Local News Peace Web TV

စစ်တွေမြို့မှ အစိုးရနှင့် စစ်တပ်အလိုမရှိ ဆိုသော ဆန္ဒပြပွဲ ဦးဆောင်သူ ကျောင်းသားများ မည်သည့်ပုဒ်မဖြင့် ထပ်မံ အမှုဖွင့်သည်ကို မသိရှိရသော်လည်း ပြန်မလွှတ်ပေးတော့ (ရုပ်/သံ)

စစ်တွေမြို့မှ အစိုးရနှင့် စစ်တပ်အလိုမရှိ ဆိုသော ဆန္ဒပြပွဲ ဦးဆောင်သူ ကျောင်းသားများ မည်သည့်ပုဒ်မဖြင့် ထပ်မံ အမှုဖွင့်သည်ကို မသိရှိရသော်လည်း ပြန်မလွှတ်ပေးတော့ (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှစတင်၍ ကျောင်းသားများက ဦးဆောင်၍ ကျောင်းသားနှင့်ပြည်သူ ရာပေါင်းများစွာက နယ်ချဲ့ စစ်တပ်နှင့် ကိုလိုနီ အစိုးရ အလိုမရှိ ဆိုသော ကြွေးကြော်သံဖြင့် ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြပွဲ ဦးဆောင်သူများကို ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုဦးသန်းနိုင်(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ကိုမြတ်စိုးဝင်း (ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်-တွဲဖက်အတွင်းရေးမှူး)၊ ကိုကျော်နိုင်ဌေး(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ) နှင့်ကိုကောင်းထွန်း(ရခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များရန်ကုန် အဖွဲ့ဝင်) တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ယခုအချိန်အထိ ပြန်မလွှတ်သေးကြောင်း၊ မည်သည့်ပုဒ်မများဖြင့် ထပ်မံ အမှုဖွင့်ထားသည်ကို မသိရှိရကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

အဆိုပါကျောင်းသားများအနက် ကျောင်းသားတချို့သည် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင်ဆန္ဒ ပြခဲ့သည့်အတွက် ပုဒ်မ ၁၉ ဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်သည်။ အောက်တိုဘာလ ၂၀ ရက်နေ့တွင် အဆိုပါကျောင်းသား ၄ ဦးကို ရုံးထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်တွေမြို့မှ အစိုးရနှင့် စစ်တပ်အလိုမရှိ ဆိုသော ဆန္ဒပြပွဲ(ရုပ်/သံ)

စစ်တွေမြို့မှ အစိုးရနှင့် စစ်တပ်အလိုမရှိ ဆိုသော ဆန္ဒပြပွဲ ဦးဆောင်သူ ကျောင်းသားများ မည်သည့်ပုဒ်မဖြင့် ထပ်မံ အမှုဖွင့်သည်ကို မသိရှိရသော်လည်း ပြန်မလွှတ်ပေးတော့ (ရုပ်/သံ)ရန်ကုန်၊ အောက်တိုဘာ ၂၀ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှစတင်၍ ကျောင်းသားများက ဦးဆောင်၍ ကျောင်းသားနှင့်ပြည်သူ ရာပေါင်းများစွာက နယ်ချဲ့ စစ်တပ်နှင့် ကိုလိုနီ အစိုးရ အလိုမရှိ ဆိုသော ကြွေးကြော်သံဖြင့် ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြပွဲ ဦးဆောင်သူများကို ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြပွဲဦးဆောင်သူ ကိုဦးသန်းနိုင်(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ကိုမြတ်စိုးဝင်း (ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်-တွဲဖက်အတွင်းရေးမှူး)၊ ကိုကျော်နိုင်ဌေး(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ) နှင့်ကိုကောင်းထွန်း(ရခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များရန်ကုန် အဖွဲ့ဝင်) တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ယခုအချိန်အထိ ပြန်မလွှတ်သေးကြောင်း၊ မည်သည့်ပုဒ်မများဖြင့် ထပ်မံ အမှုဖွင့်ထားသည်ကို မသိရှိရကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။ အဆိုပါကျောင်းသားများအနက် ကျောင်းသားတချို့သည် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင်ဆန္ဒ ပြခဲ့သည့်အတွက် ပုဒ်မ ၁၉ ဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်သည်။ အောက်တိုဘာလ ၂၀ ရက်နေ့တွင် အဆိုပါကျောင်းသား ၄ ဦးကို ရုံးထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Posted by Khit Thit Media on Monday, 19 October 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts