All News Election Local News

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး ကျင်းပပေးရန် UEC ကို အရပ်ဘက်အဖွဲ့ ၂၁၁ ခုတိုက်တွန်း

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး ကျင်းပပေးရန် UEC ကို အရပ်ဘက်အဖွဲ့ ၂၁၁ ခုတိုက်တွန်း


ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲကို လွတ်လပ် မျှတမပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး ကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UEC ထံသို့ အရပ်ဘက်အဖွဲ့အစည်း ၂၁၁ ခုက အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ စွဲဖြင့် အရပ်ဘက်အဖွဲ့အစည်း ၂၁၁ ခု က ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီး အဆင့် မဲဆန္ဒနယ် (၁၁၅၇) ခုအတွက် ပါတီပေါင်း (၉၁) ပါတီ၊ ပါတီကိုယ်စား​ပြုနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် စုစု ပေါင်း (၅၈၃၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြ်စကြောင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင်သူ (၃၇) သန်းရှိပြီး (၁၉) သန်း ကျော်မှာ အမျိုးသမီးနှင့် (၅) သန်းကျော်၊ မဲပေးမည့် မသန်စွမ်းသူ (၈၇,၂၈၀) ဦး ရှိကြောင်း၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်နှင့် ချင်းပြည်နယ်များတွင် စစ်ရှောင်စခန်းများ၌ ခိုလှုံနေရသည့် ပြည်သူ (၃၀၀,၀၀၀) ကျော် ရှိပြီး၊ ၂၀၁၇ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်မှ ထွက်ပြေး တိမ်းရှောင်နေရသူ (၇၀၀,၀၀၀) ကျော် ရှိကြောင်း တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း (၄၁,၀၀၀) ရုံခန့် ရှိမည် ဖြစ်ပြီး မဲရုံများတွင် တာဝန်ယူမည့် ဝန်ထမ်း (၄၁၀,၀၀၀) ဦး လိုအပ်မည်ဖြစ်ကြောင်း အစချီ၍ ရေးသားဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် ကိုဗစ်ကပ်ရောဂါ အကန့်အသတ်များကြောင့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီအများစုမှာ အခက်အခဲ အကန့်အသတ်များနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် အဓိပ္ပာယ် ပြည့်ဝစွာ မဲဆန္ဒနယ်များနှင့် ထိတွေ့မှု၊ မဲဆွယ်စည်းရုံးမှုများ မလုပ်နိုင်ခဲ့သည့်အတွက် ရာနှုန်းပြည့် မျှတ သည့် ရွေးကောက်ပွဲဟု သတ်မှတ်ရန် အကန့်အသတ်ရှိကြောင်း၊ UEC က ပြည်နယ် (၅) ခုနှင့် တိုင်းဒေသကြီး (၁) ခုမှ မြို့နယ်လုံးကျွတ် ပယ်ဖျက်သည့် မြို့နယ် စုစုပေါင်း (၁၅) မြို့နယ်၊ တစ်စိတ်တစ်ပိုင်း ပယ်ဖျက်သည့်မြို့နယ် (၄၁) ခုမှ ရပ်ကွက်ပေါင်း (၂၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၅၅၈) အုပ်စုကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေများ အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲဆိုင်ရာ မတရားမှုနှင့် တိုင်းရင်းသား မျိုးနွယ်စုများ၏ မဲပေးခွင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ကိုဗစ်ကူးစက်မြန်ကပ်ရောဂါမှ ဘေးကင်းလုံခြုံပြီး ဒီမိုကရေစီ စံနှုန်းများနှင့်အညီ သန့်ရှင်း၊ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် အဓိကတာဝန်ရှိကြောင်း၊ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း လွတ်လပ်၊ မျှတ၊ ကျန်းမာစွာ မဲပေးနိုင်ရေးနှင့် နိုင်ငံရေးပါတီများ အားလုံး တရားမျှတ တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် တိုက်တွန်းတောင်းဆိုကြောင်း ဖော်ပြထားသည်။

မဲရုံဝန်ထမ်းများ ကျန်းမာရေးနှင့်ပတ်သက်၍ မြို့နယ်/ ရပ်ကျေး ကော်မရှင်ခွဲများ၊ မဲရုံများ၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအနေဖြင့် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မဲထည့်ရေး ကိစ္စနှစ်ခုလုံးကို စံလုပ်ငန်းလမ်းညွှန်များအတိုင်း စနစ် တကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးသည်။ ထိုဝန်ထမ်းများအတွက် ကိုဗစ်ကာကွယ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ထောက်ပံ့မှုများအားလုံး ပြည့်စုံစွာရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးရန် အထူးလိုအပ်ကြောင်း၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ ရွေးချယ်ရာတွင် အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ မဲရုံဝန်ထမ်းများအကြား အလှည့်ကျ အနားယူချိန် ထည့်သွင်းသင့်ကြောင်း၊ လက်ရှိ ကွာရန်တင်းစင်တာများ ရှိရာ နေရာတချို့ကို မဲရုံများအဖြစ် ဆက်လက် အသုံးပြုမည် ဖြစ်သဖြင့် ထို နေရာများတွင် မဲရုံဖွင့်လှစ်ခြင်းအား အထူးဂရုပြုရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

မဲဆွယ်ခြင်းနှင့်ပတ်သက်၍ အာဏာရပါတီအပါအဝင် အခြားပါတီများ၏ လူ ၅၀ ထက် ကျော်လွန်၍ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံး ခြင်းသည် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး စံလုပ်ငန်းလမ်းညွှန်ချက်များအား ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စများအား ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီ အဆင့်အဆင့်နှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်တို့က ဖိဖိစီးစီး အ‌ရေးယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထောက်ပြထားသည်။
သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်ခံလူများနှင့် မသန်းစွမ်းသူများ မဲပေးခြင်းနှင့်ပတ်သက်၍ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်ခံလူများနှင့် မသန်စွမ်းသူများ၏ မဲများအား အိမ်တိုင်ရာ ရောက် သွားယူကောက်ခံရာတွင်လည်းကောင်း၊ Quarantine စင်တာများနှင့် ကိုဗစ်အတည်ပြုလူနာများ ကြိုတင် မဲပေးမည့် Isolation Room များနှင့် ICU များတွင်လည်းကောင်း၊ လျှို့ဝှက်စွာ မဲပေးနိုင်မှု ထိခိုက်မှုမရှိစေရေးသည် လွန်စွာ အရေးကြီးကြောင်း၊ အထူးအားဖြင့် စစ်ဘေးရှောင်စခန်းများရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်ခံလူများ၊ မသန် စွမ်းသူများ၏ မဲပေးခွင့်ရရှိရေးနှင့် လျှို့ဝှက်စွာ မဲပေးနိုင်မှု ထိခိုက်မှုမရှိစေရေးသည် လွန်စွာ အရေးကြီးကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ထိုလျှို့ဝှက်မဲများကို နည်းလမ်းမှန်ကန်စွာ စနစ်တကျ စီမံခန့်ခွဲရန်လည်း အရေးကြီးသည်ဖြစ်ရာ လျှို့ဝှက် မဲ သွားရောက်ကောက်ယူခြင်း၊ လျှို့ဝှက်မဲပေးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် ထိခိုက်ချိုးဖောက်မှုများ မရှိစေရန် တိ ကျသော လုပ်ငန်းလမ်းညွှန်များကို ထုတ်ပြန်သင့်ကြောင်း အသိပေးထားသည်။

စောင့်ကြည့်လေ့လာရေး နှင့်ပတ်သက်၍ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ စနစ်တကျစောင့်ကြည့်လေ့လာနိုင်ရေးအတွက် ပြည်ထောင်စု/ တိုင်း/ ပြည်နယ် ကော်မရှင်ခွဲ အဆင့် ဆင့်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီ အဆင့် ဆင့်တို့က အပြည့်အဝ ကူညီပေးရန် လိုအပ်ကြောင်း၊ မဲပေးခြင်းဖြစ်စဉ်မှ မဲရလဒ်များ ကြေညာခြင်းဖြစ်စဉ်အထိ စနစ်တကျ ပါဝင်စောင့်ကြည့် လေ့လာနိုင်ရန် အတွက် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်အားလုံးနှင့် သက်ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးကြောင်း ရေးသားဖော်ပြထားသည်။

ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်၍လည်း ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေးကာလတွင် ရွေးကောက်ပွဲ အကြမ်းဖက်မှု (Electoral Violence) များ ဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲခြင်း ရှိမရှိနှင့် ရှိပါက မည်သို့ပြင်ဆင်ထားသည်ကို ထုတ်ပြန်ကြေညာရန် လိုအပ်ကြောင်း၊ လုံခြုံရေး စီမံချက်များကို နိုင်ငံရေးပါတီအားလုံး၊ ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ပွင့် လင်း မြင်သာစွာ ချပြဆွေးနွေးထားရန် အထူးလိုအပ်ကြောင်း၊ လုံခြုံရေးစီမံဆောင်ရွက်မှုတွင် မဲရုံလုံခြုံရေးသာမက ရွေးကောက်ပွဲဖြစ်စဉ်တစ်လျှောက် ပါဝင်ဆက်စပ်နေ သူများအားလုံး၏ လုံခြုံရေးကို ထည့်သွင်းစီမံသင့်ကြောင်း ပြောဆိုထားသည်။

မဲဆန္ဒရှင်နှင့် မဲပေးခြင်းနှင့်ပတ်သက်၍လည်း ၂၀၁၅ ခုနှစ် အထွေထွေ‌ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဖြစ်ပွားခဲ့သော မဲဆန္ဒ ရှင် သက်သေခံလက်မှတ်ဖောင်းပွခြင်းနှင့် မဲဆန္ဒရှင်သက်သေခံ လက်မှတ်ဆိုင်ရာ မသမာမှုများ ထပ်မံ မဖြစ်ပွားစေ ရန် စီမံထားမှုများကို အများပြည်သူ သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးရန် လိုအပ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါဆိုင်ရာ တားမြစ်ချက်များကြောင့် မိမိ၏ မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်သွားရောက် ဆန္ဒမဲပေးနိုင်ခြင်း မရှိသော မဲဆန္ဒရှင်များ၊ စစ်ဘေးရှောင်စခန်းများမှ မဲဆန်ဒရှင်များ၊ ပြည်တွင်းရွှေ့ပြောင်း နေထိုင် နေရသည့် စစ်ဘေးဒုက္ခသည်များအတွက် မဲပေးခွင့်ရှိရေး အစီအစဉ်များကိုထည့်သွင်းပေးရန်နှင့် ထိုသူများ၏ ဆန္ဒ မဲ ပေးနိုင်မှု မဆုံရှုံးစေရန် စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် (၃၇) သန်းကျော် ရှိရာ ရွေးကောက်ပွဲ နေ့တွင် ကိုယ်တိုင်လာရောက် မဲပေးလိုသူများ၏ စီတန်းခြင်းမှလည်းကောင်း၊ မဲရုံအတွင်း မဲဆန္ဒပုံး တစ်နေရာမှ တစ်နေရာသို့ သွားရခြင်းကြောင့်လည်းကောင်း ကိုဗစ်ရောဂါကူးစပ်မှု ပြန့်ပွားနိုင်ကြောင်း၊ သို့ရှိရာ မဲရုံအတွင်းအပြင် လူစုပြုံမှုမရှိရေး၊ မဲရုံအတွင်း လေဝင်ထွက်မှုအလုံအလောက်ရှိရေး၊ မဲပေးရာတွင် အသုံးပြုသည့်ပစ္စည်းများ ဘေးကင်းစွာ အသုံးပြုနိုင်ရေးအတွက် အမြဲသန့်စင်မှု ရှိစေရေးများ ထင်သာ မြင်သာ ဖြစ် မှသာ မဲဆန္ဒရှင်များအနေဖြင့် ရောဂါကူးစက်မှုစိုးရိမ်စိတ် လျော့နည်းပြီး အေးဆေးစွာ မဲထည့်နိုင်မည် ဖြစ်ကြောင်း၊ မဲပေးစဉ်တစ်လျှောက် ရောဂါကူးစက်မှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် အရေးကြီးသည့် လုံခြုံ ရေး အစီအမံများနှင့် မဲပေးနိုင်သည့် ပတ်ဝန်းကျင်ဖြစ်အောင် အစီအမံများ ထားရှိရေးအတွက် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ဥက်ကဋ်ဌနှင့် တိုင်း/ ပြည်နယ်အလိုက် ကော်မရှင်အဖွဲ့ဝင်များက တာဝန်ခံ၊ တာဝန်ယူ ဆောင်ရွက် ပေးရန် အထူးလိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထပ်မံ အသိပေး ထောက်ပြထားသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအတွက် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိ အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများသည် အနယ်နယ်အရပ်အရပ်တွင် ရှိကြပြီး သက်ဆိုင်ရာကဏ္ဍများတွင် အတွေ့ အကြုံရှိသည့် အဖွဲ့အစည်းများဖြစ်ရာ ရွေးကောက်ပွဲအား ဘေးကင်းလုံခြုံပြီး အောင်မြင်စွာ ကျင်းပရန် အကြံဉာဏ် နှင့် အထောက်အပံ့များစွာ ပေးနိုင်သည့် အရင်းအမြစ်များ ဖြစ်ကြောင်း၊ ဒီမိုကရေစီ စံနှုန်းများနှင့် အညီ သန့်ရှင်း၊ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ ကိုဗစ်ကူးစက် ကပ် ရောဂါမှ ဘေးကင်းလုံခြုံသော ရွေးကောက်ပွဲဖြစ်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာများကို တိုင်ပင်ဆွေးနွေးရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်း နှိုးဆော်ထားသည်။

ပါဝင်ထောက်ခံသည့်အရပ်ဘက်အဖွဲ့အစည်းများ

1 Action & Learning Community-ALC (Dawei)2 Action for Dignity and Development3 Action Group for Farmers Affair(AGFA)4 Action Labor Rights5 ALinn Bamaw Local Development Organization6 Alinsaetamarn Library & Resource Center7 All Kachin Youth Union – AKYU8 Alliance for Gender Inclusion in the Peace Process (AGIPP)9 Area Peace and Development Forward10 Asia Myanmar Research Institute11 Ayarwaddy Civil Society Network12 Ayeyarwaddy Transparency and Accountability Association (ATAA)13 Ayeyarwady Youth Network14 Banmaw Youth Network15 BEE House16 BRIDGE17 Candle light18 Chin MATA Working Group19 Chin Resources Center20 Christian Social Service & Development Department(CSSDD Pathein)21 Civic Engagement Development Network22 Civil Call (Sagaing region)23 Civil Society Forum for Peace (CSFoP)24 Coastal Region Mangrove Conservation Organization25 Community Development Youth Network26 Community Response Group27 Dai Fin Social Services28 Dawei Development Association29 Dawei Farmer Organization30 Dawei Probono Lawyer Network31 Dawn Peace Foundation32 Doe Myay Community Development Organization33 DSMAF34 Educational Initiatives (EI)35 Empower Youth Enlightenment36 Enlightened Myanmar Research Foundation (EMReF)37 Farmers And Land Rights Action Group38 Farmers And Landworkers Union(Myanmar)39 Farmers Organization Mohnyin40 Future Light Center41 Future Light For Child42 Future Women Association43 Future Young Pioneer Organization44 Gender Equality Network (GEN)45 Generation Wave46 Genuine People’s Servants (GPS)47 Good Hope Foundation, Bhamo, Kachin State.48 Gracious Heart Foundation49 Green Mon Land Association50 Green Youth Organization51 Grip Hands52 Halcyon53 HEARTLAND FOUNDATION54 Htoi Gender55 Htoi San Local Development Organization56 Human Rights Defenders and Promoters57 Human Rights Foundation of Monland58 Humanitarian Strategy Team – Northern Shan State (HST-NSS)59 Humanity Institute60 Justice Society61 Kachin Development Network Group62 Kachin State Farmers Association63 Kachin Women Peace Network64 Kachin Women Union65 Kayin Open Group66 KBA-CSSDD67 KengTung Youth68 KnHRG69 KPP70 Kyaukse Youth Network71 LAIN Technical Support Group72 Land Core Group73 Light House Social Development Organization Network Ayarwaddy74 Local Resource Centre75 Loi Yan Bum76 Loka Yadanar Library77 Mandalay Community Center78 MATA (Sagaing region)79 Mawlamyine Law Students’ Association80 Meiktila District Youth Affair Committee81 Metta Development Foundation82 Minglar Foundation for Development83 Mohnyin District Society Network84 Mon Area Community Development Organization (MACDO)85 Mon State Community Association86 Mon Women Network87 Mungsan Development Group88 Myanmar Cultural Research Society89 Myanmar Deaf Society90 Myanmar Human Rights Alliances Network(MHRAN)91 Myanmar SCM92 Myebon Youth Association93 Namkyeo Parahita Foundation94 Nang Htike San95 National YWCA of Myanmar96 NCSO97 NKWD,CBO98 Northern Shan Peace CSOs Committee99 NSSCA100 NSSIDPကော်မတီ101 Open Development Foundation102 Our Future Initiative103 Our Lovely World104 Pa-O Youth105 Pace on Peaceful Pluralism106 Pan Pyoe Lett107 Peace World Gender Organization108 PNYN109 Pyinkhone Phunsang Pawlkom (3-P)110 RainMaker111 Ray of Light112 Research Institute for Society and Ecology(RISE)113 S K N N.114 Sarah Women & Youth Development Organization115 Second Tap Root116 Shalom Foundation117 Shan MATA118 Shan State Youth Capacity Building Center119 Shan Women Development Network120 Share Mercy121 Sharing(မျှဝေရာ)122 Shingnip Legal Aid Organisation123 Shining Life124 Shining Star Interfaith and HR Group125 Shwe Minn Tha Foundation (Myanmar)126 Shwechinthae Social Service Group (Shwebo)127 SKY-Youth, Kyaukphyu128 Southern Youth Development Organization129 SSYCBC130 Stara Way Mogaung CSOs Network131 Sut Awng Farmer Group132 Synergy – Social Harmony Organization133 Ta’ang Legal Aid-TLA134 Ta’ang Students and Youth Union-TSYU135 Ta’ang Women’s Organization-TWO136 Tar Won137 Thandaungyyi Women’s Group138 The Fifth Pillar139 Township Leading Group (MKN)140 Transparency Accountability Network in Kachin State141 TRY Organization142 TWU143 Waingmaw Civil Society Network144 Waingmaw Lisu Development Association145 White Marker Group146 YMCA of Mandalay147 YOUTH CIRCLE148 Youth Learning Centre149 Zomi CAD (ဇိုမီးလူမှုဖွံ့ဖြိုးရေးအသင်း)150 Zomi Social Society151 ကန်ပက်လက်နယ်မြေဒေသဖွံ့ဖြိုးရေးအဖွဲ့152 ကမ်းထောင်းကြီးလူငယ်မျိုးဆက်သစ် (ကမ်းထောင်းကြီး) 153 ကျောင်းသားသမဂ္ဂ (တောင်ကုတ်ဒီဂရီကောလိပ်) – တောင်ကုတ် 154 ကရင်ပွင့်လင်းအုပ်စု(K.O.G)155 ကလျာဏမိတ္တလူမှု့စောင့်ရှောက်ရေးအသင်း ခင်ဦး/ရှားတော156 ကားမိုင်းဒေသအရပ်ဘက်လူမှုအဖွဲ့အစည်း157 ချင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့158 ငြိမ်းသံလွင်ဖောင်ဒေးရှင်း159 တအာင်းအမျိုးသမီးအဖွဲ့ – သီပေါ160 ဧရာဝတီမြစ် အနောက်ဘက် ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (မကွေးတိုင်း)161 တောင်ကုတ်လူငယ်ကွန်ရက် ရခိုင်လူငယ်မျိုးဆက်သစ်162 တောင်ချွန်မြေ မှ တွဲလက်များ163 ထွယ်ဂင်တောင် လူမှုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အစည်း164 ဒို့တောင်သူလယ်သမားအဖွဲ့အစည်း165 ဒို့မြေကွန်ရက်(LIOH)166 ဒီမိုကရေစီရှင်သန်ကြီးထွားရေးသမဂ္ဂ167 ဒီရေတောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး168 ပညာ့တံခါး အကယ်ဒမီ169 ပန်းတိုင် လူမှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့170 ပြည်ခရိုင်ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်171 ပြည်သာယာဌာနေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PTY- Group)172 ပူတာအိုမြစ်ဖျားဧရာ173 ပေါင်းကူး174 ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS-EB)175 ဖောထိုကော176 ဘဝအလင်း ဝ လူငယ်အသင်း177 ဘဝအားမာန်အသင်း (ပေါက်တော)178 မတူပြခြင်းနှင့်ငြိမ်းချမ်ရေး (PP)179 မရမာကြီးလူငယ်များကွန်ရက် (စစ်တွေ) 180 မြိုလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ပုဏ္ဏားကျွန်း)181 မြေယာနှင့် တောင်သူကွန်ယက်182 မြောက်ဦးလူငယ်များအစည်းအရုံး (မြောက်ဦး) 183 မွန် ဒေသလူမှုဖွံ့ဖြိုး ရေးကွန်ရက်184 မွန်လူငယ်အဖွဲ့185 မသန်စွမ်းအမျိုးသမီးများအဖွဲ့ 186 မိတ္ထီလာခရိုင် အလင်းတန်းအဖွဲ့ 187 ရက္ခပါလအဖွဲ့ (ကျောက်တော်)188 ရက္ခအားမာန် ပရဟိတလူငယ်များအသင်း (ကျောက်တော်)189 ရခိုင့်မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့ (မင်းပြား)190 ရခိုင်လူငယ်များစွမ်းရည်မြှင့်တင်ရေးအဖွဲ့ (ဘူးသီးတောင်) 191 ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့ (စစ်တွေ)192 ရည်ရွယ်ရာလူမှုဖွံ့ဖြိုးရေးအဖွဲ့193 ရမ်းဗြဲမြို့နယ်လူငယ်များကွန်ရက် (ရမ်းဗြဲမြို့)194 ရွှေခြင်္သေ့တောင်သူကွန်ယက်195 ရသေ့တောင်မြို့နယ်လူငယ်ကွန်ရက် (ရသေ့တောင်)196 ရှစ်လေးလုံး8888သွေးသစ်၊(ကချင်ပြည်နယ်)197 ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မိုးညှင်း198 ရောင်ခြည်သစ်199 ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း200 ဝိုင်းမော်လီဆူဖွံ့ဖြိုးရေးအသင်း201 သက်လူငယ်များကွန်ရက်202 သန္တာရင်သွီး လူငယ်ပရဟိတအသင်း (ကျောက်ဖြူ) 203 သံဖြူဇရပ်မြို့နယ်လုံးဆိုင်ရာမွန်လူငယ်အဖွဲ့အစည်း204 သူရိန်ထွန်း ဒေသဖွံ့ဖြိုးရေးအသင်း205 အစိမ်းရောင်ဘဝများ (မြေပုံ)206 အနင်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့207 အနောက်တံခါးလူငယ်များအဖွဲ့ (မောင်တော)208 အလင်းမီးအိမ်209 အလုပ်သမားအဖွဲ့အစည်းများပေါ်ပေါက်ရေးနှင့်အမျိုးသမီးအခွင့်အရေးဆိုင်ရာအသိပညာပေးရေးအဖွဲ့ (ပဲခူးကွန်ရက်)210 အားမာန်သစ်211 အုန်းတောလူငယ်ပရဟိတ ဖောင်ဒေးရှင်း (ကျောက်ဖြူ)
တသီးပုဂ္ဂလပါဝင်ထောက်ခံသူများ1 Aung Paing Win2 Gam Seng3 Kai Ja4 Naing Aung Lynn5 Nang Ji Aung6 Naw Htoi Aung7 Nyo Seint Aye8 Sai Awan Num Kham9 Sai Naw Kham10 Saw Min Naing11 Saw Soe Mo Aung12 Soe Zaw Latt Myint13 Thet Ko Aung14 U Nay Kyaw Hlaing15 Yin Nyein16 Zaw Myo Naing17 ဂျီးပန်18 တိန်းဝန်း19 မပိုးအိဖြူ20 မောင်သံလွင်ဦး21 ဦးလဒွဲနန်22 ဦးဝေရာစိုး23 ဦးဟောင်းဒေါဝ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts