All News Health interview

လူနာအမှတ်စဉ် ၁၂၂၈ ပြောသော ရိုးမရိပ်သာ၊ ဒဂုံဆိပ်ကမ်း ကိုဗစ်စင်တာမှ အဆင်မပြေမှုများ

လူနာအမှတ်စဉ် ၁၂၂၈ ပြောသော ရိုးမရိပ်သာ၊ ဒဂုံဆိပ်ကမ်း ကိုဗစ်စင်တာမှ အဆင်မပြေမှုများ

By ရန်ကုန်ခေတ်သစ်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ ကိုဗစ်စင်တာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း လူနာအမှတ်စဉ် ၁၂၂၈ နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ လက်ရှိ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ရိုးမရိပ်သာ (အိမ်ရာ)ထဲမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကုသရေးနှင့် စောင့်ကြည့်ရေးစင်တာကို ဘယ်လို ရောက်လာလဲ။

ဖြေ။ ။ ကျွန်တော်တို့က Positive Center ဒီမှာထားမယ်ဆိုတော့ ကျွန်တော်တို့က ဖောင်ကြီးကနေပြီးတော့မှ ဖောင်ကြီးမှာ ကျန်းမာရေးကောင်းလို့ပေါ့။ ဒီဘက်ကို ပထမဆုံးပြောင်းရတဲ့အဖွဲ့ပေါ့။ ကျွန်တော်တို့က ဒီကိုစပြီးရောက်တာပေါ့။ Positive Center ကို ကျွန်တော်တို့အဖွဲ့တွေ စပြီးတော့ရောက်လာတယ်။

ဟိုမှာ ၇ရက်နေပြီးသွားတော့ ဒီကိုရောက်လာတယ်။ ရောက်လာပြီးသွားတော့ အဲနေ့ကတော့ ကျွန်တော်တို့ ရေတွေဘာတွေကတော့ သုံးလို့ရတယ်။ ရေတွေဘာတွေ တင်လို့ရတယ်။ သုံးလို့ရတယ်။ အဲနောက်နေ့ကစပြီးတော့ တချို့အခန်းတွေကတော့ ရတယ်။ တချို့အခန်းတွေကတော့မရတော့ဘူး။ ရေပေါ့။ သုံးရေကတော့ အခက်အခဲဖြစ်သွားတယ်။

သောက်ရေတွေ ဘာတွေကျတော့ ဒီကနေပြီး Volunteer Center ကိုလှမ်းဆက်ပြီးတော့ လှမ်းမှာ လို့ရတယ်။ သူတို့တွေက လာပို့ပေးတယ်။ ဒါပေမယ့် သူတို့လည်း လူအင်အားအရမ်းနည်းတဲ့အခါကျတော့ နည်းနည်းအချိန်တွေ ဘာတွေတော့ ကြန့်ကြာတာပေါ့လေ။

ဒါသူတို့ကို အပြစ်ပြောချင်တဲ့ သဘောမျိုးမဟုတ်ဘူး။ ကျွန်တော် Post တင်လိုက်တဲ့သဘောက အခုဆိုရင် အစားအသောက်က အရမ်းနောက်ကျတယ်ပေါ့။ ကျွန်တော်တို့ကတော့ ဘာမှမဖြစ်ဘူးလေ။ လူလတ်ပိုင်းဆိုတော့ လူငယ်ပိုင်းတွေကျတော့ ဘာမှအစားအသောက်က မစားဘဲ အောက်ခံနိုင်တယ်။ ဒီမှာရှိတဲ့ ကလေးတွေ လူကြီးတွေ Positive ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ တချို့ဆိုရင် ၄ဝကျော် ၅ဝ၊ ၆ဝ အဲလိုတွေရှိတယ်။

သူတို့တွေကျတော့ အစားအသောက် နောက်ကျလို့ အဆင်မပြေဘူးပေါ့။ အဲလိုမျိုးတွေကို အထက်က လူတွေလည်း သိအောင်ပါ။ ရေးတင်လိုက်တဲ့ သဘောပါ။ မကောင်းဘူးလို့ ပြောချင်တဲ့ သဘောမျိုး မဟုတ်ဘူး။ ပရဟိတ လုပ်ငန်းကပဲ ဖြစ်ဖြစ် အလှူရှင်တွေကပဲ ဖြစ်ဖြစ်အဲလို လှူချင်ရင် ဒီမှာအားလုံးအဆင်အောင် တင်လိုက်တဲ့ သဘောမျိုးပါ။

ပြီးတော့ ကျွန်တော်တို့ အနောက်က အဆောင်ဆိုရင် မနေ့တစ်နေ့က ရောက်လာတယ်ပေါ့နော်။ Hotel Quarantine ကနေပြီးတော့ Positive ဖြစ်ပြီးရောက်လာတာ Positive ဖြစ်ပြီး ၂ရက် ၃ရက်လောက်ပဲရှိသေးတယ်။ ရောက်လာကျတဲ့ သူတွေရှိတယ်။

တချို့ကျတော့လည်း မိသားစုတွေ တစ်ချို့ကျတော့လည်း သူငယ်ချင်းတွေစုပြီး တစ်ခန်းနေကျတယ်ပေါ့။ တစ်ခန်း ၄ယောက် နေရတာကို ဒါပေမယ့် အခုဟာက ဘယ်လိုဖြစ်လဲဆိုတော့ ထမင်းကနေ့လယ်ဆို မနက်ဆိုရင် မနက်စာကိုထားပါ ၉နာရီလောက်ဆိုတာ နောက်မကျဘူးဗျာ။ မနက်စာ စားတာပေါ့။

ဒါပေမယ့် နေ့လည်စာကျတော့ဗျာ။ ၂နာရီဆိုတာက အရမ်းနောက်ကျနေပြီလေ။ နေ့လည် ၂နာရီ ပြီးတော့ ညစာဆိုရင်လည်း တစ်ခါတလေ ၈နာရီ ၉နာရီ အဲလောက်မှ ရောက်တော့ ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ ပြီးတော့ ဒီမှာက အခုမှ စဆောက်နေလို့လားတော့မသိပါဘူး။ အခုမှစပြီးတော့ သူတို့မြန်မြန်ဆန်ဆန် လုပ်လိုက်ရလို့ပဲလားပေါ့။ ကျွန်တော်မြင်ပါတယ်။ အဲကွန်းမရှိ ပန်ကာမရှိတော့ အရမ်းအိုက်တယ်။

ကျွန်တော်တို့ဆိုရင် တစ်နေကုန် အကျီင်္ချွတ်နေရတယ်။ ယောကျာ်းလေးကတော့ ကိစ္စမရှိဘူးလေ။ မိန်းကလေးတွေကျတော့ ဘယ်လိုသွားနေမလဲ။ အဲလိုပေါ့နော်။ ဒါပေမယ့် သူတို့ မနေ့ကတော့ ကျွန်တော်တို့အရှေ့က အဆောင်မှာ We Love ရန်ကုန် ကလားမသိဘူး။ သူတို့တွေ အဲကွန်းတွေ လာတပ်သွားတယ်။ CCTV တွေလာတတ်သွားတယ်။ အဲမှာ လူနာတွေထားဖို့ စီစဉ်နေကျတယ်လို့ ကျွန်တော်ထင်တယ်။

ကျွန်တော်တို့က နောက် ၃၊ ၄ရက်နေရင် ပြန်ရတော့မှာ ကျွန်တော်တို့ကတော့ ဘာမှတွေထွေထူးထူးတော့မရှိဘူးပေါ့။ လူငယ်တွေလည်းဖြစ်တယ်။ ယောကျာ်းလေးတွေလည်းဖြစ်တယ်။ အေးအေးဆေးဆေးနေလို့ရတာပေါ့။ တချို့အခန်းတွေမှာ ကလေးလေးတွေရှိတယ်။ ကျွန်တော်တို့ အခန်းမှာဆိုရင် ၂နှစ်ခွဲအရွယ် ကလေးလေးတစ်ယောက်ရှိတယ်။ သူရယ် သူ့အဖေရယ်။ နောက်အကိုတစ်ယောက်ရယ် ကျွန်တော်ရယ် ၄ယောက်နေတာ အခုဟာက ရေမရှိဘူး။ ကျွန်တော်တို့ တစ်ထပ်မှာ ၆ခန်းရှိတယ်။ ၆ခန်းမှာ ရေက တစ်ခန်းပဲလာတာ အဲဒီ တစ်ခန်းကို အားလုံးမျှသုံးနေရတာ မိန်းကလေး ၂ခန်းရှိတယ်။

ယောကျာ်လေးအခန်း ၄ခန်းရှိတယ်။ မျှသုံးနေရတဲ့အခါကျတော့ ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ ကျွန်တော်တို့ အိမ်သာတက်ဖို့ရေတောင်မရှိဘူး။ အဲလိုဖြစ်နေတယ်။ ဒါပေမယ့် ခုနက အကိုတစ်ယောက်ကတော့ ကျွန်တော့် Post ကိုတွေ့လို့ အကိုတစ်ယောက်က ဆက်သွယ်တယ်။

သူရုံးကတာဝန်ရှိသူတွေနဲ့လည်း သူအစည်းအဝေးထိုင်ပြီးတော့ ရေမော်တာတွေ ဘာတွေလုပ်တဲ့ဆီကလားမသိဘူး။ ကျွန်တော့်ဖုန်းနံပါတ်တောင်းပြီးတော့မှ သူတို့ကုသိုလ်ဖြစ်ပေါ့။ သူတို့လာပြီး ကူညီပေးမယ်ပေါ့။ အဲလိုပြောတော့ ဒီကတာဝန်ရှိသူတွေရဲ့ချိတ်ပေးလိုက်တယ်။ မနက်ဖြန်တော့ လာလုပ်ပေးမယ်တဲ့ အဲလိုတော့ပြောတယ်။ အဲလိုအကူအညီလေးရတော့ ကျွန်တော်တို့လည်း နောက်ဒီကိုလာတတ်မယ့် လူနာတွေ စိတ်ချမ်းသာတာပေါ့ဗျာ။

မေး။ ။ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းက ကျွန်တော်တို့ ဒီတစ်ဆောင်လုံးက ကျွန်တော်တို့နေတဲ့ အဆောင်တစ်ဆောင်လုံးက ဖောင်ကြီးက ပြောင်းလာတာ ဖောင်းကြီးကပြောင်းလာတော့ ကျွန်တော်တို့က ဟိုမှာတော့ မနက်တစ်ခါ ညတစ်ခါကို အဖျားတိုင်းတယ်။ သွေးပေါင်ချိန်တယ်။ ဒါပေမယ့် ဒီရောက်တဲ့နေ့တည်းက ကျွန်တော်တို့ အဲတာတွေမလုပ်ရတော့ဘူး။ ဘာမှ မလုပ်တော့ဘူးပေါ့။

ကျွန်တော်တို့ကို ဆေးတွေဘာတွေကလည်း ဖောင်ကြီးက ပါလာတဲ့ဆေးတွေ ဗီတာမင် C တို့ ဘာတို့ အဲတာလေးပဲဆက်သောက်တယ်ပေါ့။ လက်ကျန်လေးပဲ ဆက်သောက်တယ်။ ဘာဆေးမှလည်း ဒီမှာမတိုက်တော့ဘူးပေါ့။ ကျန်တဲ့အဆောင်တွေကတော့ သူတို့ပြောင်းလာတာ ကျွန်တော်တို့က မမြင်ရဘူးလေ။ အဆောင်တစ်ဆောင်နဲ့ တစ်ဆောင်က ဟိုဘက်ဆောင်တွေကျတော့ ဘယ်လိုဆေးဝါးစောင့်ရှောက်မှုမျိုးရှိလဲ။ မရှိလည်းတော့ ကျွန်တော်လည်း သေချာမသိဘူး။

မေး။ ။ အကိုတို့ ဖောင်ကြီးကနေ ရိုးမအိမ်ယာ ကိုရောက်တာဘယ်နေ့က စရောက်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီကိုစရောက်တာ ၁၂ ရက်နေ့က စရောက်တာ

မေး။ ။ အကိုက ဘယ်လိုမျိုးရောဂါ ကူးစက်ခံရတာလဲ။

ဖြေ။ ။ ကျွန်တော်က ကင်မရာမန်း ကျွန်တော်က အလုပ်မှာ ကျွန်တော်နဲ့ ကင်မရာအတူတူရိုက်တဲ့အကိုရှိတယ်။ သူက Positive ဖြစ်သွားတော့ အဲတုန်းက ကျွန်တော်တို့က Work From Home ဖြစ်နေပြီ။ သူနဲ့ ကျွန်တော်နဲ့က နောက်ဆုံးတွေ့ခဲ့တာ ၈လပိုင်း ၂၄ရက်နေ့က နောက်ဆုံးတွေ့ခဲ့တာ ကျွန်တော်တို့ အပြင်ပွဲတစ်ပွဲမှာ ကျွန်တော်တို့ ကင်မရာရိုက်တယ်။

တွေ့ခဲ့တယ်ပေါ့။ သူက Positive ဆိုတော့ ကျွန်တော်က သူနဲ့ထိတွေ့မှု အများဆုံးရှိတာဖြစ်တဲ့အတွက်ကို ကျွန်တော်က အိမ်ကနေပြီးတော့ ဆက်သွယ်လိုက်တာပေါ့။ ရပ်ကွက်ကိုဆက်သွယ်တယ်။ ရပ်ကွက်ကို ကျွန်တော်ပြောပြတယ်ပေါ့။ ဒီလူနာနဲ့ ကျွန်တော်နဲ့က ထိတွေ့မှု အများကြီးရှိခဲ့တယ်။ ကျွန်တော့်ကို Quarantine ထားရင်ထားပေါ့လေ။

ဒါမှမဟုတ် ကျွန်တော့်ကို လာခေါ်လိုက်တာပိုကောင်းမယ်လို့ ရပ်ကွက်ထဲမှာ ကျွန်တော့်ကို ရောဂါပိုးရှိမရှိမသိတဲ့အတွက်ကို ကျွန်တော့်ကို လာခေါ်ပြီး တစ်နေရာရာမှာ ဆေးစစ်လိုက်တာကောင်းမယ်ဆိုပြီး လာခေါ်ခိုင်းလိုက်တာ အဲတော့ ကျွန်တော့်ကို မြောက်ဥက္ကလာက ထာဝရ အလင်းတန်းလားမသိဘူး။ အဲဒီ ပရဟိတအဖွဲ့ကနေပြီးတော့ ကျွန်တော့်ကို လူနာတင်ယာဉ်နဲ့ လာခေါ်ပြီး မြောက်ဥက္ကလာဆေးရုံမှာ ၃ရက်နေ့ညက ဆေးတွေဘာတွေစစ်တယ်။ ၄ရက်နေ့ မနက်ကျတော့ SWAP ယူတယ်။ ၅ရက်နေ့မှာ Positive ဖြစ်တယ်။ ၆ရက်နေ့ ဖောင်ကြီးရောက်တယ်။

မေး။ ။ အကိုက လူနာအမှတ် ဘယ်လောက်လဲ။

ဖြေ။ ။ ကျွန်တော်ကလူနာအမှတ်စဉ် ၁၂၂၈။

မေး။ ။ အကိုက မြောက်ဥက္ကလာဆေးရုံရယ်၊ ဖောင်ကြီးရယ်မှာနေထိုင်ခဲ့ရတယ်ဆိုတော့ အဲနေရာတွေနဲ့ အခု ရိုးမရိပ်သာ အခြေအနေက ဘာတွေ ကွာခြားလဲ။

ဖြေ။ ။ ကျွန်တော်က ဖောင်ကြီးမှာဆိုရင် ကျွန်တော်တို့ မနက်ဆိုရင် ၇နာရီက နောက်ဆုံးပဲ မနက်စာရောက်တယ်။ ကျွန်တော်တို့ကို မနက်အစောကြီး ၅နာရီ ခွဲ ၆နာရီလောက်တည်းက မိုက်နဲ့လှမ်းအော်တယ်။ ဟိုမှာက တစ်ယောက်တစ်ခန်းနေရတာ တစ်ယောက်တစ်ခန်းနေရတာ ယောင်္ကျားလေးဆောင်ဆိုရင် ဥပမာ ၁၄ခန်းရှိတယ်ဆိုရင် အဲအဆောင်တစ်ဆောင်လုံးကို အဲကွန်းကြီး အကြီးကြီး ၃လုံးရှိတယ်။

ဆရာမတွေကတော့ အခန်းထဲမှာပဲ မှန်လုံခန်းထဲမှာပဲနေတယ်။ ဆရာဝန်တွေ ဆရာမတွေက အပြင်မှာ ဒီလို PPE ဝတ်ထားတဲ့ Volunteer ရှိတယ်။ Volunteer တွေကအမှိုက်အိတ်တို့ အဲလို လိုအပ်တာတွေ သူတို့ကလုပ်ပေးတယ်။ အဖျားတိုင်းတာတို့ ဘာတို့က ကိုယ့်ဟာကိုတိုင်းရတာ အဖျားတိုင်းတယ် တိုင်းပြီးတော့ အမည်နဲ့ အခန်းနံပါတ်ပြောပြီးတော့မှ အဖျားတိုင်းပြီးတော့ ဆရာမတွေကို လှမ်းပြရတယ်။ အတွင်းနဲ့ အပြင်ပေါ့။

မှန်အပြင်ကနေ လှမ်းပြရတယ်။ ပြီးရင် သွေးပေါင်ချိန်တွေ တိုင်းရင်လည်း အဲလိုပဲ လှမ်းပြရတယ်။ အဲမှာကိုယ့်က ချောင်းဆိုးနေတာပဲဖြစ်ဖြစ် နှာစေးနေတာပဲဖြစ်ဖြစ် ဆေးတွေဘာတွေလိုနေရင် အဲမှာ တစ်ခါတည်းပြော သူတို့နေလည် ထမင်းစားရင် ပြန်ထည့်ပေးတယ်။ ဆေးတွေဘာတွေ ပြီးတော့ နေ့လည်စာဆိုရင်လည်း ၁၂နာရီနောက်ဆုံးပဲ အဲထက်မကျော်သွားဘူး။

တစ်ခါမှ ဟိုမှာက လူနာတွေအတွက် အခန်းထဲမှာ နေရလို့ မွန်းကျပ်လာလို့ပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားချင်လို့ပဲ ဖြစ်ဖြစ် အဆောင်ထဲမှာပေါ့။ လမ်းထွက်လျောက်လို့ရတယ်။ ဒါပေမယ့် MASK တော့တတ်ရတယ်ပေါ့။ ဟိုမှာက အရမ်းလွတ်လပ်တယ်။ အခန်းထဲမှာလည်း အဲကွန်းရှိတော့ လေလုံလုံလောက်လောက်ရတယ်လေ။ အခန်းထဲရောက်ရင် Mask ချွတ်ပြီးနေတယ်။ ဒီမှာကျတော့ အခန်းထဲမှာလည်း ပူစပ်ပူလောင်ကြီးဖြစ်နေတယ်။ ဒီမှာ မပြည့်စုံသေးတာပဲ ပြောရမလားတော့မသိပါဘူး။ ရောက်လာတုန်းကတော့ ခြင်ထောင်တွေ ခေါင်းအုံးတွေ ကုတင်တွေ အကုန်လုံးကတော့ သူတို့အကုန်စီစဉ်ပေးတယ်။ ပြည့်စုံတယ်။

ဒါပေမယ့် ဒီမှာ Ready မဖြစ်သေးတာပေါ့ဗျာ။ Ready မဖြစ်သေးဘူး။ ဝန်ထမ်းအင်အားလည်း လုံလုံလောက်လောက်မရှိဘူး။ Volunteer ဆိုရင်လည်း အလုံအလောက်မရှိဘူး။ အရမ်းနည်းတယ်။ Volunteer တွေကို ကျွန်တော်တို့ တစ်ခါတစ်လေ အားနာတယ် သူတို့ကို ခဏခဏခေါ်ရတော့လေ။ သူတို့ကို အားနာတယ်။ ဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့ စီမံခန့်ခွဲမှု အရမ်း မကောင်းဘူးဗျာ။ စီမံခန့်ခွဲမှု နည်းတယ်လို့ပြောရမယ်။

Quarantine ဝင်နေတဲ့ ကျွန်တော့်အသိတွေရှိတယ်။ သူတို့ဆိုပြောတယ်။ ထမင်းအသိုးတွေတောင်ပါတယ်တဲ့ အရင်နေ့တွေက ရိုးမရိပ်သာထဲမှာပဲ သူတို့က Negative ဆောင်မှာ ကျွန်တော်က Positive ဆောင်မှာ ဖောင်ကြီးနဲ့ ဒီနဲ့ ဘာကွာလဲဆိုတော့ ဖောင်ကြီးမှာ ကျွန်တော်တို့ ထမင်းတစ်ဗူးစားပြီးရင် ဗိုက်ကကားနေရော အရသာလည်းအရမ်းရှိတယ်။ စားရသောက်ရတာ ဒီမှာက ဒီရောက်တည်းက ထမင်းက မနပ်တာနဲ့ အရသာမရှိတာနဲ့ အရင်တုန်းက ဒီမှာ ထမင်းချက်တယ်တဲ့ ကျွန်တော်တို့ ရောက်လာပြီးနောက်ပိုင်းမှာ အပြင်ကနေ မှာကျတယ်တဲ့ အဲတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ ဟင်းက လုံးဝအရသာမရှိဘူး။ စားရတာ ငပိရည်လေးပေါ့။

အဲလိုအငံဓာတ်လေးပါတာတစ်ခုနဲ့ ကျွန်တော်တို့ ထိန်းစားရတာပေါ့။ ထမင်းစားဝင်အောင် ကွာတာကအဲလိုကွာတာပေါ့။ ဟိုမှာကျတော့ ရေဝဝလင်လင် ချိုးလို့ရတယ်။ ဖောင်ကြီးမှာက ရေချိုးခန်းဆိုရင်လည်း မိန်းကလေးက တစ်ဆောင်ရှိတယ်။ အုပ်ကန်ကြီးနဲ့ချိုးလည်းရတယ်။ အခန်းထဲမှာ ဝင်ချိုးလည်းရတယ်။ ဒီမှာကျတော့ ကိုယ့်အခန်းနဲ့ကိုယ် တစ်ခန်းမှာလေးယောက် အခန်းထဲမှာရေချိုးခန်း အိမ်သာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရေမလာတဲ့အခါကျတော့ အိမ်သာတက်ဖို့တောင် အဆင်မပြေဘူး။

မေး။ ။ Mask တွေကော အခန်းတိုင်းပေးလား။

ဖြေ။ ။ ဒီရောက်ကတည်းက ကျွန်တော်တို့ Mask မရတာ။ ဖောင်ကြီးမှာပဲ Mask ရတယ်။ ကျွန်တော် Mask ကို တစ်ဘူးဝယ်ထားလို့ ကိုယ့် Mask ကိုယ်သုံးတာ ဖောင်ကြီးမှာ Mask လိုရင် ဆရာမကိုလှမ်းပြောလိုက်ရင် Mask ရတယ်။ ဒီမှာကမရဘူး။ ဒီမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ဆေးဝါးအထောက်အပံ့မရှိသလိုဖြစ်နေတယ်။ ဆေးဝါးအထောက်အပံ့မရှိဘူး။

မေး။ ။ ရောဂါ ကင်းစင်တဲ့သူတွေကို ဘယ်လိုမျိုးပုံစံပြန်လွှတ်လဲ။

ဖြေ။ ။ ဒီမှာက ဘယ်လိုလဲဆိုတော့ ရောဂါပိုးက ၁ဝရက်ပြည့်သွားရင် အပြင်ကို ပြန်မကူးတော့ဘူးလို့ ကျန်းမာရေးဝန်ကြီးက ကြေညာထားတာ Positive လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ၁ဝရက်ပြည့်သွားရင် ကျွန်တော်တို့ ရောဂါပိုးက အပြင်ကို ပြန်မကူးတော့ဘူး။ ကျွန်တော်တို့ ခန္ဒာကိုယ်ထဲက ပိုးက အပြင်ကိုမကူးနိုင်တော့ဘူးပေါ့။ အဲအတွက်ကို ကျွန်တော်တို့ကို ၁၄ရက်စောင့်ကြည့်တယ်ပေါ့။ ၁၄ရက်ထားတယ်။

၁၄ရက်ပြည့်လို့ ကိုယ့်မှာ ရောဂါ လက္ခဏာတွေမပြဘူး။ ဖျားနာတာတွေ ဘာမှမရှိတော့ဘူးပေါ့။ ဒီဆေးဝါးအကူအညီတွေ ဘာမှမရှိဘဲ လူကောင်းတစ်ယောက်လို နေနိုင်တယ်ဆိုရင်တော့ အိမ်ပြန်လွှတ်တယ်။ တကယ်လို့ ဆေးဝါးအကူအညီတွေ ယူနေရဦးမယ်။ ရောဂါလက္ခဏာတွေ ပြနေသေးတယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီမှာ ထက်ထားတယ်။ နောက်ထပ် ၇ရက်ပေါ့။ ၂၁ရက်ပြည့်အောင် ထပ်ထားတယ်။

မေး။ ။ အဲတာဆို ပြန်လွှတ်ရင် လာမစစ်တော့ဘူးလား။

ဖြေ။ ။ လောလောဆယ်တော့ ကျွန်တော်တို့ကို စစ်ဖို့တွေ ဘာတွေတော့ ဘာမှမပြောသေးဘူး။ မစစ်ဖို့များတယ်။ အဲလိုတော့မရှိဘူး(ပိုးကင်းစင်မစင် ပြန်စစ်ဆေးတာ)။ ဘာလို့လဲဆိုတော့ ပိုးကင်းစင်ကြောင်းပြန်စစ်ဖို့ဆိုတာလည်း ကျွန်တော့်အထင်ပြောရမယ်ဆိုရင် ကာကွယ်ဆေးလည်း မပေါ်သေးဘူးဆိုတော့ ကျွန်တော်တို့က ပိုးကပျောက်ကင်းသွားမှာမျိုးကြီး မဟုတ်ဘူးထင်တယ်။

ကာကွယ်ဆေးမပေါ်သေးသလို အဲလိုပျောက်တဲ့ဆေးလည်း မပေါ်သေးတော့ အခုက ကိုယ်ခံအားကောင်းအောင်နေရင် ဘာမှမဖြစ်ဘူးပေါ့။ ကျွန်တော်တို့ ဖောင်ကြီးမှာဆိုရင် ကိုယ်ခံအားကောင်းအောင်ထားတယ်။ အစားအသောက်တွေ အချိန်မှန်ကျွေးတယ်။ အချိန်မှန်အိပ်ရတယ်။ ဒီမှာဆိုရင် ညဘက် ပူအိုက် အိပ်မပျော်တဲ့သူတွေလည်း အများကြီးပဲ အဲလိုပေါ့။ အပြင်ထွက်ရင်လည်း အရင်တုန်းက လာလာပြောတယ်။

လော်နဲ့ လာလာအော်တယ်။ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ နည်းနည်းသောင်းကျန်းထားလို့ အပြင်ကနေ ရဲတွေလာအော်တယ်။ ကျွန်တော်တို့ ဟိုတစ်ခေါက်တုန်းကတော့ ရဲနှစ်ယောက် လာအော်တာ အထဲဝင် အထဲဝင်ဆိုပြီး ခင်ဗျာတို့လည်း Mask တပ်လို့ အပြင်မှာနေရင်း Mask မတပ်ထားလို့ သူတို့ကို Mask တတ်ဖို့ ပြန်အော်လိုက်တော့ သူတို့ပြန်သွားတယ်။

ဘယ်လိုကြောင့်လဲတော့ မသိပါဘူး။ ဒီကထွက်ပြေးလို့ပဲ အဲလို လုံခြုံရေးချထားတာလား။ ဘယ်လိုလည်းတော့ မသိပါဘူး။ အဲလိုရဲတွေတော့ရှိတယ်။ အနီပတ်တွေနဲ့ပေါ့။

မေး။ ။ အကိုတို့ အဆောင်မှာ ကျန်းမာရေးစောင့်ရှောက်ဖို့ Volunteer တို့ ဆရာဝန်တို့ ဘယ်လောက်ထားလဲ။

ဖြေ။ ။ အဲလိုတော့မရှိဘူး။ ကျွန်တော်တို့က တစ်ခုခု ရေတို့ ဘာတို့လိုတယ်ဆိုရင် Volunteer Call Center ကို လှမ်းဆက်ရတယ်။ သူတို့က Volunteer အရမ်းနည်းတယ်။ အရမ်းနည်းပြီးတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ Negative ဆောင်မှာလည်း လူနာအများကြီးရှိတယ်။

Quarantine ဝင်တဲ့သူ အများကြီးရှိတယ်။ ကျွန်တော်တို့ Positive ဆောင်မှာလည်း လူအယောက် ၈ဝဝလောက်ရှိတယ်။ အဲတော့ သူတို့ မနိုင်ဘူး။ အဓိကက Volunteer အရမ်းနည်းတယ်။ အဲလိုဖြစ်နေတာ Volunteer အရမ်းနည်းပြီးတော့ ဝန်မမျှဘူးဖြစ်နေတာ ပြီးတော့ စီမံခန့်ခွဲပေးမယ့်သူ အရမ်းလိုနေတယ်လို့ ကျွန်တော်တော့မြင်တယ်။

မေး။ ။ အစိုးရ တာဝန်ရှိတဲ့သူတွေ လွှတ်တော်ကိုယ်စားလှယ်တို့ ဝန်ကြီးတို့ကော လာသေးလား။

ဖြေ။ ။ အဲလိုလည်းတော့ ကျွန်တော်လည်းမတွေ့ဘူး။ ပြီးတော့ အစိုးရနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက အားလုံးတော့ သူတို့လည်း စီစဉ်ပေးထားမှာပါ။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ဟိုမှာနေလာတာ အားလုံးအဆင်ပြေလာတာကို အဓိကက ဒီမှာရှိနေတာ ဒီမှာရှိနေတဲ့ စီမံခန့်ခွဲတဲ့သူ အဆင်မပြေတာလို့ပဲ ကျွန်တော်တော့ အဲလိုမြင်တယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ အနောက်က အဆောင်ဆိုရင်လည်း တစ်ယောက်တစ်ခန်းမဟုတ်တဲ့အတွက် အားလုံးက Positive ဆိုရင် အန္တရာယ် ရှိနေနိုင်တယ်။ အားလုံးအတွက် ဒီမှာ Mask မတပ်တာတွေ ဘာတွေ အများကြီးတွေ့ရတယ်။ မိသားစု တစ်ခန်းတည်းကျရင် အဲလိုတွေ သူတို့က Positive ဖြစ်ပြီးမှ ကျွန်တော်တို့ Positive ဖက်ကိုပို့လိုက်တယ်။

ဒါပေမယ့် အကုန်လုံးက ကျွန်တော်တို့ဆိုရင် Mask တပ်ထားတာပဲလေ ဟိုဖက်နဲ့ ဒီဖက်က နီးနီးလေးကို တိုက်တွေက ဟိုဖက်ဒီဖက် နီးနီးလေးဆိုတော့ လေထဲမှာပျံ့နိုင်တဲ့ပုံစံမျိုးပြောတာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts