All News Local News Peace

ရခိုင်စစ်ပွဲနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး ရခိုင်တိုင်းရင်းသား ၇၀၀ ခန့် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြ

ရခိုင်စစ်ပွဲနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး ရခိုင်တိုင်းရင်းသား ၇၀၀ ခန့် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများ ရပ်တန့်ရေး ရခိုင်တိုင်းရင်းသား ၇၀၀ ခန့် ဆန္ဒပြကြကြောင်း ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများကြောင့် အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေမှုများနှင့်ပတ်သက်၍ ဘဂ်လားဒေ့ရှ်ရောက် ရခိုင်အသိုင်းအဝိုင်းများက Dhaka မြို့၌ ယနေ့ နံနက် ၁၀ နာရီတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ ဘဂ်လားဒေ့ရှ်နိုင်ငံဒေသအသီးသီးမှ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုလူဦးရေအင်အား (၇၀၀) ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒါကာမြို့ ဆန္ဒဖော်ထုတ်ပွဲသို့ ရခိုင်တိုင်းရင်းသားများက စစ်ကြောင်းပုံစံဖြင့် ချီတက်ဆန္ဒပြခဲ့ကြပြီး ၁။ Khagrachari ခေါ် ပလန်ထောင်စစ်ကြောင်း ၂။ Rangamati ခေါ် သက်ထောင်စစ်ကြောင်း ၃။ Bandarban ခေါ် ရွာတော် -ဗိုလ်မင်းထောင်စစ်ကြောင်း၊ ၄။ Chittagong ခေါ် စစ်တကောင်းစစ်ကြောင်း၊ ၅။ Teknaf ခေါ် ကယုချောင်း၊ မြစ်နားရွာစစ်ကြောင်း၊ ၆။ Cox’s Bazar ခော် ဖလောင်းချိတ်ခရိုင်မှ သော်ဒီဂျာ၊ မဟားဇိုး၊ ကုလားချုပ်၊ နွားရုံတောင်၊ ပန်းဝါစစ်ကြောင်းတို့ပါဝင်ကြောင်း ရက္ခိုင်ပြည်ကျာင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

Photo Credit – ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts