All News Election Local News

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုကျပ် ၄၁ ဘီလီယံနှင့် ငွေလွှဲပြောင်းမှုကျပ် ၂၇ ဘီလီယံ ရှိပြီး အစိုးရက ယာယီသိမ်းဆည်းထားကာ တရားရုံးက အပြစ်ရှိဟု အမိန့် ချလျှင် နိုင်ငံပိုင်သိမ်းမည်

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုကျပ် ၄၁ ဘီလီယံနှင့် ငွေလွှဲပြောင်းမှုကျပ် ၂၇ ဘီလီယံ ရှိပြီး အစိုးရက ယာယီသိမ်းဆည်းထားကာ တရားရုံးက အပြစ်ရှိဟု အမိန့် ချလျှင် နိုင်ငံပိုင်သိမ်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဖျက်သိမ်းလိုက်ပြီဖြစ်သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ခေါ် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှု ငွေကျပ် ၄၁ ဘီလီယံတွေ့ရှိရပြီး ငွေလွှဲပြောင်းမှု ငွေကျပ် ၂၇ ဘီလီယံရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဆက်လက်စစ်ဆေးရာတွင် ပိုင်ဆိုင်မှု ၄၁ ဘီလီယံနှင့် ငွေလွှဲပြောင်းမှု ၂၇ ဘီလီယံ ရှိကြောင်း၊ ၎င်းပိုင်ဆိုင်သော ပန်းလှိုင်အိမ်ရာ၊ မှော်ဘီရွာ၊ မန္တလေး ပြင်စာရှိ နေအိမ်အဆောက်အအုံများကို ယာယီသိမ်းဆည်းထားကြောင်း၊ လက်ရှိ ထောင်ပြေးမှုနှင့် လ၀က ဥပဒေဖြင့် အရေးယူထားကြောင်း၊ ယင်းကိစ္စပြီးစီးပါက ငွေကြေးခဝါချမှုနှင့် တရားစွဲဆိုမည်ဖြစ်ပြီး တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လျှင် ပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင် သိမ်းဆည်းမည်ဖြစ် ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

“အခုကတော့ ပုဒ်မ ၂၂၄ (ထောင်ပြေးမှု) အပြင် လ၀က အက်ဥပဒေနဲ့ပါ အရေး ယူထားတယ်။ အဲဒါတွေပြီးရင် ငွေကြေးခဝါချမှုနဲ့ တရားစွဲမယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် နိုင်ငံတော်ပိုင်သိမ်းဆည်းမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

လတ်တလော ဦးကျော်မြင့်၏ နှင်းဆီ UDP ပါတီကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပိုင်ခွင့်ဆုံးရှုံးကြောင်း ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts