Local News Peace Web TV

လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ကျောင်းသား ကိုသန်းတိုးအောင်ကို ဖမ်းသည့်မြင်ကွင်း(ရုပ်/သံ)

လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ကျောင်းသား ကိုသန်းတိုးအောင်ကို ဖမ်းသည့်မြင်ကွင်း(ရုပ်/သံ)

ရခိုင်စစ်ပွဲရပ်ရေး စတေကာကပ်သူ မိတ္ထီလာတက္ကသိုလ်ကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ဖမ်းဆီးပြီး အကျဉ်းထောင်ပို့(ရုပ်/သံ)

ရခိုင်စစ်ပွဲရပ်တန့်ရေး အတွက် စတေကာလှုပ်ရှားခဲ့သူ မိတ္ထီလာ တက္က သိုလ် ကျောင်းသား ၂ ဦးကို ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်စွမ်းပြည့်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)မှအထွေ ထွေ အတွင်းရေးမှူး ကိုသန်းတိုးအောင် နှင့် အဝေးသင် တာဝန်ခံ ကိုဆန်းလင်းကိုတို့ကို စက်တင်ဘာလ ၁၃ ရက်နေ့ ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့် ဖက်ဆစ်လူသတ် စစ်တပ် အလိုမရှိဆိုသော စတစ်ကာများ ကပ်သည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပုဒ်မ ၅၀၅ က/ခ ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အကျဥ်းထောင်သို့ ပို့ထားလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

“ကိုသန်းတိုးအောင်ကို မနက်ပိုင်း လက်ဖက်ရည်ဆိုင်မှာ ဆိုင်ထိုင်နေတုန်း လာပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ခေါ်ဆောင်သွားတဲ့ကိစ္စ က မနေ့က ကိစ္စ စခန်းကို မေးမြန်းစရာရှိလို့ လိုက်ခဲ့ပါဆိုပြီး အမှတ် ၁ မြို့မ ရဲစခန်းက အရပ်ဝတ်တွေနဲ့ လာပြီးတော့ ခေါ်သွားတာရှိတယ်ဗျ။ တစ်ချိန်တည်းမှာပဲ ကိုဆန်းလင်းကိုလည်း အမှတ် ၃ နယ်မြေရဲစခန်းက ခေါ်သွားတယ်။ ရဲစခန်းက ပြောတာကတော့ ကိုသန်းတိုးအောင်နဲ့ ကိုဆန်းလင်းကိုကို ပုဒ်မ ၅၀၅ က ၊ ခ နဲ့ အမှုဖွင့်ပြီးတော့ အကျဉ်းထောင်ကို တန်းပြီး ပို့လိုက်တယ်လို့ ပြောတယ်ခင်ဗျ။ မိတ္ထီလာအကျဉ်းထောင်ကို ပို့လိုက်ပြီလို့ ပြောပါတယ်” ဟုကိုအောင်စွမ်းပြည့်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts