Election interview Web TV

တိုင်းရင်းသားပါတီများ အားကောင်းသော မြို့နယ်နှင့် မဲဆန္ဒနယ်များ ရွေး ကောက်ပွဲ မကျင်းပမှု UEC တရားမျှတမှုမရှိဘဲ ဘက်လိုက်နေပြီလား

တိုင်းရင်းသားပါတီများ အားကောင်းသော မြို့နယ်နှင့် မဲဆန္ဒနယ်များ ရွေးကောက်ပွဲ မကျင်းပမှု UEC တရားမျှတမှုမရှိဘဲ ဘက်လိုက်နေပြီလား


By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ မြို့နယ် ၉ ခု၊ ရှမ်းပြည်နယ် မြို့နယ် ၆ ခု အပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့်မြောက်ဦးမြို့နယ် စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပကြောင်း၊ ကျောက်ဖြူမြို့နယ် ရပ်ကွက် ၂ ရပ်ကွ့်၊ ကျေးရွာအုပ်စု ၅၂ စု ၊ အမ်းမြို့နယ် ရပ်ကွက် ၃ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ် ကျေးရွာအုပ်စု ၄ ခု ၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခု နှင့် ကျေးရွာအုပ်စု ၅၂ ခုကိုလည်းကောင်း ရွေးကောက်ပွဲ မကျင်းပနိုင်ဟု UEC ထုတ်ပြန်သည်။


အလားတူ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်၊ ပန်းဆန်း(ပန်ခမ်း) မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ပိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း၊ အခြားသောမြို့နယ်တချို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်မှုသည် UEC ၏ သမာသမတ်မရှိသော လုပ်ရပ်၊ NLD ပါတီအနိုင်မရရှိနိုင်သည့်နေရာများတွင် ရွေးကောက်ပွဲ မကျင်းပခြင်းဟု နိုင်ငံရေးအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။ အဆိုပါ အမြင်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တင်ဆက်ဖော်ပြလိုက်ပါသည်။


ဓာတ်ပုံ- ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင် ကြိုတင်မဲပေးနေကြသည့် မြန်မာနိုင်ငံသားများ။ Photo Credit – MOI

UEC တရားမျှတမှုမရှိဘဲ ဘက်လိုက်နေပြီလား(ရုပ်/သံ)

တိုင်းရင်းသားပါတီများ အားကောင်းသော မြို့နယ်နှင့် မဲဆန္ဒနယ်များ ရွေးကောက်ပွဲ မကျင်းပမှု UEC တရားမျှတမှုမရှိဘဲ ဘက်လိုက်နေပြီလားBy ရန်ကုန်ခေတ်သစ်ရခိုင်ပြည်နယ်၊ မြို့နယ် ၉ ခု၊ ရှမ်းပြည်နယ် မြို့နယ် ၆ ခု အပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့်မြောက်ဦးမြို့နယ် စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပကြောင်း၊ ကျောက်ဖြူမြို့နယ် ရပ်ကွက် ၂ ရပ်ကွ့်၊ ကျေးရွာအုပ်စု ၅၂ စု ၊ အမ်းမြို့နယ် ရပ်ကွက် ၃ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ် ကျေးရွာအုပ်စု ၄ ခု ၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခု နှင့် ကျေးရွာအုပ်စု ၅၂ ခုကိုလည်းကောင်း ရွေးကောက်ပွဲ မကျင်းပနိုင်ဟု UEC ထုတ်ပြန်သည်။ အလားတူ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်၊ ပန်းဆန်း(ပန်ခမ်း) မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ပိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း၊ အခြားသောမြို့နယ်တချို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။အဆိုပါထုတ်ပြန်မှုသည် UEC ၏ သမာသမတ်မရှိသော လုပ်ရပ်၊ NLD ပါတီအနိုင်မရရှိနိုင်သည့်နေရာများတွင် ရွေးကောက်ပွဲ မကျင်းပခြင်းဟု နိုင်ငံရေးအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။ အဆိုပါ အမြင်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တင်ဆက်ဖော်ပြလိုက်ပါသည်။ဓာတ်ပုံ- ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင် ကြိုတင်မဲပေးနေကြသည့် မြန်မာနိုင်ငံသားများ။ Photo Credit – MOI

Posted by Khit Thit Media on Wednesday, 21 October 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts