All News Local News Peace

ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြသူ ကျောင်းသား ၃ ဦး ဖမ်းဆီးခံထားရ

ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြသူ ကျောင်းသား ၃ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒပြသူ ကျောင်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျောင်းသား ၃ ဦးသည် ရခိုင်ပြည်မှာ 4G အင်တာနက်ချက်ချင်းပေး၊ NO Bloody government ၊ NO Murder Army၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကျနှင့် ပြည်နယ်အစိုးရအား အယုံအကြည်မရှိဆိုသော စာသားများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြကျောင်းသားများ အဓိက တောင်းဆိုသည့် အချက် ၅ ချက်မှာ 4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No bloody Government ၊ No Murder Government၊ ပြည်နယ်အစိုးရအားအယုံကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ တို့ ဖြစ်သည်။

“ကျနော်တို့ စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရုံးရှေ့မှာပါ ဆန္ဒပြတာပါ။ ဦးဆောင်ကော်မတီ ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်၊ ကိုသန်းနိုင်ရယ်ပါ။ ဘာနဲ့ ဖမ်းတာကို မသိရသေးဘူး။ ထိန်းသိမ်းထားတဲ့ အဆင့်ပဲရှိသေးတယ်။ ဖမ်းခံရတာက ၁၁ နာရီကျော်လောက်မှာဖြစ်လိမ့်မယ်။ ကျနော်တို့က အခုမှ ပြန်ပြီး တွေ့ခွင့်ရမှ သေချာသိမယ်” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူက ဆိုသည်။

ယနေ့ ရှမ်းပြည်နယ်၊ သီပေါနှင့်လားရှိုးမြို့နယ်တို့တွင်လည်း ရခိုင်အရေးကိစ္စ စာရွက်များ လိုက်လံ ကပ်၍ တောင်းဆိုသည့် လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts