interview Web TV

“မြန်မာမီဒီယာတွေအနေနဲ့ Collaborate လုပ်မလား ၊ Die မလားဆိုတာ ရွေးရမယ်”

“မြန်မာမီဒီယာတွေအနေနဲ့ Collaborate လုပ်မလား၊ Die မလားဆိုတာ ရွေးရမယ်”

By ရန်ကုန်ခေတ်သစ်

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်(ရန်ကုန်)၊ သတင်းစာအတတ်ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာဇင်မာကျော်နှင့်တွေ့ဆုံခြင်း

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သတင်းစာကြီး ၆ ခုက ၁၈၄၀ ခုနှစ်စ၍ Content Sharing လုပ်ခြင်းဖြင့် Collaborative Journalism ခေါ် စုစည်းပူးပေါင်းဆောင်ရွက်သည့် သတင်းစာအတတ်ပညာကို ဖော်ဆောင်ခဲ့ကြသော်လည်း ၁၉ ရာစုနှင့် ၂၀ ရာစု မီဒီယာလုပ်ငန်းများ ထွန်းကားလာချိန်တွင် အကျိုးအမြတ်တွက် ယှဉ်ပြိုင်မှုများပြားလာသောအခါ Collaborative Journalism ၏ အခန်းကဏ္ဍ မှေးမှိန်သွားခဲ့သည်။

သို့ရာတွင် ၂၀၀၀ ခုနှစ်မှစတင်၍ Collaborative Journalism ဖြင့် သတင်းဌာနများ၊ အဖွဲ့အစည်းများ ပေါင်းစည်းလုပ်ဆောင်မှု ပြန်လည် ထွန်းကားလာပြီး ယခုကဲ့သို့ ကပ်ရောဂါ ရင်ဆိုင်နေရချိန် မီဒီယာလုပ်ငန်းများ ထိခိုက်မှုများရှိနေချိန်တွင် Collaborative Journalism စုပေါင်းလုပ်ဆောင်မှုက ပိုမိုအရေးပါလာသည်။

ကိုဗစ်ကပ်ဘေးကြောင့် ရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေသော မြန်မာ့ ပုဂ္ဂလိက သတင်းမီဒီယာလောကအနေဖြင့်လည်း လွတ်လပ်သော ပုဂ္ဂလိက မီဒီယာအခန်းကဏ္ဍ ဆက်လက်ရှင်သန်ပြီး မပျောက်ပျက်ရေး Collaborative Journalsim ကို ကျင့်သုံးရမည့် အချိန်ရောက်ရှိပြီဖြစ်ကြောင်း အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်(ရန်ကုန်)၊ သတင်းစာအတတ်ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာဇင်မာကျော်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်(ရန်ကုန်)၊ သတင်းစာအတတ်ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာဇင်မာကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

https://www.facebook.com/khitthitnews/videos/275232310439185/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts