြစ်သူ မခင်နှင်းဝေနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကျောက်မြောင်းအုပ်စုအတွင်းသို့ ​​ရောက်ရှိနေသော မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုက ချစ်ပုံမကျေးရွာအနီး ကျွန်းတောင်ကာရီတွင် ငါး ပုဇွန် ဂဏန်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ အသက် ၅၀ ကျော် ရေလုပ်သားဦးကျော်နုမောင်ကို ဖမ်းဆီး နှိပ်စက်ခဲ့ပြီး ဦးကျော်နုမောင်မှာ ယခုအခါ ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေရပြီဖြစ်သည်။ ဦးကျော်နုမောင်၏ သမီးဖြစ်သူ မခင်နှင်းဝေကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မခင်နှင်းဝေရဲ့ အဖေက ဘယ်လို အဖမ်းဆီးခံရတာလဲ။ အဖေက ဘာအလုပ်လုပ်တာပါလဲ။

ဖြေ။ ။ ကျမရဲ့ အဖေက ဦးကျော်နုမောင်ပါ ။ ငါးပုဇွန်ကန်မှာ လုပ်တာပါ။ မနေ့ညနေက စစ်သားတွေက အဖေ့ကို ဖမ်းသွားတာပါ။ သူ့ကို ဖမ်းသွားတာပေါ့။

မေး။ ။ ဖမ်းပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်လဲ။

ဖြေ ။ ။ ရိုက်ပါတယ်။ နှိပ်စက်ပါတယ်။ သေနတ်ဘောင်နဲ့ ရိုက်ပါတယ်။ ခြေထောက် တွေနဲ့ ကန်ပါတယ်။

မေး။ ။ ဦးကျော်နုမောင်ကို အဓိက ဖမ်းတာဘာကြောင့်လဲ။

ဖြေ။ ။ အဓိက ဘာလို့လဲဆိုတော့ သူ့ကို AA က ထင်ပြီး ဖမ်းသွားတယ်တဲ့။ ဓမ္မာရုံမှာ ကြိုးနဲ့ တုပ်ပြီး ပစ်ထားခဲ့တယ်။ စစ်သားအများကြီးပဲ အဖေ့ကိုရိုက်တာ။ မျက်လုံးကို အဝတ်စနဲ့ ပိတ်ပြီး စည်းထားတယ်။ ဘာမှ မမြင်ရဘူးတဲ့။ တစ်ယောက်စီက သေနတ်ဘောင်နဲ့ ထုပြီးတော့ ခြေထောက်နဲ့ကန်တယ်တဲ့။

ခင်ဗျား AA က မဟုတ်ဘူးလား။ ခင်ဗျား သင်တန်းတက်ထားတယ်မလား။ အဲလိုမေးပြီးတော့ ရိုက်တယ်တဲ့။ သေနတ်ဘောင်နဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ စစ်သားတွေက အများကြီးပဲ။ တစ်ယောက်စီ လုပ်ကြတာ။ မျက်နှာကို အဝတ်စနဲ့ စည်းထားတော့ ဘာမှ မမြင်ရဘူး။

မေး။ ။ ဦးကျော်နုမောင်က အခု ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အခုက ဆေးရုံမှာပါ ။ အဖေက အတွင်းထဲက နာနေတာပေါ့။ ရင်ဘတ်တွေက အောင့်ပြီးတော့ အသက်ရှုလို့လည်း မကောင်းဘူး။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အခုဆေးရုံမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်က မလှုပ်နိုင်ဘူး။ အဖေက ပုဇွန်ကန်မှာ နေတာ။

မေး။ ။ သူ့ကို ဘယ်လောက်ကြာအောင် ဖမ်းထားတာလဲ။

ဖြေ။ ။ မနေ့ညနေက ဖမ်းသွားပြီးတော့ ဒီနေ့မနက်မှ ပြန်လွှတ်တာ။ လွှတ်တာကလည်း ဘုန်းကြီးကျောင်းက ကပ္ပိယကို တစ်နာရီကျော်လောက်ကြာရင် ပြန်လွှတ်လိုက်ဆိုပြီး မှာထားခဲ့တယ်တဲ့။ ဘုန်းကြီးကိုလျှောက်ပြီးတော့ ပြန်လွှတ်တဲ့အချိန်မှာ သတိက ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ ဒဏ်ရာတွေက အရမ်းနာနေတော့။

https://www.facebook.com/khitthitnews/videos/3141080292785456/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts