All News Election Local News

ရခိုင်ပြည်နယ် မြို့နယ် ၉ ခု၊ ရှမ်း ပြည် နယ် မြို့နယ် ၆ ခုအပါအဝင် ရွေး ကောက်ပွဲ ကျင်းပခြင်းမပြုနိုင်သည့် နယ်မြေများစာရင်း UEC ထုတ်ပြန်

ရခိုင်ပြည်နယ် မြို့နယ် ၉ ခု၊ ရှမ်းပြည်နယ် မြို့နယ် ၆ ခုအပါအဝင် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်သည့် နယ်မြေများစာရင်း UEC ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်၊ မြို့နယ် ၉ ခု၊ ရှမ်းပြည်နယ် မြို့နယ် ၅ ခု အပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့်မြောက်ဦးမြို့နယ် စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပကြောင်း၊ ကျောက်ဖြူမြို့နယ် ရပ်ကွက် ၂ ရပ်ကွ့်၊ ကျေးရွာအုပ်စု ၅၂ စု ၊ အမ်းမြို့နယ် ရပ်ကွက် ၃ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ် ကျေးရွာအုပ်စု ၄ ခု ၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခု နှင့် ကျေးရွာအုပ်စု ၅၂ ခုကိုလည်းကောင်း ရွေးကောက်ပွဲ မကျင်းပနိုင်ဟု UEC ထုတ်ပြန်သည်။

အလားတူ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်၊ ပန်းဆန်း(ပန်ခမ်း) မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ပိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း၊ အခြားသောမြို့နယ်တချို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ကချင်ပြည်နယ် ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ် ၊ ရွှေကူမြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ တနိုင်းမြို့နယ်၊ ၀ိုင်းမော်နှင့် အင်ဂျန်းယန်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုတချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်၊ ဘားအံ၊ သံတောင်ကြီး၊ မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း၊ ပဲခူးတိုင်းကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတချို့နှင့် မွန်ပြည်နယ် ဘီလင်းမြို့နယ်၊ ဘောနော်ခီးကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည်။

အဆိုပါ မဲဆန္ဒနယ်များတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း UEC က ထုတ်ပြန်ကြေညာထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts