Election Local News Web TV

USDP နှင့် NLD ထောက်ခံသူများ အကြား ပြဿနာဖြစ်ခဲ့သည့် မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်းကျေးရွာ ခိုက်ရန်ဖြစ်ပွားမှု ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ပြီး ၆ ဦး ရဲက ဖမ်းဆီးထား(ရုပ်/သံ)

USDP နှင့် NLD ထောက်ခံသူများ အကြား ပြဿနာဖြစ်ခဲ့သည့် မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်းကျေးရွာ ခိုက်ရန်ဖြစ်ပွားမှု ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ပြီး ၆ ဦး ရဲက ဖမ်းဆီးထား(ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၂၁

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် စက်တင်ဘာလ ၂ဝရက်နေ့ မဲဆွယ် စည်းရုံးရေးလုပ်ဆောင်နေသော ကြံ့ခိုင်ရေးပါတီ (USDP) ဝန်းရံထောက်ခံသူများနှင့် NLD ပါတီထောက်ခံသူများကြား ပြဿနာဖြစ်ပွားပြီး NLD ထောက်ခံသူများက ပုဒ်မ ၅ခုဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကာ ၆ ဦးကို စခန်းတွင် ဖမ်းဆီးရမိထားကြောင်း မိတ္ထီလာမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစိုးဦးကပြောဆိုသည်။

“ အမှုဖွင့်တာက (ပ) ၃၄ဝ/ ၂ဝ၂ဝ နဲ့ဖွင့်ထားတာ တရားခံတွေကတော့ အများကြီးပဲ လောလော ဆယ် စခန်းမှာမိထားတာ ၆ယောက် လို့ပြောတယ်။ အားလုံးပေါင်းဖွင့်ထားတာက ၁၇ယောက်ရယ်နဲ့ ဝန်းရံသူ အယောက် ၃ဝဝ အရေးယူဖို့ ဖွင့်ထားတာပေါ့။ ၆ယောက်တော့ မိထားပြီလို့ပြောတယ်။ ပုဒ်မ ၄၄ဝ၊ ၃၃၇၊ ၂၉၄၊ ၅၀၆၊ ၁၁၄ အားလုံးပေါင်း မိတ္ထီလာ အမှတ် (၂) ရဲစခန်း တရားလိုက ဒေါ်ခင်မာလေး NLDပါတီ ဝန်းရံသူ” ဟု ၎င်းကပြောဆိုသည်။

ထိုတရားစွဲဆိုထားသော ပုဒ်မများမှာ ပုဒ်မ ၄၄ဝ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၃၃၇ (နာကျင်စေမှု)၊ ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ပုဒ်မ ၅ဝ၆ (ရာဇဝတ်မကင်းသော ခြောက်လှန့်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

“ ဖြစ်တာက မနေ့ကဖြစ်တာ ကျွန်တော်တို့လည်းအဲဒီက ပါတီဝင်ကပြောလို့သိတာ ညောင်ကိုင်းကျေးရွာက မိတ္ထီလာနဲ့သိပ်မဝေးဘူး။ ညောင်ကိုင်းကျေးရွာမှာ သူတို့ USDPကလည်း ညောင်ကိုင်းကျေးရွာကို တော်တော်များတယ်။ ကားတွေဆိုင်ကယ်တွေ လူဦးရေ ၁ဝဝဝ လောက်ရှိမလားတော့မသိဘူး။ အဲတာတွေ သူတို့ ရွာထဲကို ပတ်လှည့်တယ်။ ပတ်လှည့်ပြီး ပြန်အထွက်မှာ NLD ရပ်ကျေးပါတီဝင်တွေကလည်း သူတို့အိမ်မှာ အလံတွေဘာတွေထောင်ထားပြီး ပါတီအောင်နိုင်ရေး သီချင်းတွေ ဖွင့်ပြုပြီး ကခုန်နေတယ်ပြောတယ်။ အဲမှာ USDPုဘက်က လူငယ်တွေဖြစ်မှာပေါ့။ ဆိုင်ကယ်နဲ့ အလံတိုင်ကို ဝင်တိုက်တယ်။ ကျိုးသွားတယ် စကားတွေများနဲ့ ဖြစ်နေတာ ဗီဒီယိုဖိုင်တွေတော့ ရှိတယ်ဗျ။ အဲမှာပြီးတော့ ခဲတွေနဲ့ထုကျတယ်။ လမ်းခင်းထားတဲ့ ကျောက်ခဲတွေနဲ့ အိမ်တွေပေါ်ကိုထု နောက်ပြီးတော့လည်း ဓာတ်ပုံတွေတက်လာတာကတော့ အိမ်တွေမှာရှိတဲ့ လက်နှိပ်ရေဘုံပိုင်တွင်းတွေ ပိုက်တွေ ရိုက်ချိုးခဲ့တာ ထိုင်ခုံတွေရိုက်ချိုးခဲ့တာ အဲတာတွေဖြစ်ပွားခဲ့တယ်။ အဲတာကျွန်တော်သိထားတယ်” ဟု မိတ္ထီလာမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ကပြောဆိုသည်။

USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်ကလည်း ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောဆိုသည်။

“ ကျွန်တော်လည်းမသိဘူးဗျ။ ကျွန်တော်တို့ မသိသေးဘူး။ ခင်ဗျားက ဒုတိယမြောက်မေးတာ ခုနာကလည်း တစ်ယောက်မေးတယ်။ ကျွန်တော်လည်းမသိဘူးလေ။ ကွင်းဆင်းနေတော့လေ။ ကျွန်တော် သတင်းကိုမသိရသေးတာ” ဟု ၎င်းကပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း နေပြည်တော်တွင် NLD နှင့် USDP ပါတီထောက်ခံသူများအကြား ခိုက်ရန်ဖြစ်ပွားခဲ့သည်။

မိတ္ထီလာတွင် USDP နှင့် NLD ထောက်ခံသူများ အကြား ပြဿနာ(ရုပ်/သံ)

USDP နှင့် NLD ထောက်ခံသူများ အကြား ပြဿနာဖြစ်ခဲ့သည့် မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်းကျေးရွာ ခိုက်ရန်ဖြစ်ပွားမှု ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ပြီး ၆ ဦး ရဲက ဖမ်းဆီးထား(ရုပ်/သံ)ရန်ကုန်၊ စက်တင်ဘာ ၂၁မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် စက်တင်ဘာလ ၂ဝရက်နေ့ မဲဆွယ် စည်းရုံးရေးလုပ်ဆောင်နေသော ကြံ့ခိုင်ရေးပါတီ (USDP) ဝန်းရံထောက်ခံသူများနှင့် NLD ပါတီထောက်ခံသူများကြား ပြဿနာဖြစ်ပွားပြီး NLD ထောက်ခံသူများက ပုဒ်မ ၅ခုဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကာ ၆ ဦးကို စခန်းတွင် ဖမ်းဆီးရမိထားကြောင်း မိတ္ထီလာမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစိုးဦးကပြောဆိုသည်။“ အမှုဖွင့်တာက (ပ) ၃၄ဝ/ ၂ဝ၂ဝ နဲ့ဖွင့်ထားတာ တရားခံတွေကတော့ အများကြီးပဲ လောလော ဆယ် စခန်းမှာမိထားတာ ၆ယောက် လို့ပြောတယ်။ အားလုံးပေါင်းဖွင့်ထားတာက ၁၇ယောက်ရယ်နဲ့ ဝန်းရံသူ အယောက် ၃ဝဝ အရေးယူဖို့ ဖွင့်ထားတာပေါ့။ ၆ယောက်တော့ မိထားပြီလို့ပြောတယ်။ ပုဒ်မ ၄၄ဝ၊ ၃၃၇၊ ၂၉၄၊ ၅၀၆၊ ၁၁၄ အားလုံးပေါင်း မိတ္ထီလာ အမှတ် (၂) ရဲစခန်း တရားလိုက ဒေါ်ခင်မာလေး NLDပါတီ ဝန်းရံသူ” ဟု ၎င်းကပြောဆိုသည်။ ထိုတရားစွဲဆိုထားသော ပုဒ်မများမှာ ပုဒ်မ ၄၄ဝ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၃၃၇ (နာကျင်စေမှု)၊ ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ပုဒ်မ ၅ဝ၆ (ရာဇဝတ်မကင်းသော ခြောက်လှန့်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။“ ဖြစ်တာက မနေ့ကဖြစ်တာ ကျွန်တော်တို့လည်းအဲဒီက ပါတီဝင်ကပြောလို့သိတာ ညောင်ကိုင်းကျေးရွာက မိတ္ထီလာနဲ့သိပ်မဝေးဘူး။ ညောင်ကိုင်းကျေးရွာမှာ သူတို့ USDPကလည်း ညောင်ကိုင်းကျေးရွာကို တော်တော်များတယ်။ ကားတွေဆိုင်ကယ်တွေ လူဦးရေ ၁ဝဝဝ လောက်ရှိမလားတော့မသိဘူး။ အဲတာတွေ သူတို့ ရွာထဲကို ပတ်လှည့်တယ်။ ပတ်လှည့်ပြီး ပြန်အထွက်မှာ NLD ရပ်ကျေးပါတီဝင်တွေကလည်း သူတို့အိမ်မှာ အလံတွေဘာတွေထောင်ထားပြီး ပါတီအောင်နိုင်ရေး သီချင်းတွေ ဖွင့်ပြုပြီး ကခုန်နေတယ်ပြောတယ်။ အဲမှာ USDPုဘက်က လူငယ်တွေဖြစ်မှာပေါ့။ ဆိုင်ကယ်နဲ့ အလံတိုင်ကို ဝင်တိုက်တယ်။ ကျိုးသွားတယ် စကားတွေများနဲ့ ဖြစ်နေတာ ဗီဒီယိုဖိုင်တွေတော့ ရှိတယ်ဗျ။ အဲမှာပြီးတော့ ခဲတွေနဲ့ထုကျတယ်။ လမ်းခင်းထားတဲ့ ကျောက်ခဲတွေနဲ့ အိမ်တွေပေါ်ကိုထု နောက်ပြီးတော့လည်း ဓာတ်ပုံတွေတက်လာတာကတော့ အိမ်တွေမှာရှိတဲ့ လက်နှိပ်ရေဘုံပိုင်တွင်းတွေ ပိုက်တွေ ရိုက်ချိုးခဲ့တာ ထိုင်ခုံတွေရိုက်ချိုးခဲ့တာ အဲတာတွေဖြစ်ပွားခဲ့တယ်။ အဲတာကျွန်တော်သိထားတယ်” ဟု မိတ္ထီလာမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ကပြောဆိုသည်။ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်ကလည်း ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောဆိုသည်။“ ကျွန်တော်လည်းမသိဘူးဗျ။ ကျွန်တော်တို့ မသိသေးဘူး။ ခင်ဗျားက ဒုတိယမြောက်မေးတာ ခုနာကလည်း တစ်ယောက်မေးတယ်။ ကျွန်တော်လည်းမသိဘူးလေ။ ကွင်းဆင်းနေတော့လေ။ ကျွန်တော် သတင်းကိုမသိရသေးတာ” ဟု ၎င်းကပြောဆိုသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း နေပြည်တော်တွင် NLD နှင့် USDP ပါတီထောက်ခံသူများအကြား ခိုက်ရန်ဖြစ်ပွားခဲ့သည်။Video Credit- Facebook

Posted by Khit Thit Media on Monday, 21 September 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts