All News Local News Peace

မြန်မာ့တပ်မတော်၏ ပထမဦးဆုံးသော ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်

မြန်မာ့တပ်မတော်၏ ပထမဦးဆုံးသော ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်

ရန်ကုန်၊ အောက်တိုဘာ ၁၅

မြန်မာ့တပ်မတော်၏ ပထမဦးဆုံးသော ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း စတင်ဆောင်ရွက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်မှုအားဆောင်ရွက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်ခန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသည့် ရေငုပ်သင်္ဘော စစ်ရေယာဉ်-မင်းရဲသိင်္ခသူနှင့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုကြကြောင်း၊ ထို့နောက် စစ်ရေယာဉ်- မုတ္တမ အစည်းအဝေးခန်းမတွင် တာဝန်ရေတပ်မမှူးက အောက်တိုဘာ ၁၂ ရက်မှစ၍ လေ့ကျင့်ခန်းဆိုင်ရာဆောင်ရွက်လေ့ကျင့်ခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က ရေငုပ်သင်္ဘောစစ်ရေယာဉ်-မင်းရဲသိင်္ခသူ ဆိုင်ရာအချက်အလက်များနှင့် ရေငုပ်သင်္ဘောဖြင့်လေ့ကျင့်ခြင်းကြောင့် ရေအောက်စစ်ဆင်ရေးဆိုင်ရာ စွမ်းရည်များ တိုးမြှင့်ရရှိခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှု အတော်များပြားလာချိန်မှာ မြန်မာစစ်တပ်က ရေငုပ်သင်္ဘော လေ့ကျင့်ရေး၊ ရေငုပ်သင်္ဘောနှင့် တော်ပီဒိုများအတွက် အမေရိကန်ဒေါ်လာ ၁၇၅ သန်းအထိ သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

Photo Credit- တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts